မိုးရေထဲဝယ် ကကြမယ်
အလုပ်ရှုပ်တဲ့တစ်မနက် ၊ (၈) နာရီခွဲလောက်မှာ အသက်ရှစ်ဆယ်ကျော် အဘိုးအိုတစ်ယောက် သူ့လက်မက ချုပ်ရိုးဖြည်ဖို့ ရောက်လာတယ်။
၉း၀၀ နာရီလောက်မှာ ချိန်းထားတာ တစ်ခုရှိလို့ အလျင်လိုနေကြောင်း ပြောတယ် ။
သူရဲ့ အရေးတကြီးဖြစ်နေတဲ့ အခြေအနေကိုကြည့်ပြီး ထိုင်ခုံမှာ ထိုင်ခိုင်းလိုက်တယ် ။ တစ်ယောက်ယောက်က သူ့ကို မတွေ့ခင်အထိ တစ်နာရီကျော်လောက် ကြာမှာ သိနေတယ်။
သူ နာရီတကြည့်ကြည့်ဖြစ်နေတာကိုမြင်ပြီး င့ါမှာလည်း နောက်လူနာ မရှိတော့တာမို့ သူ့အနာကို ကြည့်ပေးဖို့ ဆုံးဖြတ်လိုက်တယ်။
စစ်ဆေးကြည့်ရာမှာ အနာက ကောင်းကောင်းကျက်နေပြီ။ ဒါနဲ့ ဆရာဝန်တစ်ယောက်ကိုခေါ် ၊ ချုပ်ရိုးဖြည်ဖို့ လိုတာတွေ ယူလာခိုင်းပြီး သူ့အနာကို ပြန်စည်းပေးလိုက်တယ် ။ သူ့အနာကို ဂရုတစိုက်လုပ်ပေးရင်း ဒီလောက်လောနေရအောင် တခြားဆရာဝန်တစ်ယောက်နဲ့ ချိနးထားတာများ ရှိနေသလားလို့ မေးကြည့်တယ်။
အဘိုးအိုက မရှိပါဘူးလို့ပြောတယ်။ ဘိုးဘွားရိပ်သာကိုသွားပြီး သူ့မိန်းမနဲ့ မနက်စာ သွားစားဖို့ပဲ ရှိပါတယ်တဲ့။
သူ့မိန်းမရဲ့ ကျန်းမာရေးကို သတင်းမေးတော့ သူမ အဲဒီကိုရောက်နေတာ သိပ်မကြာသေးပါဘူးတဲ့ ။ သူမဟာ အယ်လ်ဇိုင်းမားရောဂါ ခံစားနေရသူ ဖြစ်တယ်လို့လည်း ပြောပါတယ် ။
အံ့အားသင့်သွားပြီး မေးကြည့်လိုက်တယ် ။
“အဘိုးဘယ်သူလဲဆိုတာ အဘွားက မသိတာတောင်မှ ဘာလို့ အဘိုးက မနက်ခင်းတိုင်းသွားနေတာလဲဟင်”
“သူမကတော့ ငါဘယ်သူလဲဆိုတာ မသိတော့ဘူးပေါ။ ဒါပေမယ့် သူမ ဘယ်သူဆိုတာ ငါက သိနေသေးတာကိုး”
သူပြန်သွားချိန်မှာ မျက်ရည်ထိန်းထားရပါတယ်။
လက်မောင်းမှာ ကြက်သီးမွေးညင်းထရင်း တွေးလိုက်မိပါတယ်။ “ဒါဟာ င့ါဘ၀မှာ လိုချင်နေတဲ့ ချစ်မေတ္တာအမျိုးအစားပဲ”
အချစ်စစ် အချစ်မှန်ဆိုတာ ကိုယ်ခန္ဓာမဟုတ်သလို ချစ်ရေး ချစ်ရာလည်း မဟုတ်ဘူး။ ဖြစ်ခဲ့တာ ၊ ဖြစ်လာမှာ ၊ မဖြစ်လာမှာ အားလုံးကို သည်းခံခွင့်ပြုတာဖြစ်ပါတယ် ။
အပျော်ဆုံးလူဆိုတာ အရာရာ အကောင်းဆုံးတွေ ရှိနေဖို့ မလိုအပ်ပါဘူး ။ သူတို့ဆီမှာ ရှိနေတာတွေကို အကောင်းဆုံးဖြစ်အောင် လုပ်နေသူတွေသာ ဖြစ်ပါတယ် ။
ဘ၀ဆိုတာ မုန်တိုင်းကို ဘယ်လိုလွန်မြောက်ရမယ်ဆိုတာ မဟုတ်ပါဘူး ။ မိုးရေထဲမှာ ဘယ်လို ကခုန်ရမယ် ဆိုတာပဲ ဖြစ်ပါတယ်။
Light မဂ္ဂဇင်းထဲက မျိုးကိုကို ရဲ့ရသစာကို ပြန်လည်မျှဝေခြင်း ဖြစ်ပါသည်…. စာရိုက်ပေးတဲ့ မိုးထက်အိမ်ကို ကျေးဇူးအများကြီးတင်ပါတယ်။
ကျွန်တော်မှာ ကံတရားကမျက်နှာသာပေးခဲ့ရင်တော့ ဒီလိုချစ်ခြင်းမျိုးကိုမျှော်လင့်နေမိပါတယ်။
(ချစ်ခြင်း..မချစ်ခြင်းကို ပိုင်ဆိုင်ခြင်း..မပိုင်ဆိုင်ခြင်းနဲ့ တိုင်းတာလို့မရပါဘူး…. ရင်ထဲမှာမြတ်နိုးစွာ.. ထာဝရရှိနေခြင်းက. အဓိကပါ……..)
တစ်နေ့မှာ ပျော်ရွှင်ခြင်းက ဘယ်မှာလဲလို့ နင်မေးလာခဲ့ရင် ပျော်ရွှင်ခြင်းက လေထဲမှာလို့ နင့်ကိုငါ တိုးတိုးလေးပြောပြမယ်။
နင်ရှုရှိုက်လိုက်တဲ့ လေတိုင်းမှာ နင့်ကိုငါပေးမယ့် ပျော်ရွှင်ခြင်းတွေ ပါဝင်နေခဲ့တယ်။
Advertisements
လျှို့ဝှက်ချက်
“ဟေ့၊ ကောင်ရေး ရာဦး။”
ကောင်မလေးကလှမ်းခေါ်တယ်။ ကောင်လေးလှည့်ကြည့်တယ်။ ကောင်မလေးကိုမြင်တော့မျက်နှာနီ
သွားတယ်။ ဒါပေမယ့်ကောင်မလေးနောက်ကတီးတိုးတီးတိုးလုပ်နေတဲ့ကောင်မလေးရဲ့သူငယ်ချင်းတွေကိုမြင်တော့တွန့်သွားလေတယ်။ မလှုပ်မယှက်နဲ့နေရာမှာပဲကျောက်ရုပ်လိုရပ်နေမိတယ်။
“ကောင်ရေးရဲ့၊ ငါထော်နေတယ်ရေ။ ရာပါဦးဆို။”
ကောင်မလေးကစိတ်မရှည်တော့ပဲဗြုန်
းဆိုကောင်လေးအနားရောက်လာတယ်။ ကောင်လေးရဲ့လက်ကိုဆွဲခေါ်သွားတော့ကောင်လေးခမျာဆုတ်ကန်ဆုတ်ကန်နဲ့ပါသွားရှာလေတယ်။
“နင်ဘာဖစ်နေတာရဲဟ။ ဘာရို့အဲဒီလောက်တောင်ကြောက်ေ
နရတာလဲ။” ကောင်မလေးကမေးတယ်။
ကောင်လေးမဖြေပါ။ လက်နှစ်ဖက်ကိုတင်းတင်းဆုပ်ပြီးေ
မြကြီးကိုသာငုံ့ကြည့်နေတယ်။ ကောင်မလေးကတစ်ချက်ရယ်လိုက်ပြီး
“ဘာရဲဟ။ နာ့ရုပ်ကကြောက်ဖို့ကောင်းလို့လာ
း။” ကောင်လေးကကောင်မလေးကိုစိုက်ကြည့်ပြီးနှုတ်ခမ်းကိုတင်းတင်းကိုက်ကာခေါင်းခါတယ်။
“ဒါနဲ့များ…နာနင်နဲ့သူငယ်ချင်
းရုပ်ချင်ရို့၊ ရတယ်မရား။” ကောင်မလေးကရွှင်ရွှင်ပျပျနဲ့မေးတယ်။
ကောင်လေးဆတ်ခနဲတုန်လှုပ်သွားတယ်။ ပြူးကျယ်ဝိုင်းစက်တဲ့မျက်လုံးေ
တွနဲ့ကောင်မလေးကိုစိုက်ကြည့်ပြီးဘာသံမှတော့ထွက်မလာဘူး။
“နင်..နင်ရက်မခံဘူးရားဟင်။ နာနဲ့သူငယ်ချင်းမလုပ်ချင်ဘူးရား
။” ကောင်မလေးမျက်နှာကတဖြည်းဖြည်းမဲ့လာတယ်။
“ပြောရေ၊ကောင်ရေးရဲ့….ဟင်” ကောင်လေးရဲ့လက်ကိုဆွဲလှုပ်ပြီးေ
မးပေမယ့်ကောင်လေးဘက်ကတုံ့ပြန်မှုမလာဘူး။ ကောင်မလေးရဲ့သူငယ်ချင်းတစ်ယောက်ကမနေနိုင်တော့ဘဲ
“လာပါ ကောင်မလေးရယ်။ နင့်ဘက်ကဒီလောက်တောင်ပြောနေတာကိ
ုသူကဂရုမစိုက်ပုံထောက်တော့အ-နေလို့လားမှမသိတာ။”
ကောင်လေးရဲ့မျက်လုံးထဲမှာအရောင်
တစ်မျိုးဖြတ်သွားတာကိုကောင်မလေးသတိထားလိုက်မိတယ်။ ကောင်လေးရဲ့စူးရှတဲ့မျက်လုံးတွေကကောင်မလေးသူငယ်ချင်းဆီရောက်သွားတယ်။ ပြီးတော့ဘာမှမပြောဘဲလှည့်ထွက်သွားလေတော့တယ်။ ကောင်မလေးတောင်တားချိန်မရလိုက်ဘူး။ ကောင်မလေးကတစ်ချက်စဉ်းစားလိုက်ပြီး
“နင်တို့နဲ့နာဒီနေ့မဆော့တော့ဘူး
။နင်တို့ပြန်တော့။”
ကောင်မလေးရဲ့သူငယ်ချင်းတွေကျေ
နပ်ပုံမပေါ်ပေမယ့်ကောင်မလေးကိုဘယ်သူမှမလွန်ဆန်ရဲကြဘူး။ အသီးသီးပြန်သွားကြတယ်။ အဲဒီနောက်တော့ “ကောင်ရေးရေ၊ကောင်ရေးရေ နာထော်နေတာကြားရား။ ကြားရင်ပြန်ထူးပါ။ ကောင်ရေးရေ…”
ကောင်မလေးကရွာကိုပတ်ပြီးလိုက်ရှ
ာတယ်။ နောက်ဆုံးတော့ပင်လယ်ဘေးနားသဲသောင်ပြင်ပေါ်မှာငုတ်တုတ်ထိုင်နေတဲ့ကောင်လေးကိုတွေ့သွားလေတယ်။ ၀မ်းသာအားရနဲ့ပြေးသွားပြီး
“ဟိတ်..”
ကောင်လေးလန့်သွားတယ်။ ဒါပေမယ့်သူ့ကိုခေါ်တဲ့သူကကောင်မေ
လးမှန်းသိသွားတော့ထပြီထွက်သွားဖို့ပြင်တယ်။ ကောင်မလေးကကောင်လေးရဲ့အကျီကိုမလွှတ်တမ်းဆွဲထားလေတယ်။ “နင်ဘာမှအားငယ်စရာမလိုဘူး၊ကောင်ရေးရဲ့၊နင်ဘာရို့နာနဲ့စကားမပြာတာရဲဆိုတာနာသိတယ်။”
ကောင်လေးကကောင်မလေးကိုအံ့သြကြည်
့နဲ့ကြည့်တယ်။
ကောင်မလေးဆက်ပြောတယ်။ “ဘာရို့ရဲဆိုတော့နင်ကစကားမပြော
တတ်ရို့ပေါ့။ဟုတ်တယ်မရား။”
ကောင်လေးကခေါင်းငုံ့နေတယ်။ “ဘာပဲဖြစ်ဖြစ်နာနင်နဲ့ခင်ချင်
တယ်။နင်နဲ့သူငယ်ချင်းရုပ်ချင်တယ်။ငါနင့်ကိုအထင်လည်းမသေးဘူး။တစ်ခြားဘယ်သူမှနင်နဲ့မပေါင်းတောင်နာနင်နဲ့ပေါင်းမယ်။ ကဲ..နာ့ကိုသူငယ်ချင်းအဖြစ်ရက်ခံမယ်မဟုတ်ရား။”
ကောင်လေးမျက်နှာပြုံးလာတယ်။ ကောင်မလေးကိုကြည့်ပြီးဝမ်းသာအား
ရနဲ့ခေါင်းညိမ့်လိုက်တယ်။
“ဟေး….ကဲ..နာတို့အခုသွားဆော့
ရအောင်…..”
ရုတ်ခနဲပြေးထွက်သွားတဲ့ကောင်မေ
လးနောက်ကိုကောင်လေးအပြေးကလေးလိုက်သွားမိလေတယ်။
အပိုင်း(၂)။ ။
“ကောင်လေးရေ၊လာဦး” ကောင်မလေးကလှမ်းခေါ်တယ်။ ကောင်လေးကခပ်ပြုံးပြုံးလုပ်ပြီးခေါင်းခါတယ်။
“ဟာ၊လာပါဦးဆို။” ကျစ်ဆံမြီးတင်းတင်းကျစ်ထားတဲ့ေ
ကာင်မလေးကနှုတ်ခမ်းစူနေတယ်။
“နင့်ကိုပန်းသီးကျွေးမလို့။နင်
မစားရင်နေ..ငါပဲစားပစ်လိုက်တော့မယ်။”
ကောင်မလေးကနောက်လှည့်ပြီးဒန်းမှ
ာသွားထိုင်တယ်။ ပန်းသီးကိုကောင်လေးမြင်အောင်ပြပြီးကိုက်စားမလို့ဟန်ပြင်လိုက်တယ်။ “အမယ်လေး…ဟယ်..လန့်လိုက်တာ..ဒါမျိုးကျတော့မြန်တယ်။”
ကောင်လေးကကောင်မလေးအနားဗြုန်းစာ
းကြီးရောက်လာတယ်။ ကောင်မလေးကရယ်ပြီးကောင်လေးကိုပန်းသီးလှမ်းပေးလိုက်တယ်။ ဒါပေမယ့်ကောင်လေးကခေါင်းခါတယ်။ ကောင်မလေးဘက်ပြန်ပေးတယ်။
“ဟင်၊နင်ကဒါစားချင်လို့လာတာမဟု
တ်ဘူးလား။”
ကောင်လေးမျက်နှာတည်သွားတယ်။ လက်ကအမူအရာနဲ့လုပ်ပြတယ်။
(နင်ကငါဒါစားချင်နေတယ်ထင်လို့လာ
း။)
“ဟာ…နင်ကလည်း..”
ကောင်လေးကကောင်မလေးအနားကထသွား
တယ်။
“ဟ၊ကောင်လေးရ၊စိတ်မကောက်ပါနဲ့ဟာ
။ငါကနင့်ကိုစတာပါ။မေမေပေးထားတာငါတောင်မစားရက်လို့နင့်ကိုလာကျွေးတာပါ။နင်စိတ်ညစ်ရင်ငါလည်းမပျော်ဘူးဆိုတာသိသားနဲ့ဟာ..”
ကောင်လေးကသူ့ဆံပင်တွေကိုတစ်ချက်
ထိုးဖွလိုက်ပြီးကောင်မလေးကိုလှည့်ကြည့်တယ်။
(နင်တကယ်ပြောတာလား။)
“ဟ..တကယ်ပြောတာ။လာ..ဒီနားလာထို
င်..”
ကောင်လေးလာထိုင်တယ်။ ကောင်မလေးကပန်းသီးကိုပေးတယ်။ ကောင်လေးမယူပြန်ဘူး။
“ဒီတစ်ခေါက်ဘာဖြစ်ပြန်တာလဲ…ေ
ကာင်လေးရ။ ယူပါ။”
(နင်ပဲစားပါ။)
“ဟင့်အင်း…နင့်ကိုစားစေချင်လိ
ု့ပါ။”
(နင်စားပါ။ နင်စားတာငါထိုင်ကြည့်ချင်လို့)
“ဟာ…ငါလည်းနင်စားတာထိုင်ကြည့်
မလို့”
သူတို့တစ်ယောက်ကိုတစ်ယောက်ကြည့်
ပြီးရယ်ကြတယ်။
“ဟားဟား…ဒါဆိုအတူတူစားရအောင်။
(ဒါဆိုအတူတူစားရအောင်။)
မထင်မှတ်ဘဲကောင်မလေးရဲ့စကားသံနဲ
့ကောင်လေးရဲ့လက်အမူအရာကထပ်သွားတယ်။ သူတို့ရယ်ကြပြန်တယ်။
“နင်သိလား၊ကောင်လေးရ။ နင်ကငါ့စိတ်ကိုနားအလည်ဆုံးပဲ။”
(နင်ရောပဲ၊ ကောင်မလေးရေ။)
ကောင်မလေးကအားရပါးရပြုံးလိုက်ြ
ပီး “ငါတို့တသက်လုံးအတူတူနေသွားကြမယ်လေ။ တသက်လုံးမခွဲကြေးနော်။”
ကောင်လေးရဲ့ရင်ခုန်သံတွေမြန်လာ
တယ်။မျက်နှာမှာရွှင်ပျတဲ့ပုံပေါ်လာပေမယ့်ချက်ချင်းပဲပြန်ညှိုးကျသွားတယ်။
ခေါင်းကိုတစ်ဖက်လှည့်ပြီးဖြစ်နိ
ုင်ပါ့မလား၊ကောင်မလေးရယ်လို့တွေးနေမိတယ်။
ကောင်မလေးကကောင်လေးပုခုံးကိုတို
က်လိုက်ပြီး “ဘာလဲ…ဖြစ်နိုင်ပါ့မလားလို့တွေးနေတယ်မဟုတ်လား”
ကောင်လေးမျက်နှာမထားတတ်အောင်ြ
ဖစ်သွားတယ်။ကောင်မလေးကဆက်ပြောတယ်။
“ဟော..ဟော..နင်ဘယ်လိုလုပ်သိတာလဲ
လို့တွေးနေပြန်ပြီ။” ကောင်လေးခမျာဘာလုပ်ရမှန်းတောင်မသိတော့ဘူး။ ကောင်မလေးကတသိမ့်သိမ်ရယ်တယ်။
“ဟားဟား….နင့်မျက်လုံးတွေကြို
ကည့်လိုက်တာနဲ့ငါသိပါတယ်ဟာ။ ကဲ…ငါသက်သေပြမယ်လေ။”
(ဘယ်လိုပြမှာလဲ။)
“အင်း…ဒါတော့………” ကောင်မလေးကမျက်မှောင်ကြုတ်ပြီးေ
တွးနေလေတယ်။ “ဘယ်လိုပြရမလဲဆိုတော့…..အင်း...”
(ထားလိုက်ပါဟာ။ ဒါနဲ့နောက်တစ်ပတ်ငါ့မွေးနေ့နော်
။ နင်မှတ်မိရဲ့လား။) ကောင်လေးကစကားလမ်းကြောင်းလွှဲလိုက်တယ်။
“ဟာ….မှတ်မိတာပေါ့။ ငါကဘာလို့မေ့ရမှာလဲ။ ကဲ….ပြော….ဘာလိုချင်လဲ။”
ကောင်လေးကပြုံးပြီခေါင်းခါတယ်။
“ပြောပါဟ။ နင်လိုချင်တာငါပေးပါ့မယ်။ ၁၅နှစ်ပြည့်ဆိုတော့…….”
(နင်နဲ့ငါနဲ့ခင်တာရှစ်နှစ်တောင်
ရှိတော့မယ်နော်။)
“အေးလေ။ဘာဖြစ်လို့လဲ….” ကောင်မလေးကစိတ်ရှုပ်သွားဟန်နဲ့ေ
မးတယ်။ ကောင်လေးခေါင်းခါပြန်တယ်။ နောက်တော့
(တကယ်ဆိုရင်ငါလိုချင်တာတစ်ခုရှိ
တယ်။)
“ဟာ…ပြောလေဟာ..နင်ကလည်းအစြော
ကီးကတည်းကမပြောဘူး။”
(ခုနကမှလိုချင်သွားတာ။)
“ပြော…ဘာလဲ။ ပစ္စည်းလား။ စာအုပ်လား။ ငါဝယ်ပေးမှာပေါ့။”
ကောင်လေးကသက်ပြင်းတစ်ချက်ချပြီး
(ငါလိုချင်တာနင်ဝယ်ပေးလို့မရဘူး
။)
“ဟင်….”
(ဒါပေမယ့်နင်ပဲဖြည့်ဆည်းပေးနို
င်တယ်။)
ကောင်လေးကကောင်မလေးကိုစေ့စြေ့
ကည့်ပြီး
(အဲဒါက ငါ့မွေးနေ့တစ်နေ့လုံးနင်ငါနဲ့
အတူရှိနေပါ့မယ်ဆိုတဲ့ကတိပဲ။)
ကောင်မလေးအံ့သြသွားတယ်။ တစ်ချက်ပြုံးလိုက်ပြီး
“ဒါများ ကောင်လေးရယ်။ ငါရှိမှာပေါ့။ ငါရှိရမှာပေါ့။”
(ကတိပေးမလား။)
“အေး..ပေးတယ်။ လုံးဝပေးတယ်။”
ကောင်လေးပျော်သွားလေတယ်။
“ကဲ…..ကဲ….မှောင်ပြီ။ ငါပြန်ရတော့မယ်။”
(အေးပါ။…)
“တာ့တာ့၊ ကောင်လေးရေ။”
ကောင်လေးလည်းလက်ပြန်ပြလိုက်တယ်။
အပိုင်း(၃)။ ။
ကောင်လေးမွေနေ့မတိုင်မီညတွင်…
ကောင်မလေးကတိတ်တဆိတ်မျက်ရည်ကျနေတယ်။ ကောင်လေးကအံကိုတင်းတင်းကြိတ်ထားတယ်။ မချင့်မရဲဖြစ်နေတဲ့ပုံစံနဲ့..
“ငါ…ငါလည်းမရည်ရွယ်ပါဘူးဟာ..ေ
မမေတို့ကစီစဉ်ပြီးမှပြော..ပြောတာပါ။”
ကောင်လေးကကောင်မလေးရှေ့မှာရပ်ြ
ပီး
(အဲဒါလားဟင်…နင်ငါ့ကိုပေးမယ့်
မွေနေ့လက်ဆောင်ကအဲဒါလား။ နင်တော်တယ်..ကောင်မလေးရာ။ သိပ်တော်တာပဲ။ ငါ့ကိုတသက်လုံးမမေ့စေတဲ့လက်ဆောင်ပေါ့နော်။)
ကောင်လေးကအမူအရာနဲ့သာလုပ်ပြေ
ပမယ့်ကောင်မလေးကတော့သူ့ဘေးနားကတကယ်အသံထွက်ပြောသလိုခံစားနေရတယ်။ ခေါင်းကိုတွင်တွင်ခါပြီး
“မဟုတ်ဘူး..ကောင်လေးရဲ့..မဟုတ်
ပါဘူးဟာ..ငါလေ..ငါ…”
(ဘာမဟုတ်တာလဲ…ဘာမဟုတ်တာလဲ။ ဘယ်မှာလဲနင်ငါ့ကိုပေးခဲ့တဲ့ကတိ။ နင်ဘယ်လိုနည်းနဲ့များတည်ဖို့စိ
တ်ကူးသလဲဟင်။ အခုတော့သွားပြီ..အကုန်ရေစုန်မျောကုန်ပြီ။ ပြီးတော့ ဘာတဲ့..တသက်လုံးမခွဲဘဲအတူတူနေမယ်ဆို…သက်သေလည်းပြမယ်ဆို..နင်….နင်….လုပ်ရက်တယ်ဟာ….)
ကောင်လေးကမျက်လုံးကိုစုံမှိတ်လိ
ုက်တယ်။ အတားအဆီးမဲ့စွာမျက်ရည်တွေကျနေတယ်။ ကောင်မလေးကကောင်လေးကိုမရဲတရဲမော့ကြည့်ပြီးရှိုက်သံနဲ့
“ဒါပေမယ့် ငါတို့တသက်လုံးမတွေ့တော့တာမှာ
မဟုတ်တာ။ ငါပြန်လာမှာပေါ့ ငါမြို့မှာပညာသင်ပြီးရင်ပြန်လာမှာပေါ့။ အဲဒီတော့မှငါတို့အတူတူနေလို့ရတယ်လေ။”
ကောင်လေးဘာမှမပြောတော့ပါဘူး။ ဒါပေမယ့်ဘယ်လိုခံစားနေရမလဲဆိုတာ
ကောင်မလေးနားလည်နေတယ်။ ကောင်မလေးဆက်ပြောတယ်။
“နင်ကငါမငြင်းဘူးလို့များထင်ေ
နတာလား ကောင်လေးရယ်။ ငါဘယ်နေပါ့မလဲ။ ငြင်းတာပေါ့။ အမျိုးမျိုးကိုပတ်ငြင်းတာပေါ့။ ဒါပေမယ့်မေမေကပြောတယ်..သမီးရယ်တဲ့..အဖေအမေတို့ပျော်နေတာသမီးမမြင်ချင်ဘူးလားတဲ့..သမီးကောင်းစားဖို့ပါတဲ့။ ကောင်လေးရယ်..ငါဘယ်လိုလုပ်ငြင်းရတော့မှာလဲ။ ဘယ်လိုလုပ်ငြင်းရတော့မှာလဲ။ ပြောပါဦး.. ကောင်လေးရဲ့”
ကောင်လေးကခေါင်းပဲခါနေတယ်။ ကောင်မလေးက
“ငါနင့်ကိုပေးခဲ့တဲ့ကတိတွေမတည်
ဘူးလို့နင်ပြောသင့်ပါတယ်။ ငါတကယ်လည်းမတည်ပါဘူး။ မနက်ဖြန်သွားရမှာဆိုတော့ငါကနင့်မွေးနေ့မှာဘယ်လိုလုပ်အတူတူရှိနေနိုင်ပါတော့မလဲ။ ကံတရားကအပြောင်းအလဲမြန်လိုက်တာဟာ..။ နင်ငါ့ကိုအပြစ်တင်ပါဟာ…တင်လိုက်စမ်းပါ။”
ကောင်လေးကခေါင်းခါပြန်တယ်။ တစ်ခုပဲလုပ်ပြတယ်။ လောကကြီးမတရားဘူးတဲ့။ သူ့ကိုဘာလို့ဒီလိုဒဏ်ခတ်ရတာလဲတဲ
့။ ကောင်မလေးရင်တွေနာကျင်နေတယ်။
“ဒါပေမယ့်….ဒါပေမယ့်….” ကောင်မလေးကခေါင်းမော့လိုက်ပြီးေ
ကာင်လေးကိုစေ့စေ့ကြည့်ကာ
“ငါနင့်ကိုကတိတစ်ခုထပ်ပေးမယ်။ ငါပြန်လာပြီးနင့်ကိုလာရှာမယ်။ ငါမတွေ့မချင်းရှာမယ်။ အဲဒါငါ့ကတိပဲ။ ဒီကတိကငါ့နှလုံးသားထဲကနေလှိုက်လိ
ှုက်လှဲလှဲပေးတဲ့ကတိပါ။ အဲဒီ့ကတိကိုငါတသက်လုံးမဖျက်ဘူး။ တည်အောင်ငါလုပ်မှာ။ ကောင်လေးရယ်…နင်နဲ့ငါနဲ့ပြန်တွေမှာပါ။ ငါသိနေပါတယ်။”
(မပေးပါနဲ့ကောင်မလေးရယ်.. ဒီလိုကတိရဖို့ငါမတန်ပါဘူး။ ငါနဲ့နင်နဲ့ကအဆင့်အတန်းလည်းအရမ်
းကွာတယ်လေ။ နင်နဲ့ဒီလောက်အထိခင်ခွင့်ရတာပဲငါကနင့်ကိုကျေးဇူးတင်ရမှာပါ။)
“နင်ဒီလိုမပြောနဲ့ကောင်လေး.. အဆင့်အတန်းဆိုတာနင်နဲ့ငါနဲ့ကြား
မှာမရှိဘူး။ ငါ့ကိုယ်ငါသူဌေးသမီးဆိုပြီး၊ နင့်ကျတော့ဖတဆိုးသားဆိုပြီး၊ စကားမပြောတတ် အ-နေတယ်ဆိုပြီးငါနင့်ကိုဘယ်တော့မှအထင်မသေးခဲ့ပါဘူး။”
(ဒါတွေငါသိပါတယ်၊ ကောင်မလေးရယ်။)
“ဒါနဲ့များဟာ…ပြီးတော့နင်ငါ့
ကိုမပုန်းရဘူးနော်။ ဘာပဲဖြစ်ဖြစ်ငါကတော့မတွေ့တွေ့အောင်လိုက်ရှာမှာပဲ။ ငါ့ရဲ့ကတိကိုငါတည်အောင်ကြိုးစားမှာပဲ။”
အဲဒါကောင်မလေးကကောင်လေးကိုနောက်
ဆုံးပြောခဲ့တဲ့စကားပါပဲ။
နောက်နေ့ကောင်လေး၏မွေးနေ့ဝယ်…
ကောင်မလေးကနောက်ကိုလှည့်ကြည့်လှည့်ကြည့်နဲ့ ကောင်လေးလာမလားလို့နောက်ဆုံးအချိန်အထိစောင့်နေခဲ့တယ်။
ဒါပေမယ့်ကောင်လေးမလာပါဘူး။
“ငါ့ကိုနာကြည်းသွားပြီ” ဆိုပြီး ကောင်မလေးကြေကွဲစွာတွေးနေမိတယ်။
နောက်ဆုံးတော့ကောင်မလေးလည်းကျလု
ဆဲဆဲမျက်ရည်ကိုသိမ်းပြီး မြို့ကိုပါသွားရှာလေတယ်။
ဒါပေမယ့် ကောင်မလေးကိုကောင်လေးကတစ်နေရာကေ
နချောင်းကြည့်နေတယ်ဆိုတာကိုတော့……….
“သွားတော့..ကောင်မလေးရယ်။ သွားတော့… နင်နဲ့ပြန်ဆုံဖို့လည်းငါမမျှော်
လင့်ပါဘူး။ ကံကောင်းပါစေ….”
အပိုင်း(၅)။ ။
ဒီလိုနဲ့ပဲ ကောင်လေးနဲ့ကောင်မလေးတို့အဆက်အသွယ်ပြတ်သွားကြတယ်။ နှစ်ယောက်စလုံးရဲ့ရင်ထဲမှာတော့အသီးသီးသတိရနေဆဲပဲ။
လေးနှစ်လောက်ကြာတော့ ကောင်မလေးမိသားစုစီးပွားရေးအြ
ကပ်အတည်းနဲ့ကြုံရတယ်။ ကောင်မလေးကိုကျောင်းဆက်မထားနိုင်တဲ့အထိဖြစ်သွားတယ်။
ဒါပေမယ့် မထင်မှတ်ဘဲကောင်မလေးဆီကိုအမည်မေ
ဖ်ာလိုသူတစ်ယောက်ကလစဉ်လတိုင်းထောက်ပံ့ကြေးတွေပို့ပေးနေခဲ့တယ်။ ကောင်မလေးအဆင်ပြေပြေနဲ့ကျောင်းဆက်တက်ခွင့်ရခဲ့တယ်။ ဘယ်သူလဲဆိုတာတော့ကောင်မလေးဘယ်လိုမှစုံစမ်းလို့မရခဲ့ဘူး။
ခြောက်နှစ်တိတိကြာသွားပြန်တယ်။ ကောင်မလေးလည်းပညာသင်ပြီးလို့ရွာ
ကိုပြန်လာပြီ။ ဒါပေမယ့်အရင်တုန်းကလို ကျစ်ဆံမြီးနဲ့ကောင်မလေးမဟုတ်တော့ဘူး။ သွယ်သွယ်လျလျနဲ့မိန်းမပျိုလေးတစ်ယောက်ဖြစ်နေပြီ။ အရင်တုန်းကထက်တောင်ပိုလှလာသေးတယ်။
ရောက်ရောက်ချင်းကောင်လေးကိုသွား
ရှာတယ်။ ဒါပေမယ့်သတင်းကြားရတာကတော့ ကောင်လေးရယ် သူ့အမေဆုံးပြီးကတည်းကရွာကထွက်သွားတယ်ဆိုပဲ။ အခုထိသတင်းမကြားရဘဲစုန်းစုန်းမြှုပ်ပျောက်ကွယ်သွားတယ်တဲ့။ ကောင်မလေးခမျာရင်ဝကိုခြေနဲ့ဆောင့်ကန်လိုက်သလိုပဲ။ အကုန်လုံးကလည်းဘယ်ကိုသွားမှန်းလည်းမသိ၊ ဘာဖြစ်နေမှန်လည်းမသိတဲ့ကောင်လေးကိုဆက်မရှာဖို့ဖျောင်းဖျကြတယ်။ ဒါပေမယ့်ကောင်မလေးကလက်မလျှော့ဘူး။ သူပေးထားတဲ့ကတိကိုလိုက်နာမယ်။ ကောင်လေးကိုဆက်ရှာမယ်ဆိုတာချည်းပဲ။
အရင်တုန်းကကောင်လေးနဲ့ဆော့ဘူးတဲ
့ပင်လယ်ကမ်းခြေတစ်လျှောက်မှာဦးတည်ချက်မရှိလျှောက်သွားနေသူကကောင်မလေးရယ်။ သဲသောင်ပြင်ကြီးမှာ “ကောင်လေး” ဆိုပြီးအကြီးကြီးရေးထားပြီးတိတ်တဆိတ်ငိုရှိုက်နေတာကကောင်မလေးရယ်။ ပင်လယ်ပြင်ကလေအေးအေးလေးတွေ ကောင်မလေးကိုဖြတ်တိုက်သွားပေမယ့် ကောင်မလေးအဖို့မှာတော့နှလုံးသားကိုဓားနဲ့တစ်ချက်ချင်းမွှန်းနေသလိုခံစားနေရလေတယ်။ နာကျင်နေတဲ့အသည်နှလုံးနေရာကိုလက်နဲ့ဖိရင်း……
“ကောင်လေးရေ……………….
……….”
အသံကအရပ်ရှစ်မျက်နှာဆီကိုပျံ့နှ
ံ့သွားတယ်။ အဲဒီနောက်တော့ကောင်မလေးမျက်လုံးတွေေ၀၀ါးလာတယ်။ ဘာမှမမြင်ရတော့ဘူး။ ရင်ထဲကစူးစူးဝါးဝါးနာကျင်နေတာပဲသိတော့တယ်။
မျက်လုံးအစုံကိုဖွင့်ကြည့်လိုက်တော့ဖြူဖွေးနေတဲ့ဆေးရုံမျက်နှာကျက်ကိုမြင်လိုက်ရတယ်။
“ဟူး…….” ကောင်မလေးသက်ပြင်းတစ်ချက်မှုတ်ထု
တ်လိုက်တယ်။ ကောင်မလေးဆေးရုံပေါ်ရောက်နေတာတစ်ပတ်လောက်ရှိသွားပြီ။ မျက်နှာကလည်းဖြူဖပ်ဖြူရော်လူနာရုပ်နဲ့။
ရုတ်တရက်အခန်းတံခါးဖြည်းညင်းစွာ
ပွင့်သွားတယ်။ ကောင်မလေးမျက်လုံးတွေကိုမှိတ်လိုက်တယ်။ သူမအခုချိန်မှာဘယ်သူ့နဲ့မှမတွေချင်သေးဘူး။
ဒါပေမယ့်ခါတိုင်းလိုစိုးရိမ်သံေ
တွမကြားရဘူး။ တစ်ခန်လုံးဟာတိတ်ဆိတ်ငြိမ်သက်နေတယ်။
ကောင်မလေးရုတ်တရက်ရင်ထဲမှာဒိန်း
ခနဲဖြစ်သွားတယ်။ မျက်လုံးကိုဖြတ်ခနဲဖွင့်လိုက်တော့…………
သူမရဲ့ခုတင်ဘေးမှာရပ်ပြီးသူမကို
ရီဝေနေတဲ့မျက်လုံးအစုံနဲ့စိုက်ကြည့်နေတဲ့ ကောင်လေးကိုတွေလိုက်ရလေတယ်။
“ဟင်…” ကောင်မလေးရဲ့မျက်လုံးအစုံပြူးကျ
ယ်သွားတယ်။ ကောင်လေးရယ်….ကောင်လေးမှကောင်လေးအစစ်ပါပဲ။အရင်တုန်းကလိုပဲ..ရုပ်လုံးဝမပြောင်းဘူး။ ကောင်မလေးရဲ့နှုတ်ခမ်းတွေတဆတ်ဆတ်တုန်နေတယ်။ ဘာသံမှတော့ထွက်မလာဘူး။ နောက်မျက်ရည်တွေဝိုင်းတက်လာပြီးမျက်နှာကိုလက်နှစ်ဖက်နဲ့အုပ်ကာရှိုက်ကြီးတငင်ငိုလေတော့တယ်။
ကောင်လေးလည်းကောင်မလေးကိုကြည့်ြ
ပီးခေါင်းကိုလက်နဲ့ပုတ်ပေးနေမိတယ်။
အတန်ကြာတော့ကောင်မလေးလည်းအငိုတိ
တ်သွားတယ်။ ခေါင်းမော့ပြီးကောင်လေးရဲ့မျက်နှာကိုသေချာစိုက်ကြည့်တယ်။ မျက်ရည်တွေမခြောက်သေးပေမယ့်မျက်နှာကတော့ပြုံးနေလေတယ်။ ကောင်လေးလည်းအလားတူပဲ။ ကောင်မလေးကိုပြုံးပြီးကြည့်နေတယ်။
နှစ်ယောက်စလုံးကစကားတစ်ခွန်းမှ
မပြောကြသေးပါဘူး။ အတန်ကြာတိတ်ဆိတ်နေပြီးမှကောင်မလေးက
“နင်ဘယ်မှာပုန်းနေလာလဲ၊ ကောင်လေးရယ်။”
ကောင်လေးကခေါင်းခါတယ်။
“နင်ငါ့ကိုမရှောင်ပါနဲ့လို့ငြါေ
ပာထားခဲ့ပြီးသားလေ။ ပြောပါဦး။ ဘာဖြစ်လို့ငါနဲ့အတွေ့မခံရတာလဲဟင်။”
ကောင်လေးကလက်အမူအရာနဲ့ပဲ
(နင်နဲ့ငါနဲကဖြစ်မှမဖြစ်နိုင်တာ
။ ငယ်ငယ်တုန်းကကိစ္စတွေကိုမေ့ပစ်လိုက်စမ်းပါ။ အခုဆိုရင်နင်ကငါ့ထက်အစစအရာရာသာနေပြီ။ ငါကဘယ်လိုလုပ်နင့်ကိုလာတွေ့ရမှာလဲ။)
“နင်တွေးပြန်ပြီ။ နင်ဒီလိုချည်းပဲတွေးနေတာပဲ။ ငါလိုချင်တာအဲဒါတွေမဟုတ်ဘူး။ ပညာ ဥစ္စာ ဂုဏ်ရှိန်တွေ ငါဘာမှမလိုချင်ဘူး။ ငါလိုချင်တာနင့်ရဲ့ဖြူစင်တဲ့သံေ
ယာဇဉ်။ ဘာနဲ့မှလဲလို့မရဘူး။ ၀ယ်လို့လည်းမရဘူး။ ငါ့အတွက်နင်ကအရေးအကြီးဆုံး.. အဖိုးအတန်ဆုံးပါ။”
ကောင်လေးကကောင်မလေးလက်ကိုဆုပ်ကိ
ုင်ထားလေတယ်။ ကောင်မလေးကဆုံးဖြတ်ချက်ချပြီးဟန်နဲ့ဆက်ပြောတယ်။
“ပြီးတော့ငါရောဂါဖြစ်နေပြီဆိုတာ
သိလားဟင်။”
ကောင်လေးတစ်ကိုယ်လုံးဆတ်ခနဲဖြစ်
သွားတယ်။
“လည်ချောင်းနဲ့ပတ်သက်တယ်တဲ့။ ငါ သေချာတော့မသိပါဘူး။ ဒါပေမယ့်ငါသိတာတစ်ခုရှိတယ်။ ငါခွဲစိတ်ရဖို့နည်းလမ်းတစ်ခုပဲ
ရှိတယ်။ ခွဲစိတ်ရင်သေချာပေါက်ရောဂါပျောက်မယ်။ ဒါပေမယ့်ငါ့ရဲ့အသံပါပျောက်သွားလိမ့်မယ်။ မခွဲစိတ်ရင်သေဖို့တစ်နည်းပဲရှိတယ်။”
ကောင်လေးရင်ထဲဆို့တက်လာတယ်။
“ပထမတော့ငါအသေခံမလို့ပဲ။ ဒါပေမယ့်နင်နဲ့တွေ့ရပြီဆိုတော့
ငါဆုံးဖြတ်လိုက်ပြီ။ ငါခွဲစိတ်မယ်။ အသံပျောက်သွားလည်းဘာဖြစ်လဲ။ ငါတို့နှစ်ယောက်စလုံးဘ၀တူတွေဖြစ်သွားပြီ။ ကဲ…နင်ငါ့ရှေ့ကနေထွက်မပြေးနဲ့တော့။ ငါတို့နှစ်ယောက်စလုံးအတူတူနေလို့ရပြီလေ။” ကောင်လေးတွေဝေသွားတယ်။ ကောင်မလေးကမျှော်လင့်တကြီးကြည့်နေတယ်။ နောက်ကောင်လေးရဲ့ခေါင်းတစ်ချက်အညိမ့်မှာ ကောင်မလေးအရမ်းပျော်သွားပြီး ကောင်လေးရဲ့လည်ပင်းကိုသိုင်းဖက်လိုက်တယ်။ ကောင်လေးရဲ့မျက်နှာနာကျင်မှုကြောင့်ရှုံ့မဲ့သွားတာကိုမြင်လိုက်ရတော့
“ဟင်…ဘာဖြစ်တာလဲဟင်၊ ကောင်လေး။”
ကောင်လေးကခေါင်းခါတယ်။ (ဘာမှမဖြစ်ပါဘူး။)
ဒါပေမယ့်ကောင်မလေးကမယုံဘူး။ ကောင်လေးရဲ့လည်ပင်းကိုအတင်းကြည်
့တယ်။ ပတ်တီးစည်းထားတာကိုတွေ့လိုက်ရတော့
“ကောင်လေး…အဲဒါ…”
ကောင်လေးကလည်ပင်းကိုအင်္ကျီနဲ့ကွယ်ပြီး
(ဘာမှမဟုတ်ပါဘူး။ အလုပ်လုပ်လို့ရတဲ့ဒဏ်ရာပါ။)
“ဟယ်…ဒဏ်ရာကအဲဒီလောက်တောင်ပဲ
လား။ နင်ဘာအလုပ်လုပ်တာလဲဟင်။ ရွာကထွက်သွားပြီးနင်ဘာတွေလုပ်နေတာလဲ။ တော်တော်ပင်ပန်းမှာပေါ့နော်။”
ကောင်လေးကမျက်နှာလွှဲပြီး
(စက်ရုံမှာလုပ်တာပါ။ ဒီလိုပါပဲ။)
“နင်ကလည်း ဘာဖြစ်လို့အဲဒီလောက်တောင်အပင်
ပန်းခံရတာလဲ။”
ကောင်လေးကကောင်မလေးကိုလုံးဝမြ
ကည့်တော့ပါဘူး။ ဘာမှမဟုတ်ပါဘူးတဲ့။ တိုးတိုးလေးဖြေရှာတယ်။
အပိုင်း(၆)။ ။
ဒီလိုနဲ့ကောင်မလေးရဲ့ခွဲစိတ်မှုအောင်မြင်သွားတယ်။ အသံတော့ပျောက်သွားတာပေါ့။ နောက်တော့ကောင်လေးနဲ့ကောင်မလေးတို့လက်ထပ်လိုက်ကြတယ်။ သူတို့နှစ်ယောက်ရဲ့ကမ္ဘာလေးဟာတိတ်ဆိတ်အေးချမ်းလွန်းလှတယ်။ တစ်ယောက်နဲ့တစ်ယောက်လည်းလက်အမူအရာနဲ့ပဲဆက်သွယ်ကြတယ်။ သူတို့ကိုကြည့်ရတာကြည်နူးစရာသိပ်ကောင်းတာပဲ။
တစ်နှစ်လောက်ကြာတော့ကံကြမ္မာဆိုး
ကြီးဟာသူတို့နှစ်ယောက်ဆီနောက်တစ်ခေါက်ဆိုက်ရောက်လာပြန်တယ်။ ကောင်လေးရယ်လုပ်ငန်းမှာရုတ်တရက်သတိလစ်သွားလို့ဆေးရုံကိုပို့လိုက်ရတယ်။ အကြောင်းရင်းကိုစုံစမ်းလိုက်တော့ကောင်လေးမှာကင်ဆာဖြစ်နေပြီတဲ့။ နောက်ဆုံးအဆင့်ရောက်နေပြီ။ ကောင်မလေးရယ်ဗြုန်းစားကြီးပြောင်းလဲသွားတဲ့အခြေအနေကိုနားမလည်ခင်မှာပဲ ကောင်လေးကအိပ်ရာထဲလဲနေပြီ။ ကောင်လေးရဲ့အခြေအနေကဘယ်လိုမှမရတော့ဘူး။
နောက်ဆုံးတော့လည်းကောင်မလေးဘ၀ထဲ
ကနေကောင်လေးပြုံးပြုံးလေးထွက်ခွာသွားတယ်။ ဘယ်တော့မှပြန်မလာတော့တဲ့အပြီးအပိုင်ထွက်ခွာသွားခြင်းမျိုးနဲ့ပေါ့။
ကောင်မလေးဘယ်လိုမှခံစားနိုင်စွ
မ်းမရှိတော့ဘူး။ ထူးဆန်းစွာပဲ ကောင်မလေးနှုတ်ကနေအသံထွက်လာတယ်။
“ကောင်လေးရယ်.. တကယ်တော့ငါ..ငါ…နင့်ကိုတသက်လံ
ုးဖုံးကွယ်ထားခဲ့တာပါ။ ငါအသံမပျောက်ပါဘူး။ ငါစကားပြောနိုင်ပါတယ်။ နင်ထပ်ထွက်ပြေးသွားမှာကြောက်လို့ငါနင့်ကိုမုသားသုံးမိတာပါ။ အခုတော့….အခုတော့…ဘယ်လောက်မှအတူမနေလိုက်ရဘူး။ ကောင်လေးကိုကျွန်မလက်ထဲကနေအတင်းဆွဲခေါ်သွားကြတယ်။ ဘာဖြစ်လို့လောကကြီးကကျွန်မတို့နှစ်ယောက်ကိုပဲရွေးပြီးကံဆိုးစေရတာလဲ။ ကောင်လေးရယ်..ကြားလား..ကောင်လေးရယ်…ထကြည့်ပါဦး….ငါလေ….ငါ…..”
“ကောင်လေး!!!!!…………….
.”
ထုံးဖြူဖြူသုတ်ထားတဲ့အုတ်ဂူရှေ့မှာကောင်မလေးရပ်နေတယ်။ လက်ထဲမှာလည်းပန်းစည်းတစ်စည်းနဲ့။ အဆက်မပြတ်ဒလဟောကျနေတဲ့မျက်ရည်တွေကိုတော့သုတ်မနေတော့ပါဘူး။
ရုတ်တရက်အုတ်ဂူဘေးနားလေးမှာ အုတ်ခဲနဲ့ဖိထားတဲ့စာတစ်စောင်ကို
ကောင်မလေးတွေသွားတယ်။ စာအိတ်ပေါ်မှာရေးထားတာကတော့ “မကောင်မလေး ဖတ်ရန်” တဲ့။
သိချင်စိတ်နဲ့စာအိတ်ကိုဖောက်လို
က်တယ်။
“မကောင်မလေး
ကျွန်တော်ကကိုကောင်လေးရဲ့သူငယ်
ချင်းပါ။ ကိုကောင်လေးနဲ့မကောင်မလေးအကြောင်းကိုအကုန်သိပါတယ်။ မကောင်မလေးမသိတာတွေတောင်မှကျွန်တော်သိပါတယ်။ ကိုကောင်လေးကသူသေမှမကောင်မလေးကိုဒီကိစ္စတွေပြောပါလို့ကျွန်တော့ကိုတောင်းဆိုထားပါတယ်။ အခုတော့မကောင်မလေးကိုကျွန်တော်သိထားသမျှပြောပြပါ့မယ်။ တကယ်တော့မကောင်မလေးတို့မိသားစုအဆင်မပြေတုန်းက မကောင်မလေးကိုထောက်ပံ့ကြေးပေးခဲ့တဲ့သူဟာတစ်ခြားသူမဟုတ်ပါဘူး။ ကိုကောင်လေးပါပဲ။ သူစက်ရုံမှာပင်ပင်ပန်းပန်းလုပ်ပြီးရသမျှငွေကိုခြစ်ကုတ်စုဆောင်းပြီး မကောင်မလေးဆီပို့ပေးခဲ့တာပါ။ နောက်တော့သူနည်းနည်းအဆင်ပြေလာပါတယ်။ ကြိုးစားမှုကြောင့်ချောင်လည်လာပါတယ်။ ပထမတော့မကောင်မလေးကိုတသက်လုံးအတွေ့မခံတော့ဘူးလို့တောင်လုပ်နေတာပါ။ နောက်မကောင်မလေးဆေးရုံတက်တဲ့သတင်းကြားတော့မနေနိုင်ဘဲ မကောင်မလေးနဲ့သွားတွေ့ပါတယ်။ အမှန်တော့အဲဒီနေ့ကသူလည်ချောင်းခွဲစိတ်ပြီးတဲ့နေ့ပါ။ သူစကားမပြောတတ်တာကိုအသံပြန်ထွက်အောင်ဆိုပြီးခွဲစိတ်တာပါ။ သူစကားပြောနိုင်ပါတယ်ဗျာ…ခွဲစိတ်ပြီးတော့ပြောနိုင်သွားပါတယ်။ ဒါပေမယ့်မကောင်မလေးအသံပျောက်မယ်ဆိုတာသိသွားတော့သူအရင်အတိုင်းဟန်ဆောင်လိုက်တာပါ။ ကိုကောင်လေးရဲ့မကောင်မလေးအပေါ်ထားတဲ့မေတ္တာကကြီးလွန်းလှပါတယ်။ ကျွန်တော်တော့ခင်ဗျားတို့နှစ်ယောက်ရဲ့အဖြစ်ကိုသိရတော့ရင်နာလိုက်တာဗျာ…..”
ထိုနေ့ညကားလကွယ်ည……..။
တစ်ရွာလုံးတိတ်ဆိတ်နေသည်။ သို့သော် မှောင်မိုက်နေသောညတွင် စာတစ်စောင်ပိုက်ကာအသည်းအသန်ငိုေ
ကြွးနေသောကောင်မလေးကိုတော့ ကံကြမ္မာတရားကဥပေက္ခာပြုလျက်…..………………….။
ကိုယ့်ခံစားချက်နဲ့ တိုက်ဆိုင်စစ်ဆေးကြည့်ပေါ့နော်….
အချစ်ဆိုတာကို အတိအကျ မသိပဲနဲ့ `ငါ မင်းကို ချစ်တယ်´ လို့ ပြောနေကြတဲ့ လူတွေ အားလုံးအတွက် စဉ်းစားကြည့်ရအောင်လို့ တင်ပြလိုက်ပါတယ်။
ဇောချွေးတွေ ပြန်နေတာလား။ ရင်ခုန်နှုန်းတွေ တဒုန်းဒုန်းနဲ့ ဖြစ်နေတာလား။ ပြောဖို့ စကားတွေက ရင်ခေါင်းထဲကနေကို မထွက်ဘူး ဖြစ်နေတာလား။
ဒါ အချစ် မဟုတ်ဘူး။ အဲဒါ သဘောကျတာပါ။
မင်းရဲ့ မျက်စိအောက်က အပျောက်ကို မခံနိုင်ဘူး။ တစ်ခဏလေး လက်တွဲဖြုတ်ရမှာကို သိပ်စိုးရိမ်နေတယ်။
ဒါ အချစ် မဟုတ်ဘူး။ အဲဒါ ရမ္မက်ပါ။
ဂုဏ်ယူပြီး သူ့ကို ထုတ်ကြွားမယ်။ အဲဒီလို ထုတ်ကြွားရတာကိုပဲ သဘောကျနေတယ်။
ဒါ အချစ် မဟုတ်ဘူး။ မင်း ကံကောင်းလို့ပါ။
မင်းရဲ့ အနားက တစ်ဖ၀ါးမှ မကွာ သူ့ကို နေစေချင်တာလား။
ဒါ အချစ် မဟုတ်ဘူး။ အထီးကျန်လို့လေ။
လူတိုင်း လိုလားအပ်တဲ့ အရာတစ်ခုမို့ သူ့ကို မင်းအနားမှာ ရှိစေချင်တာလား။
ဒါ အချစ် မဟုတ်ဘူး။ ပိုင်ဆိုင်ချင်စိတ်ပါ။
သူက မင်းကို အနမ်းလေး ပေးတယ်။ မင်းရဲ့ လက်ကလေးကို မြဲမြဲ ဆုပ်ကိုင်ထားလို့ မင်း သူ့အနားမှာ ရှိနေတာလား။
ဒါ အချစ် မဟုတ်ဘူး။ ကိုယ့်ကိုယ်ကို ယုံကြည်မှု နည်းနေလို့ပါ။
အချစ်ပါလို့ ဖြောင့်ချက်ပေးပြီး သူ့အနားမှာ မင်းနေပေးတာ သူ့ကို လုံးဝ မထိခိုက်စေချင်လို့ မဟုတ်လား။
ဒါ အချစ် မဟုတ်ဘူး။ သနားတာလေ။
သူ့ရဲ့ အကြည့်တစ်ချက်မှာ ရင်ခုန်သံ ရပ်တန့်မတတ် ဖြစ်သွားလို့ သူ့ကို ပုံအပ်လိုက်ချင်တာလား။
ဒါ အချစ် မဟုတ်ဘူး။ အရူးအမူး စွဲလမ်းတာ လောက်ပါ။
သူ့ကို သိပ် ဂရုစိုက်လို့ သူ့အပြစ်တွေကို ခွင့်လွတ်ပေးနိုင်တာလား။
ဒါ အချစ် မဟုတ်ဘူး။ သူငယ်ချင်းကောင်းတစ်ယောက်ရဲ့ ခင်မင်ရင်းနှီးမှုပါ။
အတွေးထဲမှာ နေ့တိုင်းလိုလို သူ့တစ်ယောက်တည်းပဲ ရှိနေတယ်လို့ မင်း သူ့ကိုပြောသလား။
ဒါ အချစ် မဟုတ်ဘူး။ လိမ်နေတာ။
သူ့အတွက် ကိုယ့်ကြိုက်တဲ့ အရာအားလုံးကို စွန့်လွှတ်ဖို့ ၀န်မလေးဘူး မဟုတ်လား။
ဒါ အချစ် မဟုတ်ဘူး။ အဲဒါ ပေးကမ်း စွန့်ကြဲ ရဲတဲ့ စိတ်ဓါတ်ပါ။
သူ ၀မ်းနည်းတဲ့အခါ မင်း အသည်းကြွေမတတ် ခံစားရသလား။
ဒါမှ အချစ်လေ။
သူရဲ့ နာကျင်မှုတွေ အတွက် အပြင်ပန်း မဟုတ်တောင် စိတ်ထဲက ကျိတ် ငိုကျွေးခဲ့ရသလား။
အဲဒါ အချစ်လေ။
မင်းရဲ့ မေတ္တာစစ် မေတ္တာမှန်နဲ့ မင်းရဲ့ ရင်တွင်း ခံစားချက်တွေကို သူ မြင်နိုင်ရဲ့လား။
ဒါမှ အချစ်လေ။
ဒုက္ခတွေ သုခတွေနဲ့ စည်းနှောင်ထားပြီး အဲဒီ ကြီးမားတဲ့ အားတွေက မင်းတို့ နှစ်ယောက်ကို လက်တွဲညီညီ ဖြစ်အောင် ဖန်တီးထားတာလား။
ဒါဆို အချစ်လေ။
သူ့ရဲ့ အားနည်းချက်တွေကို သူ့ရဲ့ အစိတ်အပိုင်း တစ်ခုအနေနဲ့ လက်ခံထားတာလား။
အဲဒါ အချစ်ပါ။
တခြားသူတွေကို စွဲဆောင်ဖို့ ကြိုးစားပေမယ့် သူ့ကိုပဲ အကြောင်းပြချက်မရှိဘဲ သစ္စာရှိရှိနဲ့ အတူ လက်တွဲနေသလား။
ဒါဆို အချစ်လေ။
မင်းရဲ့ နှလုံးသား၊ မင်းရဲ့ အသက်နဲ့ မင်းရဲ့ ဘ၀ကို သူ့ကို ပေးဖို့ ၀န်မလေးဘူးလေ။
ဒါဟာ အချစ်ပဲပေါ့။
Forward မေးလ် တစ်စောင်ကရတာပါ။ အားလုံးအတွက်လက်ဆင့်ကမ်းပေးလိုက်တာပါ။
အခု အချစ်ဟာ သိပ် ခါးသီး နာကျင်နေစေမယ် ဆိုရင် ကျနော်တို့ ဘာကြောင့် ချစ်ကြဦးမလဲ။ ဘာအတွက်ကြောင့် ဒါကြီးကို တစ်ဘ၀လုံး ရှာနေဦးမလဲ။ ကျနော်တို့ ဒါကို ဘာလုပ်ဖို့ တောင့်တနေဦးမလဲ။ ဒီအနာတရ၊ ဒီမချိမဆံ့ ဝေဒနာ၊ ဒီဒုက္ခတွေက ဘာကြောင့်လဲ။ ကိုယ့်ရဲ့ အတ္တကိုတောင် ဆန့်ကျင်ရဲတဲ့ သတ္တိနဲ့လေ။ အဲဒါ ဘာအတွက်လဲ။ အဖြေက သိပ်ရိုးရှင်းပါတယ်။ အဲဒါ အချစ်ကြောင့်လေ။ ဘယ်လောက်ထိ စွဲဆောင်အား ကောင်းသလဲဆိုရင် အချစ် မရှိဘူး ဆိုတဲ့လူတွေတောင် ခံစားကြည့်ချင်တယ်။ ရှိပြီးသား လူတွေက သူများကိုလည်း ခံစားစေချင်တယ်လေ။
သူငယ်ချင်းလည်း အချစ်စစ်ကိုရှာဖွေတွေ့ရှိနိုင်ပါစေ။ ဘုရားသခင်ကောင်းချီးပေးမှာပါ။
사랑의 십계명…….. (အချစ်ဧ။် သိက္ခာပုဒ် 10 ချက်
1. 사랑은 계산하지 .
အချစ်ဆိုတာ  တွက်ချက်ရမဲ့အရာ မဟုတ်ဘူး…
2. 사랑은 후희하지 .
အချစ်ဆိုတာ  နောင်တရ ရမဲ့ အရာမဟုတ်ဘူး…
3. 사랑은 되돌려 받으려 하지 .
အချစ်ဆိုတာ  ပြန်လှည့်ပြီး လက္ခံဖို့ မဟုတ်ဘူး…
4. 사랑은 조건을 달지 .
အချစ်ဆိုတာ  အခြေအနေတွေကို ချည်နှောင်ရမဲ့ အရာမဟုတ်ဘူး…
5. 사랑은 다짐하지 .
အချစ်ဆိုတာ  အာမခံ ကတိထားရမဲ့အရာ မဟုတ်ဘူး…
6. 사랑은 기대하지 .
အချစ်ဆိုတာ  မျှော်လင့်ရမဲ့အရာမဟုတ်ဘူး…
7. 사랑은 의심하지 .
အချစ်ဆိုတာ  သံသယထားရမဲ့ အရာမဟုတ်ဘူး…
8. 사랑은 비교하지 .
အချစ်ဆိုတာ နှိုင်းယှဉ်ရမဲ့အရာမဟုတ်ဘူး…
9.
사랑은 확인하지 .
အချစ်ဆိုတာ စစ်ဆေးရမဲ့အရာမဟုတ်ဘူး…
10. 사랑은 운명에 맡길 .
အချစ်ဆိုတာ ကံတရားမှာ အပ်နှံထားတဲ့အရာပဲဖြစ်တယ်…
………………
Forward မေးလ် တစ်စောင်ကရတာပါ။
လူတစ်ယောက်ကို ချစ်တာ ရယူပိုင်ဆိုင်မှမဟုတ်ပါဘူး။
ပင်လယ်ဘေးကို သွားပြီး နေထွက်၊ နေ၀င်ချိန်ကို သွားကြည့်ကြတယ်။ သူတို့ကမြင်သူတကာ အားကျတဲ့ စုံတွဲလေးပါ။
ဒါပေမဲ့ တစ်နေ့မှာ မတော်တဆ ကားတိုက်မှုကြောင့် ကောင်မလေး ပြင်းအထန်ထိခိုက်ဒဏ်ရာ ရပြီး မေ့မျှောသွားခဲ့တယ်။ အိပ်ရာထဲမှာပဲ
ငြိမ်သက်စွာ လဲလျောင်းနေရတယ်။နေ့ဖက်ဆိုရင်ကောင်လေးကကောင်မလေးနားမှာနေပြီးသူ့နာမည်ကို တတွတ်တွတ် ရွတ်ခေါ်တယ်။ ညဖက်ဆိုရင်
ဘုရားကျောင်းသွားပြီးကောင်မလေးကျန်းမာလာစေဖို့ဘုရားသခင်ထံဆုတောင်းတယ်။အချိန်တွေတဖြေးဖြေးကုန်လွန်သွားခဲ့ပြီး ကောင်လေးခမျာ ငိုရလွန်းလို့မျက်ရည်တွေတောင်ခမ်းလုနီးနေပြီ။ကောင်မလေးကမေ့မျှောနေဆဲပဲ။ဒါပေမဲ့ကောင်လေးလက်မလျှော့ခဲ့ဘူး။ ဘုရားသခင်ထံ ဆုတောင်းမြဲ ဆုတောင်းတယ်။ဒီလိုနဲ့တစ်ညမှာဘုရားသခင်ကကောင်လေးရဲ့မလျှော့တဲ့ဇွဲနဲ့ကောင်မလေးအပေါ်ထားတဲ့ မေတ္တာတရားကြောင့် သူ့အပေါ် သနားသက်ဝင်ပြီးမျှော်လင့်ချက်တစ်ခုပေးလိုက်တယ်။ဘုရားသခင်ကကောင်လေးကို”ကောင်မလေးရဲ့အသက်ကို ကိုယ့်ဘ၀နဲ့ လှဲလှယ်နိုင်မလား” လို့မေးတယ်။ကောင်လေးကတွေဝေမနေဘဲလှဲလှယ်နိုင်ကြောင်းချက်ချင်းပြန်ဖြေတယ်။ “ဒါဆိုကောင်းပြီ။ ကောင်မလေး အမြန်နှိုးလာဖို့ အသင်
ပုစဉ်းဘ၀နဲ့သုံးနှစ်အသွင်ပြောင်းရမယ်။သဘောတူနိုင်လား”လို့ဘုရားသခင်ကမေးပြန်တယ်။ ကောင်လေးက မဆိုင်းမတွဘဲ သဘောတူကြောင်း ချက်ချင်းပြန်ဖြေလိုက်တယ်။မိုးလင်းတာနဲ့ကောင်လေးဟာပုစဉ်းတစ်ကောင် အသွင်ပြောင်းသွားခဲ့တယ်။ပုစဉ်းလေးက ဆေးရုံဖက်ကို အလျှင်အမြန် ပျံလာတယ်။လူနာခန်းထဲဝင်ကြည့်တော့ကောင်မလေးကနှိုးနေပြီးဆရာဝန်တစ်ဦးနဲ့စကားပြောနေတာကိုတွေ့တယ်။သူတို့ပြောနေတာတွေကို ပုစဉ်းက မကြားရဘူး။တစ်ပတ်၊နှစ်ပတ်နေတော့ကောင်မလေးကျန်းမာလာပြီးဆေးရုံကဆင်းခဲ့တယ်။ဒါပေမဲ့သူမပျော်ဘူး။နေရာအနှံ့ကောင်လေးကို လိုက်စုံစမ်းတယ်၊လိုက်ရှာတယ်။ကောင်လေးဘယ်ပျောက်သွားမှန်းဘယ်သူမှမသိကြဘူး။ကောင်လေးက ပုစဉ်းအသွင်နဲ့ကောင်မလေးဘေးမှာ ရစ်ဝဲ ပျံသန်းနေပေမဲ့ကောင်မလေးကိုသူခေါ်လို့မရဘူး။ပွေ့ဖက်လို့မရဘူး။ကောင်မလေးကိုပဲငေးစိုက်ကြည့်နေခဲ့ရတယ်။ဒီလိုနဲ့ နွေရက်တွေ တဖြေးဖြေး ကုန်လွန်ပြီးဆောင်းဦးကိုရောက်လာခဲ့တယ်။ဆောင်းလေညင်းတွေကြောင့်သစ်ရွက်တွေတဖြုတ်ဖြုတ်ကြွေကုန်တယ်။ပုစဉ်းဒီနေရာက ခွာရတော့မယ်။ နောက်ဆုံးအကြိမ်အဖြင့်ကောင်မလေးရဲ့ပုခုံးထက်နားကိုသူအရဲစွန့်ပြီးသွားနားလိုက်တယ်။နူးညံ့တဲ့တောင်ပံနဲ့ကောင်မလေးရဲ့ပါးပြင်ကို ထိလိုက်တယ်။ သေးငယ်တဲ့ပါးစပ်နဲ့ကောင်မလေးရဲ့ပုခုံးသားကိုရှိုက်နမ်းလိုက်တယ်။ကောင်မလေးသတိမထားမိခင်မှာသူတိတ်တဆိတ်ထပျံလာခဲ့တယ်။မျက်စိတမှိတ်အတွင်းမှာပဲနွေဦးရာသီကိုရောက်လာခဲ့တယ်။နွေရောက်တာနဲ့ချက်ချင်းပဲပုစဉ်းဟာကောင်မလေးနားကို အရောက်ပျံသန်းလာခဲ့တယ်။ ဒါပေမဲ့
သူရင်းနှီးတဲ့ကောင်မလေးရဲ့ဘေးမှာခန့်ညားတဲ့သူစိမ်းကောင်လေးတစ်ယောက်ကိုသူ တွေ့လိုက်တော့ ပျံသန်းနေတဲ့ သူ့တောင်ပံတွေ
လေဟာနယ်တ၀က်တပျက်မှာအရပ်တန့်ခံလိုက်ရတယ်။လူတွေကကောင်မလေးကားတိုက်ခံရတာဒဏ်ရာတွေဘယ်လောက် ပြင်းထန်ကြောင်း၊ ဒဏ်ရာတွေကိုကုသပေးတဲ့ဆရာဝန်ဟာကောင်မလေးအပေါ်ဘယ်လောက်ဂရုစိုက်ကြောင်း၊သူတို့ရဲ့ အချစ်တွေက စံတင်ထိုက်တဲ့အကြောင်း၊ ကောင်မလေးဘ၀ကအရင်လိုပျော်ရွှင်ချမ်းမြေ့နေပြီဖြစ်တဲ့အကြောင်းပြောသံတွေကိုပုစဉ်းကြားလိုက်ရတယ်။ပုစဉ်းရင်ကွဲရပြန်တယ်။ဆရာဝန်ကောင် လေးနဲ့ကောင်မလေးပင်လယ်ဘေးသွားပြီးနေ၀င်၊နေထွက်ကြည့်တာကိုသူအမြဲတွေ့နေရပေမဲ့တစ်ခါတလေကောင်မလေးရဲ့ပုခုံးထက်မှာ ခဏသွားနားတာကလွဲလို့သူဘာမှမတတ်နိုင်ခဲ့ဘူး။ပုစဉ်းလေးဟာရင်ထဲကဝေဒနာတွေကိုကြိတ်မှိတ်ခံစားရင်ဒီနှစ်နွေဟာခါတိုင်းနွေထက် ပိုရှည်လျှားနေတယ်လို့ထင်မိတယ်။ကောင်မလေးနားမှာရစ်ဝဲပျံသန်းဖို့လည်း သူမှာ ခွန်အားတွေ ဆုတ်လျော့နေတယ်။ဆရာဝန်ကောင်လေးနဲ့
ကောင်မလေးရဲ့တီးတိုးစကားပြောသံနဲ့ရယ်သံတွေကသူ့ကိုအသက်ရှုကျပ်စေတယ်။သုံးနှစ်မြောက် နွေရာသီမှာတော့ ပုစဉ်းဟာ ကောင်မလေးကို
ခဏခဏသွားမကြည့်တော့ဘူး။သူနားနေကျကောင်မလေးရဲ့ပုခုံးကိုဆရာဝန်ကောင်လေးက တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားတယ်။ သူ့တောင်ပံနဲ့ ထိနေကျကောင်မလေးရဲ့ပါးပြင်ဟာလည်းဆရာဝန်ကောင်လေးကတယုတယနမ်းနေတယ်။ပုစဉ်းရင်ကွဲတစ်ကောင်ကသူ့တို့ဘေးမှာ ရစ်ဝဲနေတယ် ဆိုတာကိုချစ်တင်းနှောပြီးကြည်နှုးနေတဲ့သူတို့နှစ်ယောက်သတိထားမိမှာမဟုတ်ဘူး။ကောင်မလေးကလည်းအတိတ်ဆိုတာကိုလုံးဝ သတိမေ့ သွားခဲ့ပြီလေ။သတ်မှတ်ထားတဲ့(၃)နှစ်ဆိုတဲ့အချိန်ကိုရောက်ဖို့တစ်ရက်အလိုမှာကောင်မလေးနဲ့ဆရာဝန်ကောင်လေးတို့ လက်ထပ်လိုက်ကြတယ်။ ဘုရားကျောင်းထဲသူပျံဝင်ပြီးကောင်မလေးရဲ့ပုခုံးထက်မှာနားလိုက်တယ်။ကောင်မလေးနဲ့ဆရာဝန်ကောင်လေးရဲ့ ဘုရားသခင်ထံသစ္စာခံယူနေတဲ့ အသံကိုသူကြားလိုက်တယ်။ဆရာဝန်ကောင်လေးကကောင်မလေးရဲ့လက်ကိုလက်ထပ်လက်စွပ် စွပ်ပေးပြီးနမ်းလိုက်တာကို သူငေးကြည့်နေမိတယ်။ သူ့ပါးပြင်ငယ်ပေါ်မှာမျက်ရည်တွေစီးကျလာခဲ့တယ်။”အသင်နောင်တရပြီလား”ဘုရားသခင်ကပုစဉ်းကိုမေးတယ်။ “နောင်တလုံးဝမရပါဘူး”မျက်ရည်တွေကိုသုတ်ရင်းသူပြန်ဖြေတယ်။ “မနက်ဖြန်ဆို လူ့ဘ၀အသွင် ပြောင်းလို့ရပြီ” ဘုရားသခင်က ပြောတော့ ပုစဉ်းကခေါင်းခါပြီး”ပုစဉ်းအဖြစ်နဲ့ကျွန်တော်တစ်သက်လုံးနေပါရစေတော့။
တစ်ချို့ကံတရားကလက်လွတ်ဆုံးရှုံးဖို့စီရင်လာပြီးသားပါ။ တစ်ချို့ဖူးစာကပေါင်းစပ်ဖို့ကံပါမလာခဲ့ဘူး။လူတစ်ယောက်ကိုချစ်တာရယူပိုင်ဆိုင်မှ မဟုတ်ပါဘူး။ ဒါပေမဲ့လူတစ်ယောက်ကို ရယူပိုင်ဆိုင်ပြီးရင်တော့ ကောင်းကောင်းတန်ဖိုးထားချစ်တတ်ရမယ်”
…………………………..
သင့်ရဲ့ ပုခုံးပေါ်မှာရော ပုစဉ်းလေးတစ်ကောင် နားခဲ့ဖူးသလား..
……………….
Ref: Forward မေးလ် တစ်ဆောင်ကရတာပါ…..
အကောင်းဆုံးလက်ဆောင်
(၁)
ခရီးအတူသွား ကောင်မလေးတစ်ယောက်က အခုလို့ မေးခဲ့တယ်။
“လူတစ်ယောက်က အခြားလူတစ်ယောက်ကို ပေးနိုင်တဲ့ အကောင်းဆုံး လက်ဆောင်က ဘာလဲ”
ဒီမေးခွန်းကို သဘောကျလို့ သိတဲ့ လူအချို့ကိုလည်း မေးခဲ့ဖူးတယ်။
အဖြေတွေအများကြီးထဲက တစ်ချို့အဖြေဟာ စိတ်ဝင်စားစရာ ကောင်းနေတယ်။ ဥပမာ
“သစ္စာ၊ ချီးကျူးစကား၊ ဂတိ၊ အကြင်နာ၊ ဗဟုသုတ၊ လေးစားမှု၊ ခွင့်လွတ်မှု၊
အချစ်၊ ဂရုစိုက်မှု…. ” စတာတွေဖြစ်တယ်။ အဖြေတွေထဲက မေးခွန်းထုတ်ခဲ့တဲ့
ကောင်မလေး ဖြေခဲ့တဲ့ “အချိန်” ဆိုတဲ့အဖြေကို အခုထက်ထိ အမှတ်ရနေမိတယ်။
ချစ်သူနဲ့ကွဲစ သူငယ်ချင်းတစ်ယောက်ကို စိတ်ပြေအောင် ကျွန်မတို့
သူငယ်ချင်းတစ်သိုက် အပြင်ခေါ်ထုတ်ပြီး လည်ပတ်စားသောက်ကြတယ်။
တစ်ပတ်နေပြီးနောက် သူငယ်ချင်းတွေထဲက တစ်ယောက်က သူ့ကို “နင်စိတ်ပြေအောင်
လည်ပတ်စားသောက်ခဲ့တဲ့ billတွေအားလုံး အဲဒီလူကို ပို့ပေးလိုက်၊ ပိုက်ဆံကို
သူရှင်းပါစေ”လို့ စနောက်လိုက်တယ်။
“ဘာဖြစ်လို့လဲ”
“လမ်းခွဲခလေ”
“ဟင်း….သူလျော်နိုင်မှာ မဟုတ်ပါဘူး.. ဘာဖြစ်လို့လဲဆိုတော့ ငါ့ရဲ့
အကောင်းဆုံးအချိန်၊ တန်ဖိုးအရှိဆုံး အချိန်တွေကိုတောင် သူ့ကိုပေးခဲ့တာပဲ။
သူလျော်နိုင်မှာ မဟုတ်ပါဘူး” လို့ သူက ပြန်ဖြေရှာတယ်။
(၂)
နေ့တိုင်း အချိန်တွေကို အလုပ်မှာပဲ မြုပ်နှံထားပြီး အိမ်ထောင်ပြုဖို့
အရွယ်လွန်နေတဲ့ သူငယ်ချင်းတစ်ယောက်ကို သူ့အိမ်က စိတ်ပူစပြုလာတယ်။
သူ့အတွက် သင့်တော်မယ့် မိန်းကလေးကို လိုက်ရှာ၊ လိုက်စပ်ပေးနဲ့
အလုပ်ရှုပ်နေကြတယ်။ “ဘယ်လိုမိန်းကလေးမျိုးကို ကြိုက်လဲ၊ ကိုယ်ကြိုက်တာ
တစ်ခုခုကို ပြောမှ လူတွေက နင့်အတွက် ရှာပေးရ အဆင်ပြေမှာပေါ့” လို့ သူ့ကို
ကျွန်မမေးတော့…
“သူ့အတွက် ငါ့အချိန်တွေကိုပေးနိုင်မယ့် မိန်းကလေးကိုပဲ ငါလိုချင်တယ်”
လို့ သူက ပြန်ဖြေခဲ့တယ်။
(၃)
အချစ်ကြောင့် စိတ်ရောကိုယ်ပါ အကြီးအကျယ် ထိခိုက်ခဲ့တဲ့
ကောင်မလေးတစ်ယောက်က နှစ်တွေကြာခဲ့ပေမယ့် မပျော်ရွှင်တဲ့
စိတ်ပြတင်းပေါက်ကို မဖွင့်နိုင်ခဲ့ဘူး။ အချစ်သစ် မရှာနိုင်ခဲ့ဘူး။ လူတွေက
သူ့ကိုထားသွားခဲ့သူကို မမေ့နိုင်လို့၊ စောင့်နေသေးတယ်လို့ ထင်နေကြတယ်။
ဒါပေမယ့် အဲဒီလူ သူ့ကိုပြန်ဆက်ဖို့ ထပ်ကြိုးစားချိန်မှာ
သူငြင်းပယ်ခဲ့တယ်။
“သူ့ကို ကျွန်မ မေ့မရလို့ မဟုတ်ပါဘူး။ ကျွန်မနှမြောတာက ဟိုးအရင်သူနဲ့အတူ
ရှိခဲ့ဖူးတဲ့ အချိန်တွေကိုပါ။ ဒါပေမယ့် အဲဒီလိုအချိန်မျိုး
ကျွန်မတို့အတွက် ထပ်ရှိလာနိုင်တော့မှာ မဟုတ်ပါဘူး”
(၄)
“အဆုံးမဲ့ အချိန်နယ်ပယ်တွင်းမှာ စောတယ်၊ နောက်ကျတယ်ဆိုတာ မရှိဘူး။
အချိန်မီ ရောက်လာတာပဲရှိတယ်”
စောစောမုန်းတဲ့ အမုန်းပဲဖြစ်ဖြစ်၊ နောက်ကျမှ မုန်းတဲ့ အမုန်းပဲဖြစ်ဖြစ်
အမုန်းဆိုတာ စိတ်ညစ်၊ ၀မ်းနည်းစရာတွေဖြစ်တယ်။ ဒါကြောင့် အမုန်းကို ဥပေက္ခာ
ပြုလိုက်တာ အကောင်းဆုံးပါပဲ။
မှန်တဲ့အချိန်မှာတွေ့တဲ့ အချစ်ရဲ့ရုပ်ပုံကမှ လှပသတဲ့။ (right time, right person)
မှန်တဲ့အချိန်မှာ မှားတဲ့အချစ်နဲ့ တွေ့ရင် ခံစားရတယ်။ (right time, wrong person)
မှားတဲ့အချိန်မှာ မှန်တဲ့အချစ်နဲ့တွေ့ရင် ၀မ်းနည်းရတယ်။ (wrong time, right person)
ကိုယ့်အချိန်တွေကို ပေးနိုင်မယ့် လူတစ်ယောက်ကိုရှာယူပါ။ သူ့အချိန်တွေ
ကိုယ့်အတွက်ပေးနိုင်မယ့် လူတစ်ယောက်ကို ရှာယူပါ။ ကိုယ့်အတွက်
စိတ်ဓာတ်ခွန်အားတွေ ပေးနိုင်တဲ့ လူကိုတန်ဖိုးထားပါ။ အကောင်းဆုံး
လက်ဆောင်ဆိုတာ ကိုယ်ချစ်တဲ့လူအတွက် ကိုယ့်အချိန်တွေကို
ပေးနိုင်တာပဲဖြစ်တယ်။
သွားအတူ၊ လာအတူ၊ စားအတူ၊ အတူဆွေးနွေးတယ်၊ အတူဆိုညည်းတယ်၊
အတူကဗျာစပ်ကြတယ်၊ အတူကာရံတွေညှိကြတယ်… အတူ….. အတူ…. တစ်ယောက်တည်း
ဖြစ်သွားတဲ့အချိန်မှာ “အပျော်”ဆိုတာ မရှိတော့ဘူး။ တကယ်လို့ ကျွန်မကို
“အကောင်းဆုံး လက်ဆောင်က ဘာလဲလို့” မေးခဲ့ရင် “အချိန်” လို့ပဲ
ကျွန်မဖြေမိမှာပါ။
ဘယ်လောက်ပဲ ချစ်နေ၊ ခံစားနေပါစေ၊ ဘယ်လောက်ပဲ လေးစားမြတ်နိုးနေပါစေ…
အဲဒီအချစ်၊ မြတ်နိုးမှုတွေက ကိုယ်ချစ်တဲ့လူတစ်ယောက်ရဲ့ အနားမှာနေခွင့်ရတဲ့
“အချိန်” နဲ့ မနှိုင်းသာပါဘူး။
Forward mail တစ်ခုကရတာပါ။ အားလုံးဖတ်ရှု့နိုင်အောင်တင်းပေးလိုက်ပါတယ်။
သူတို့ပြောတဲ့ အချစ် အကြောင်း …
(၁) လူရယ်လို့ဖြစ်လာရင် ပျော်ရွှင်ရမယ်။ ကိုယ့်အတွက် ပျော်ရွှင်သလို သူ့အတွက်လဲ ပျော်ရမယ်။ ပျော်ရွှင်တဲ့လူဟာ အလှပဆုံးဖြစ်တယ်။ ဆွဲဆောင်မူ အရှိဆုံးဖြစ်တယ်။ ယောက်ျားလေးတွေ အသက်ရှင်တာ မေ့လျော့ခြင်းကို လက်ကိုင်ထားလို့။ မိန်းကလေးတွေ အသက်ရှင်တာ မှတ်သားခြင်းကို လက်ကိုင်ထားလို့။
(၂) လင်မယားဆိုတာ ကပ်ကြေးတစ်လက်နဲ့တူတယ်။ ထက်မြက်တဲ့ အသွားနှစ်ခုဟာ ဘယ်တော့မှ မခွဲဘူး။ ဆန့်ကျင်ဖက် ဖြစ်နေပါစေ ကြားဝင်လာတဲ့ပစ္စည်းကိုတော့ အသွားနှစ်ဖက်ပေါင်းပြီး ညှပ်ပစ်လိုက်နိုင်တယ်။
(၃) လူငယ်တွေရဲ့ အိပ်မက်ဟာ အချစ်၊ ငွေကြေးနဲ့ ကျန်းမာရေးတဲ့။ ဒါပေမဲ့တချိန်ချိန်မှာတော့ ကျန်းမာရေး၊ ငွေကြေးနဲ့ အချစ်လို့ ပြောင်းလဲသွားတာကိုသူတို့ သတိပြုမိကြလိမ့်မယ်။
(၄) မိန်းကလေးတွေဟာ စကားပြောတဲ့ အချိန်မှာ သူတို့ကို လျစ်လျူရှူထားတဲ့ ယောက်ျားတွေနဲ့ပြောရင် အသံကျယ်ကျယ်နဲ့ ပြောတယ်။ သူတို့ကို ပျော်အောင် စိတ်လှုပ်ရှားအောင်လုပ်တဲ့ ယောက်ျားတွေနဲ့ ဆိုရင် အသံတိုးတိုးနဲ့ပြောတယ်။ သူတို့တကယ်ချစ်တဲ့ ယောက်ျားလေးနဲ့ကျတော့ အသံတိတ်နေတတ်တယ်။
(၅) ယောက်ျားလေးတွေအတွက် လက်ထပ်ခြင်းဆိုတာ သူတို့ရဲ့ လွတ်လပ်မူနဲ့ လောင်းကစားလုပ်တာပဲ။ မိန်းကလေးတွေကတော့ သူတို့ရဲ့ ပျော်ရွှင်ခြင်းနဲ့လောင်းကစားလုပ်တာပဲ။
(၆) အချစ်ဆိုတာ မီးတအိမ်နဲ့ တူတယ်။ အတွင်းစိတ်မှာရှိတဲ့ ဆီနဲ့ ထွန်းညှိမှသာ မီးရဲ့ အလင်းရောင်ဟာ မမှိန်နိုင်ဘူး။ မညိမ်းနိုင်ဘူး။
(၇) ယောက်ျားလေးတွေ စီးကရက်တလိပ် သောက်ပြီး စိတ်ဖြေတာဟာ မိန်းကလေးတွေ တခါလောက် အားရပါးရ ငိုလိုက်တာနဲ့ ညီမျှတယ်။
(၈) မိန်းကလေးတွေရဲ့ နုပျိုတဲ့ လျှို့ဝှက်ချက်ကို ကျွန်တော်သိလိုက်ပြီ။ အဲဒါကတော့ အသက်လိမ်ခြင်းပဲ။
(၉) အချစ်ကို မျက်စိနဲ့ မခံစားဘူး။ အချစ်ကို နှလုံးသားနဲ့ ခံစားတာ။
(၁၀) မိန်းကလေးတိုင်း ရွေးချယ်မူတခုကို ရင်ဆိုင်ရမှာပဲ။ လူချစ်လူခင်ပေါတဲ့ ယောက်ျားလေးကို လက်ထပ်ရင် စိတ်မချဘူး။ လူချစ်လူခင်နည်းတဲ့ယောက်ျားလေး ကျပြန်တော့ စိတ်မပါဘူး။
(၁၁) အချစ်ဆိုတာ ချောက်ကမ်းပါးဘေးမှာ ပေါက်နေတဲ့ ပန်းတပွင့်နဲ့တူတယ်။အဲဒီပန်းကို ခူးဖို့ရာ သတ္တိတွေရှိရမယ်။
(၁၂) အချစ်ဟာ ဘ၀ကို လောင်မြိုက်စေတယ်။အချစ်ဟာ ရှင်သန်ခြင်းကို စိုပြေစေတယ်။
(၁၃) လူတွေရဲ့ အချစ်ကို မခံရတာ ကြီးမားတဲ့ ဝေဒနာဆိုးတရပ် ခံရတာနဲ့တူတယ်။ လူတွေကို မချစ်နိုင်တဲ့သူဟာ ရှင်လျှက်နဲ့ သေနေတာနဲ့ တူတယ်။
(၁၄) အချစ်ကို နားမလည်ခင်မှာ မိန်းကလေးဟာ မိန်းကလေး မဟုတ်သလိုယောက်ျားလေးဟာလဲ ယောက်ျားလေးမဟုတ်ဘူး။
(၁၅) ချစ်ခြင်း မေတ္တာဆိုတာ လူ့ဘ၀မှာ ပျံ့နှံ့နေတယ်။ ချစ်ခြင်းမေတ္တာမရှိရင်ဘာသာ၊ သမိုင်း၊ စိတ်ကူးယဉ်မူနဲ့ အနုပညာဆိုတာလဲ ရှိမှာမဟုတ်ဘူး။
(၁၆) ငွေကြေးကြောင့် လက်ထပ်တဲ့လူလောက် ယုတ်မာတာ မရှိဘူး။အချစ်တခုတည်းအတွက်နဲ့ လက်ထပ်တဲ့လူလောက် မိုက်မဲတာ မရှိဘူး။
(၁၇) သာယာတဲ့ အိမ်ထောင်ရေးဆိုတာ နှစ်ဦးနှစ်ဖက်မှာ တူညီတဲ့ခံစားမူတွေရှိရမယ်။ တယောက်လွတ်လပ်မူကို တယောက်က ၀င်မစွက်ဖက်ရဘူး။ပေါင်းဖက်ရခြင်းကို တန်ဖိုးထားရမယ်။ ချစ်ခင်မူကို ထိန်းသိမ်းရမယ်။ ဒီအချက်တွေကို လက်ကိုင်ထားရင် လက်ထပ်ခြင်းဆိုတာ ယောက်ျားလေးနဲ့ မိန်းကလေးအတွက် အလှဆုံးနဲ့ အရေးပါဆုံးဖြစ်မယ်ဆိုတာ ကျွန်တော် ယုံကြည်တယ်။
(၁၈) အချစ်ကို ပိုင်ဆိုင်ဖူးသလို အချစ်ကို ဆုံးရှုံးဖူးတာက တခါမှ မချစ်ဖူးတာထက်စာရင် ကောင်းသေးတယ်။
(၁၉) အိမ်ဆိုတာ လူတွေရဲ့ အဆိုးအပြစ်နဲ့ ကျဆုံးခြင်းတွေ သိုဝှက်ထားတဲ့တခုတည်းသော နေရာဖြစ်သလို ချစ်ခြင်းမေတ္တာနဲ့ ချိုမြိန်မူတွေကို သိုလှောင်ထားတဲ့ နေရာလည်းဖြစ်တယ်။
(၂၀) လူ….လူ…လူ…လူဆိုတာ ရယ်မောခြင်းနဲ့ မျက်ရည်ကြားက ချိန်သီးတစ်လုံးဖြစ်တယ်။
အချစ်…..အချစ်…..အချစ်ရဲ့ ရင်ခုန်သံဟာ အကောင်းဆုံး အိပ်ရာဝင်တေးတစ်ပုဒ်ဖြစ်တယ်။