နားထိုင်း (၃) ယောက်


မနက်အလုပ်သွားတိုင်း တရားနာလေ့ရှိသော ကျွန်တော်၊ ဒီနေ့မနက် နာခဲ့တဲ့ တရားထဲမှာ ပုံပြင်လေးတပုဒ်ကို ပြန်လည်မျှဝေလိုက်ပါတယ်ဗျာ။ တရားဟောတဲ့ ဆရာတော်က ကျွန်တော်အလွန်ကြည်ညိုတဲ့ ကြာနီကန်ဆရာတော် ဦးဇဋိလ ဖြစ်ပါတယ်။ ဒီတရားနာလို့ရအောင် ရန်ကုန်မှ တကူးတက ပို့ပေးလိုက်သော သူငယ်ချင်း မိုးကြာ (ခ) မိုးထက်အိမ် (ခ) စန္ဒာ ကိုလည် ကျေးဇူးအထူးတင်ရှိပါကြောင်း…. (ပြောဖို့မေ့ကျန်ခဲ့တာ… ဒီတရားခွေနဲ့ အဘိဓာန်စာအုပ်ကို အလေးခံပြီး သယ်လာပေးတဲ့ သမီးလေးကြယ်စင် ကိုလည်း ကျေးဇူးပါလို့… )

ဟိုးတရံရောအခါက ရွာတရွာမှာ နားထိုင်း (၃) ယောက်ရှိသတဲ့။ ဆိတ်ကျောင်းတဲ့နားထိုင်း၊ ထန်းတက်တဲ့ နားထိုင်း နဲ့ သူကြီးနားထိုင်းတို့ ဖြစ်ကြတယ်။

တစ်နေ့တော့ ဆိတ်ကျောင်းတဲ့ နားထိုင်းဟာ ရွာပြင်စားကျက်မှာ သူ့ ဆိတ်တွေကို ကျောင်းနေသတဲ့။ သူကတော့ သစ်ပင်တစ်ပင်အောက်မှာ ထိုင်နေရင်း အိပ်ပျော်သွားတယ်။ တော်တော်ကြာလို့ အိပ်ရာနိုးလာတဲ့ အချိန်ကျတော့ သူဆိတ်တွေကို မတွေ့တော့ဘူး။ အမှန်တော့ ဆိတ်တွေက သူအိပ်ပျော်နေတုန်း တစ်ခြားနေရာကို စားကျက်ကျွံသွားတာ။ ဆိတ်ကျောင်းသားနားထိုင်းက လိုက်ရှာပေမယ့်မတွေ့ဘူး။

သူစဉ်းစားတယ်.. “ငါဒီအတိုင်းလိုက်ရှာနေလို့တော့ တွေ့မှာမဟုတ်ဘူး။ ဟိုမှာ ထန်းတက်နေတဲ့ သူကိုမေးရင်တော့ သူက အပေါ်စီးကနေဆိုတော့ ငါ့ဆိတ်တွေကို တွေ့မှာပဲ။” ဆိုပီး ထန်းတက်နေတဲ့လူရှိရာ ထန်းပင်အောက်ကို သွားပြီး…“ဗျို့… ထန်းပင်ပေါ်က နောင်ကြီး… ကျုပ်ဆိတ်အုပ် ကလေးများမတွေ့မိဘူးလားဗျ” လို့ အောက်ကနေလှမ်းမေးလိုက်တယ်။

ထန်းတက်တဲ့သူကလည်း နားထိုင်းဆိုတော့ ကြားချင်ရာကြားတယ်။ ပြန်ပြောလိုက်တာက “ ဟောဒီတစ်ဝိုက်မှာ ရှိတဲ့ ထန်းပင်တွေက ကျုပ်ယောက္ခင်္မ ပိုင်တဲ့ ထန်းခင်း၊ ကျုပ်ထန်းခင်းပေါ့ဗျ” လို့ ထန်းပင်တွေရှိရာကို လက်နဲ့ညွှန်ပြရင်း ပြန်ပြောလိုက်တယ်။

ဒီတော့ ဆိတ်ကျောင်းတဲ့ နားထိုင်းကလဲ ကြားချင်ရာကြားပြီး ထန်းတက်နားထိုင်း လက်ညွှန်ပြတဲ့ ဘက်မှာ သူဆိတ်တွေရှိတယ်လို့ ကြားပြီး ထွက်သွားတယ်။ ကံအားလျော်စွာပဲ သူ့ဆိတ်အုပ်ကို ပြန်တွေ့တယ်။

ဒီတော့ သူစဉ်းစားတယ်.. “ထန်းတက်တဲ့ နောင်ကြီးကြောင့် ငါ့ဆိတ်အုပ် ပြန်တွေ့တာ… ကျေးဇူးဆပ်မှပဲ“ ဆိုပြီး သူ့ဆိတ်အုပ်ထဲက ဆိတ်ကျိုး(ခြေထောက်ကျိုး)လေးတစ်ကောင်ကို ပွေ့ပြီးတော့ ခုန ထန်းတက် နားထိုင်းရှိရာကို သွားပြီး.. “ဗျို့… ထန်းပင်ပေါ်ကနောင်ကြီး… ဆင်းခဲ့ပါဦးဗျ။ ခင်ဗျား ကျေးဇူးကြောင့် ကျုပ်ဆိတ်အုပ်ပြန်တွေ့တာ၊ ကျေးဇူးဆပ်မလို့၊ အောက်ဆင်းလာပြီး ဒီဆိတ်ကျိုးလေးကို လက်ခံပါဗျ။”

ဒီတော့ ထန်းတက်နားထိုင်းက “ဟာ… ခင်ဗျားဆိတ်ကို ကျုပ်ခွေးမကိုက်ဘူး။ ကျုပ်ခွေးထန်းပင်အောက်မှာ အိပ်နေတာ။”

ဆိတ်ကျောင်းတဲ့ နားထိုင်းက “ဆင်းခဲ့ပါဗျ။ ကျေးဇူးဆပ်ချင်လွန်းလို့ပါ။ ဆင်းခဲ့ပါဆို”

“ခင်ဗျားဆိတ် သူ့ဘာသာသူ ကျိုးတာ ကျုပ်ခွေးကို လာပြီးစွတ်မစွဲနဲ့”

“ ကျေးဇူးဆပ်ချင်လို့ပါ..ဆင်းခဲ့ပါဗျ”

ကြာလာတော့ ထန်းတက်တဲ့ နားထိုင်းက ဒေါသထွက်လာပြီး ဆင်းလာတယ်။ အောက်ရောက်တော့ ငြင်းရင်း ငြင်းရင်းနဲ့ ထသတ်ကြရော… နောက်တော့ ရွာသူကြီးဆီ ရောက်ကြတယ်။

ရွာသူကြီးကလည်း နားထိုင်း။ လောလောလတ်လတ် သူ့မိန်းမနဲ့ ရန်ဖြစ်ထားပြီး သူ့မိန်းမက အိပ်ပေါ်က ဆင်းသွားတာ မကြာသေးဘူး။

သူ့အိမ်ရှေ့မှာ ဆူညံဆူညံနဲ့ ဖြစ်နေတော့ အထဲကိုခေါ်ပြီးမေးတယ်။ ဟို နားထိုင်း နှစ်ယောက်လည်း သူ့တို့အကြောင်း သူတို့ပြောပြတယ်။

ဆိတ်ကျောင်းတဲ့ နားထိုင်းက “ဒီလိုပါ သူကြီးရယ်၊ ကျုပ်ဆိတ်အုပ်လေးပျောက်လို့ သူ့ကိုမေးတယ်။ သူပြောတဲ့ နေရာမှာသွားရှာတော့ တွေ့လို့ သူ့ကိုဆိတ်ကျိုးလေးတစ်ကောင်ပေးပြီး ကျေးဇူးဆပ်တာ လက်မခံဘူးဖြစ်နေတယ်။ ကူပြောပေးပါဦးဗျာ။“

ထန်းတက်တဲ့ နားထိုင်းက “ သူ့ဆိတ် ကျုပ်ခွေးမကိုက်ဘူး၊ ကျုပ်ခွေး ထန်းပင်အောက်မှာအိပ်နေတာ”

ဒီတော့သူကြီးနားထိုင်းက ကြားချင်ရာကြားပြီး… “ဟေ့….မင်းတို့ ဘယ်လိုပြောပြော ဒီမိန်းမ ပြန်မပေါင်းဘူးကွ”

ပုံပြင်လေးကတော့ ဒီလောက်ပါပဲ။ လောကကြီးမှာ ကိုယ်ပြောချင်ရာပြော၊ ကြားတဲ့သူတွေကလည်း ကြားချင်ရာကြား၊ အားလုံးက ကိုယ်ထင်တာကိုယ်မှန်နေကြတာပဲ။ အကြောင်းမသိတဲ့သူတွေကလည်း ကိုယ်ထင်ချင်ရာထင်ပြီး ကိုယ်ထင်သလို ဆုံးဖြတ်နေကြတာ။ ဒါကြောင့် တခါတလေ မှာ ရှင်းပြလို့မရအမှန်တရားတွေက အများထင်တဲ့ အမှားတွေရဲ့ ဖုံးလွှမ်းခြင်းကိုခံရပြီး လျို့ဝှက်ချက်တခုအနေနဲ့ပဲ တစ်ဖြည်းဖြည်းပျောက်ကွယ်သွားကြတယ်။

Advertisements

My Boss & I


When I take a long time, I am slow,
When my boss tales a long time, he is thorough.


When I don’t do it, I am lazy,
When my boss doesn’t do it, he is too busy.

When I do something without being told, I am trying to be smart,
When my boss does the same, that is initiative.

When I please my boss, I’m apple polishing,
When my boss pleases his boss, he’s co-operating.

When I do well, my boss never remembers.
When I do wrong, he never forgets.

Mistakes


If a barber makes a mistake, it is a New Style.
If a driver makes a mistake, it is a
New Path.
If an engineer makes a mistake, it is a
New Venture.
If a politician makes a mistake, it is a
New Law.
If a scientist makes a mistake, it is a
New Invention.
If a tailor makes a mistake, it is a
New Fashion.
If a teacher makes a mistake, it is a
New Theory.
If a boss makes a mistake, it is a
New Idea.
If an employee makes a mistake, it is a
Mistake.

Who are you?

………………………..

Ref: Sanchaung Journal

အဟောင်းနဲ့အသစ်


လေတဟူးဟူးတိုက်နေသော ကမ်းခြေတစ်ခုတွင် အဖွားအိုတစ်ဦး မှာ သူ့ဦးထုပ်ကို လက်နှစ်ဖက်ဖြင့် ဖိထားပြီး ရပ်နေရှာသည်။
လူငယ်တစ်ဦးက ပြေးလာပြီးအဖွားအိုကို ပြောလိုက်သည်
လူငယ် – အဖွား လေတွေတအားတိုက်နေတယ်။
အဖွားအို – အေးကွဲ့။
လူငယ် – အဖွား ဂါဝန်လန်နေတာသိရဲ့လား။
အဖွားအို – ဟုတ်ပါရဲ့ကွယ်၊ အဖွားလဲ လက်မအားတာနဲ့။
လူငယ် – အဖွား အောက်ခံလဲ ဘာမှ ၀တ်မထားဘဲနဲ့။
အဖွားအို – ဒီမယ် – မင်းအခုမြင်နေရတာက လွန်ခဲ့တဲ့ ၈၅နှစ်ကတည်းက ဟာတွေ။ ငါ့လက်ထဲက ဦးထုပ်က မနေ့ကမှ ၀ယ်ထားတာ။ ပျောက်သွားလို့မဖြစ်ဖူး။

လက်ထပ်ခြင်း(အိမ်ထောင်ရေး)ဆိုတာဘာလဲ??


ကျောင်းသားက ထပ်မေးပြန်တယ် ဒါဆို လက်ထပ်ခြင်း(အိမ်ထောင်ရေး)ဆိုတာဘာလဲတဲ့

ဒီတော့ဆရာကပြောတယ် ဒီတခါ ပြောင်းဖူးခင်းထဲသွားပါ။ အကြီးဆုံးပြောင်းဖူးယူပြီးပြန်လာပါလို့ဆိုသတဲ့စည်းကမ်းကတော့ပထမစည်းကမ်းအတိုင်းပဲပေါ့(ပြန်မရေးတော့ဘူးနော်)ဒီတခါတော့ကျောင်းသားကလဲသိသွားပြီဆိုတော့စောစောကလိုမမှားဖို့ သေချာဂရုစိုက်ပြီပေါ့ပြောင်းခင်းအလယ်လောက်မှာတော့အလယ်အလတ်ပြောင်းဖူးတခုကို သူကျေနပ်စွာကောက်ယူပြိးဆရာ့ဆီပြန်ခဲ့တယ်။ ဆရာကပြောတာက ဒီတခါတော့မင်း ပြောင်းဖူး တဖူးယူလာနိုင်တယ်။မင်းစိတ်ထဲမှာမင်းကောင်းတာရှာတွေ့တယ် မင်းအကောင်းဆုံးရခဲ့တယ်ဆိုတဲ့ယုံကြည်စိတ်ချမှု ရှိတယ် လက်ထပ်ခြင်း(အိမ်ထောင်ရေး) ဆိုတာအဲဒီလိုပါပဲလို့ဆိုသတဲ့။

အချစ်ဆိုတာဘာလဲ ??


ဆရာကပြောတယ် မင်းရဲ့မေးခွန်းဖြေဖို့ အတွက် မင်း စပါးခင်းထဲကိုသွားပါ။ အကြီးဆုံး စပါးနှံ(စပါးစေ့ဆိုရင်လဲရမှာပါ မြင်သာအောင်စပါးနှံလို့)ေ၇ွးယူပြီးပြန်လာခဲ့လို့ မှာတယ် ဒါပေမဲ့ စည်းကမ်းက စပါးစိုက်ခင်းတန်းတခုကို တခါပဲဖြတရမယ်။ပြန်လှည့်ပြီးကောက်ခွင့်မရှိဘူးတဲ့။
ဒါနဲ့ကျောင်းသားက လယ်ကွင်းထဲသွားတယ် ပထမတန်းကိုဖြတ်တဲ့အခါစပါးနှံကြီးတခုကို မြင်တယ် ဒါပေမဲ့ သူ ထင်တာ နောက် တစ်တန်းမှာဒီထက်ကြီးတာတွေ့နိုင်သေးတယ်ပေါ့ နောက်တော့ စပါးခင်းတ၀က်လောက်မှာသူတွေ့သမျှစပါးနှံတွေက ပထမသူတွေ့ခဲ့တဲ့ စပါးနှံလောက် မကြီးဘူးဆိုတာ သူသိလာတဲ့ အခါ သူနောင်တရခဲ့တယ် နောက်ဆုံးမှာ လက်ဗလာနဲ့ဆရာ့ဆီပြန်ခဲ့တယ် ။ ဆရာကသူ့ကို ပြောတာက အဲဒါအချစ်ပဲ။ မင်းကနောက်ထပ် ဒီထက်ကောင်းတာတွေ့မလားဆိုပြီး ရှာခဲ့တယ်။ ဒါပေမဲ့ကောင်းတဲ့ တယောက်ကို မင်းဆုံးရှုံးခဲ့ပြီဆိုတာ နောက်တော့မှမင်းသိလာမယ်တဲ့။

ကွန်ပြူတာလောကမှ ဟာသများ


သားတို့လုပ်စရာမလိုတော့ဘူး

အစ်ကိုဖြစ်သူက ညီဖြစ်သူကို ကွန်ပြူတာသင်ပေးရင်း စိတ်မရှည်တော့သဖြင့် အော်၍…

“ဟေ့ကောင် Cancel လုပ်ဖို့ပြောနေတာ Cancel Cancel !!!!…”

ထိုစဉ် အိမ်ရှေ့ခန်းတွင် သတင်းစာဖတ်နေသော အဖေဖြစ်သူက…

“သားကြီးရေ ညီလေးကို အဲ့ဒီလောက်ထိ မခိုင်းပါနဲ့ကွာ မနေ့ကဘဲ မောင်ပုကို ကန်ထဲကနွံတွေရော အကုန်ဆယ်ပြီး ဆေးခိုင်းလိုက်ပြီးပြီ။”

 

အကင်းပါးတယ်နော်

ကွန်ပြူတာကျောင်းသို့ သက်ဆိုင်ရာမှလူကြီးလာစစ်ရာ ကျောင်းသားများထဲမှ တစ်ယောက်ကို စာလှမ်း မေးလိုက်ရာ…

“Looping ထဲမှာ Do နဲ့ စတဲ့ Looping ကိုပြောစမ်းကွာ?”

ကျောင်းသားမှာ အိုးတိုးအမ်းတမ်းဖြစ်နေရာ တာဝန်ကျဆရာက အရိပ်ပြတဲ့ အနေနှင့်သူ၏ ဒူးကို ဖနောင့်လေး ထောက်ပြီး လူကြီးမသိအောင် ၀ိုင်းပြလိုက်သည်။ ကျောင်းသားက အကင်းပါးစွာ ပြောလိုက်တာကတော့….

“ဒူးလည် Looping ပါခင်ဗျာ….”

 

ရှင်းတယ်နော်

Programmer တစ်ယောက်ကို အင်တာဗျူးရာ…

“ခင်ဗျားတို့ Programmer တွေ Program ရေးတဲ့အခါ variable name တွေမှာ ဘာကြောင့် i ကိုအသုံးများ ကြတာလဲ ခင်ဗျ…”

Programmer ကပြန်ဖြေရာ…

“ဟုတ်ကဲ့ ဒါကတော့ သုံးချင်လို့ပါ…”

 

စိတ်ရှည်တယ်နော်

အသက်၆၀ ကျော် အဖိုးကြီးများကိုသင်သော ကွန်ပြူတာခန်းတစ်ခုတွင် Microsoft Word ကို စသင်ရာ…

“စာပိုဒ် တစ်ပိုဒ်ပြီးရင် နောက်တပိုဒ်အတွက် Enter Key ကိုနှိပ်ပါ။ E.N.T.E.R ဆိုတဲ့ Key ပါ…Keyboard မှာအကြီးဆုံး Key ပါ…တွေ့ပြီလားခင်ဗျာ…မတွေ့သေးရင်…Right Shift Key ရဲ့ အပေါ်မှာပါ…Back Space ရဲ့ အောက်မှာပါ…Keyboard ရဲ့ ညာဘက်အစွန်ဆုံး ထောင့်မှာလည်းရှိပါတယ် ခင်ဗျာ…တွေ့ပြီလား ခင်ဗျာ…”

ဒါကို အဖိုးကြီးတစ်ယောက်က Enter Key ကို လက်ညှိုး ထိုးပြပြီး…

“ဖိုးသား ဒါကိုနှိပ်ရမှာ လားဟင်…”

စာသင်တဲ့သူက…

“ဟုတ်တယ် အဲ့ဒါကို နှိပ်ရမှာ…ကဲ!!!ဖြောင်းဖြောင်းဖြောင်း!!!”

 

Program အတု

Programmer တစ်ယောက်ရေးထားသော Program တစ်ခုကို Tester မှ Error စစ်ရာ…ပထမ Run ကြည့်သည်။ နောက် Interface တွင် Input လုပ်ပြီး ဟိုနှိပ်ဒီနှိပ် ဟိုထည့်ဒီထည့် ကိုအချိန်တော်တော်ကြာ လုပ်ပြီး Program code များကို စစ်သည်။ ပြီးတော့ ပြန် Run ကြည့်သည်။ နောက်ပြီး Interface တွင် ပြန် Input လုပ်ပြန်သည်။ ဟို Click ဒီ Click လုပ်ပြီး Number တွေရော Text တွေရော Date မှန်တာရော မှားတာရော လျှောက်ထည့်သည်…Error ကမတွေ့ ဒါနဲ့ Code ကိုပြန်စစ်သည် ပြန် Run ကြည့်သည် ဒီအတိုင်း ထပ်ခါထပ်ခါ လုပ်ပြီး နောက် Tester ပြောလိုက်တာက…

“ဟူး…မင်း Program က Program အစစ်မှဟုတ်ရဲ့လား…”

 

ကျက်တဲ့နေရာမှားနေတယ်

ကွန်ပြူတာတက်နေသော ကျောင်းသားနှစ်ယောက် Programming စာမေးပွဲဖြေရန် စာကျက်နေကြရာပထမကျောင်းသားက –

Private Sub cmdDisplay_Click() Dim i As Integer For i=1 To 10 Step 1 ……စသည်တို့ကို အစချီပြီး ကျက်နေရာဒုတိယကျောင်းသားက –

ဆရာကြီးဂိုက်ဖြင့် လှမ်းပြောလိုက်တာက –

“ဟေ့ကောင် မင်းတော်တော်အတဲ့ကောင်ဘဲ Private Sub တို့ဘာတို့ဆိုတာ အဆင်သင့်ပါပြီးသားကွ။ Dim ကစကျက်ရမှာ”

 

ဒါတောင်အားမပါသေးဘူး

ကွန်ပြုတာစာသင်ခန်းတစ်ခုတွင် သင်တန်းဆရာက မြန်မာစာလက်ကွက် ရိုက်နည်းစသင်မည့် နေ့တနေ့တွင်….

“အားလုံး နားထောင်ပါ Microsoft Word ထဲမှာ မြန်မာစာရိုက်ဖို့ ဖောင့်ပြောင်းပြီးရင် Cap Lock Key ကိုပိတ်ရိုက်ရမယ်…ကဲစရိုက်ရအောင်။”

ထိုအချိန်တွင် နောက်ဆုံးကွန်ပြူတာတွင် ထိုင်နေသော ကျောင်းသားတစ်ယောက်ဆီမှ…

“ဖြောင်း!…” ဆိုသောအသံတစ်ခုကြားလိုက်ရာ… သင်တန်းဆရာက ထိတ်လန့်သောအသံဖြင့်…

“ဟေ့ ဟိုနောက်ဆုံးက ဘာဖြစ်တာလဲ…”ကျောင်းသားကပြန်ပြောလိုက်တာကတော့….

“ဆရာဘဲ Cap Lock Key ကို ပိတ်ရိုက်ဆိုလို့ ရိုက်လိုက်တာပါ။ ဒါတောင် အားမပါသေးပါဘူး ဆရာ။”

 

ဘာမှတ်လဲ

ကွန်ပြူတာတက်နေသော ကျောင်းသားတစ်ယောက်အရပ်ထဲတွင် ရန်ဖြစ်ရာဒေါသတကြီးနှင့် ပြောလိုက်တာက..

“ဟေ့ကောင် မင်းငါ့ကို ဘာမှတ်လဲ Looping ထဲထည့်ပြီး Variable တွေနဲ့ထုလိုက်လို့ အသက်ပျောက်သွားမယ်။”

 

အရမ်းကြီးမှာဘဲနော်

ကွန်ပြူတာ သမိုင်းကိုဆရာက ကျောင်းသားများကို သင်ရာ…

“ဟိုး…အရင်တုန်းက ကွန်ပြူတာဟာ မင်းတို့မျက်စိထဲမြင်အောင် ပြောရမယ်ဆိုရင် စက်ရုံကြီးတရုံ၊ (သို့) ဂိုဒေါင်ကြီးတခုလိုပဲကွ….”ထိုစဉ် ကျောင်းသားတစ်ယောက်က ထပြီးမေးရာ…

“ဆရာဒါဆိုရင် Mouse ဆိုတော်တော်ကြီးမှာ ဘဲနော်”

ဆရာကရွဲ့ပြီး….”အေးပေါ့ကွာ Keyboard က Key တခုတခုဆို ထိုင်ခုံလောက်တောင်ရှိတာ…Key နှိပ်ဖို့ လူတွေတက်ဖိရတယ်..”

ဒါကိုကျောင်းသားက…

“မြင်ဘူးချင်လိုက်တာ ဆရာရယ်ဘယ်မှရှိလဲ ကျွန်တော်သွားကြည့်ချင်လို့ပါ…”

ဆရာကပြန်ပြောလိုက်ရာ….

“ဟေ့ကောင် မင်းကိုရွဲ့ပြောနေတာဟေ့!…”

 

ကုန်မှာစိုးတယ်

Microsoft Word ထဲတွင် စာလုံးများကို အရောင်ထည့်တာကို စသင်သောနေ့တွင်၊ ရိုက်ထားသောစာပိုဒ်မှ တစ်ပုဒ်စီကို အရောင်တစ်ရောင်စီထည့်ရန် ဆရာကပြောပြီးလုပ်ခိုင်းရာ….ကျောင်းသူတစ်ယောက်မှာ စာပိုဒ်မှ စာအနည်းငယ်ကိုသာ အရောင်ကို အနည်းငယ်စီထည့်နေတာကို ဆရာကမြင်သွားရာ

“ဟေ့ဘာလို့ အရောင်ကို စာပိုဒ်အားလုံးအတွက် မထည့်တာလဲ?” ထိုစဉ် ကျောင်းသူကပြန်ပြောလိုက်တာက

“ဆရာရယ် အရောင်တွေကုန်သွားရင် ဆရာတို့ပြန်ပဲပြန်ထည့် နေရမှာပေါ့”

 

Mask သုံးစေချင်တယ်

ကွန်ပြူတာတက်နေသော ကျောင်းသားကို သူ့အမေကစိတ်ပူသော အသံဖြင့်…

“သားရေ ကွန်ပြူတာသုံးရင် နှာခေါင်းအုပ်လေးဘာလေး အုပ်ပြီးသုံးနော် ကွန်ပြူတာပိုးတွေ သောင်းကျန်းနေတယ်ဆိုလားဘဲ အမေဈေးထဲကကြားခဲ့လို့။”