လွဲချက်


ဒီနေ့ နေ့လည် ခဏအားလို့ ဘာလုပ်ရင်ကောင်းမလဲ စဉ်းစားနေတုန်း စန္ဒာသူရိယ ဘလော့အတွက် Googel မှာ ရှာလိုက်ဦးမယ်ဆိုပြီး ရှာလိုက် တွေ့ပါလေရော…. Ning website တခုမှာ တွေ့ပါတယ်။ ထာဝရသူငယ်ချင်း ဆိုတဲ့ ဆိုက် လေးပါ။

ကျွန်တော်တို့ စန္ဒာသူရိယ ဘလော့ ကစာတစ်ချို့ကို မှတ်ရှုသူတစ်ယောက်က ပြန်လည်မျှဝေထားတာပါ။ “ ၀ဋ်မှာအမြဲ ၊ ငရဲမှာ အပ” ဆိုတဲ့ ပိုစ့်လေးပါ။ ဘယ်ကနေကူးယူဖော်ပြထားတယ်ဆိုတာ ကိုညွှန်ပြထားတဲ့ အညွှန်းလေးကို ဖတ်ပြီးတော်တော် ခေါင်းကြီးသွားပါတယ်။ အဲဒါနဲ့ ချက်ချင်း စန္ဒာ (မေကျော်) ကိုပြောပြီး ၀င်ရှင်းပြလိုက်ပါဦးလို့ ပြောပြလိုက်ရတယ်။ ဘယ်နဲ့ဗျာ…. သူရေးထားတာက ကြည့်ပါဦး။

“အရှင်စန္ဒာသူရိယ http://sandarthuriya.wordpress.com/ ကူးယူဝေမျှပါသည်”  လို့ရေးထားပါတယ်။

သူရေးထားတာတဲ့ ပုံက ကျွန်တော် (သူရိယ) ကပဲ ဘုန်းကြီးလိုလို၊ စန္ဒာ (မေကျော်) နဲ့ ယုဇနမောင် (ကြယ်စင်)  ကပဲ သီလရှင်တွေလိုလို…

အင်း… နမိတ်ပြနေတာလားမသိပါဘူးဗျာ……..

ဒီပို့စ်လေးရေးဖြစ်ရင် တခါတည်းကြော်ငြာလိုက်ဦးမယ်။ စန္ဒာသူရိယ ဘလော့ ဆိုတာ ကျွန်တော်တို့ မောင်နှမသုံးယောက် တတ်စွမ်းသလောက်လေး ပြုလုပ်ထားတာပေါ့။

သာသနာနှစ် ၂၅၅၃၊ ကောဇာသက္ကရာဇ် ၁၃၇၁ ၀ါဆိုလပြည့်နေ့ ၁၅ ရက်၊ (ဓမ္မစင်္ကြာအခါတော်နေ့) တနင်္လာနေ့၊ ခရစ်နှစ် ၂၀၀၉ ခုနှစ်၊ ဇူလိုင်လ ၆ ရက်နေ့ တွင်စတင်ခဲ့တာပါ။ ဗုဒ္ဓအဆုံးအမ တရားတော်များနှင့် မှတ်သားဖွယ်ရာများသာ သီးသန့်ရေးသား ဖော်ပြတာဖြစ်ပါတယ်။ လာရောက်လေ့လာဖတ်ရှု့ဖို့ ဖိတ်ခေါ်ပါတယ်။

လာရောက်လည်ပတ်ကြတဲ့ မိတ်ဆွေ သူငယ်ချင်းများလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်းနဲ့ စန္ဒာသူရိယ ဘလော့ရဲ့ ဧည့်မှတ်တမ်းလေးမှာ တစုံတခု ရေးပေးသွား ကြပါဦးလို့….

Advertisements

ထာဝရ အတူတကွ


together-forever

Together, Forever.. Walking together
Loving each other so effortlessly.
Sharing and caring, We’re closest of friends.
Always together – Our love never ends.
Together, Forever – Our heart are so true.
Together, Forever – Just me and you.
Together, Forever – Let love have its way.
Together, Forever – We’re happy each day!

နေ့လည်ထမင်းစားနေတုန်း သူငယ်ချင်းတစ်ယောက်က သူ့ဖုန်းထဲမှ Theme အသစ်လေးကိုပြတော့ အထဲက ပုံလေးထဲမှာရေးထားတဲ့စာသားလေးကို သဘောကျပြီး ကဗျာတပုဒ်ရေးလိုက်တယ်… အထဲမှာ ရေးထားတဲ့ စားသားလေက Together and Forever တဲ့။ သူက အချစ်အတွက် ရည်ညွှန်းထားပေမယ်.. ကျွန်တော်ကတော့ သူငယ်ချင်းတွေရဲ့ အဖြူရောင်ချစ်ချင်းမေတ္တာလေးပေါ့။ ပူလောင်ခြင်းကင်းတဲ့ ၅၂၈ မေတ္တာအတွက် ရည်းစူးပြီးရေးလိုက်တာပါ…

ဆားငန်ရေသောက်


ဖွားမြင်သည်ကစ၍ မိဘချစ်ရ၊ ဆွေမျိုးညာတိချစ်ရနှင့် ချစ်လက်စတီထွင်ကာ အတော်ကြာလျှင် ကစားဖော်ချင်းချစ်ရ၊ မိတ်ဆွေချင်းချစ်ရ စသည်ဖြင့် ၀မ်းတွင်းပါ ဓမ္မတာတရားက အချစ်ကို လမ်းပြနေသောကြောင့် ရေငတ်ငတ်ရှိ၍ ဆားငန်ရေကို သောက်လိုက်ရော သောက်ပြီးခါမှ သာ၍ငတ်၊ ငတ်သည့်အတွက် ထပ်၍သောက်၊ သောက်လေငတ်လေ ဖြစ်သကဲ့သို့ ကာမဂုဏ် အာရုံတွေကို ငတ်ငတ်ရှိ၍ လိုက်စားခါမှ သာ၍ငတ်ပြီးလျှင် အပြစ်မမြင်နိုင်ဘဲ ချစ်ပင်လယ်ထဲ၌ ၀ဲလှည့်၍ နေကြရလေတော့သည်။

“ အချစ် အချစ်၊ ချစ်တိုင်းချစ်၍၊ ချစ်လေချစ်လေ၊ ချစ်မပြေတည်း၊ ဆားငန်ရေနောက်၊ ငတ်တိုင်းသောက်က၊ သောက်လေသောက်လေ၊ ငတ်မပြေသို့၊ ပေမအရာ၊ တဏှာဖွဲ့ရစ်၊ ထိုအချစ်လည်း၊ အပြစ်မမြင်၊ မဆင်ခြင်ဘဲ၊ ချစ်လျှင်ပျော်နိုး၊ ချစ်စပျိုးသည်၊ ချစ်ရိုးချစ်စဉ် ချစ်လမ်းတည်။ ”

(ရှေးပညာရှိပျို့)

အပြာရောင် အချစ်ည … (သို့) အမှတ်တရ ချောင်းသာ (အပိုင်း – ၂)


ကျွန်တော်တို့ အုပ်စုကတော့ စားလိုက်သောက်လိုက် သီချင်းဆိုလိုက်နဲ့ပေါ့။ ဒီလိုနဲ့ နေ့လည် ၂နာရီခွဲ လောက်မှာ ကားပြန်ကောင်းသွားပြီ။ ဒီလိုနဲ့ ခရီးဆက်ကြပေါ့။ ပုသိမ်မြို့ ကိုကျော်… ပုသိမ်တက္ကသိုလ်ကိုတော့ လမ်းပေါ်ကနေမြင်ခဲ့ရတယ်… ပုသိမ်ကျော်လာတာနဲ့ လမ်းက တဖြည်းဖြည်းကြမ်းလာပီ…ပတ်ဝန်ကျင်းကလည်း မြို့ပြအရိပ်အရောင်ကင်းလို့ တောထဲရောက်သွားသလို့ ဖြစ်လာတယ်။ လမ်းဘေးမှ သစ်ပင်ကြီးတွေနဲ့… မိုးကလည်း တဖွဲဖွဲရွာလို့… နောက် တောင်တက်တောင်ဆင်းတွေ…. ချောင်းသာကမ်းခြေနဲ့တော့ တဖြည်းဖြည်းနီးလာပီ။ သိပ်မကြာဘူး..သွားရင်း..သွားရင်းနဲ့ တောင်ထိပ်တခုပေါ်ရောက်တော့ ပင်လယ်ပြာပြာကြီးကိုမြင်လိုက်ရတယ်… ကျွန်တော်တို့သူငယ်ချင်း တစု ထအော်လိုက်တော တခြားအိပ်နေတဲ့ သူတွေလဲ လန့်နိုးလာကြတယ်။ နောက်ချောင်းလေးတခုကို ဖြတ်ပီးဆောက်ထားတဲ့ တံတားလေးတခုကိုတွေ့တယ်…. ကားပေါ်မှာပါလာတဲ့ ကောင်လေးက တံတားလေးနာမည်ကိုပြောပြတယ်… ရိုးရိုးပြောတာမဟုတ်ဘူး။ ကိုရီးယားနာမည်နဲ့ပြောတာ….. တံတားနာမည်က လီဆောင်းဦးတံတားတဲ့… ဆောင်းဦးတံတားဆိုလဲရတယ်တဲ့…စဉ်းစားကြတဲ့…. အကုန်လုံးစဉ်းစားကြတယ်။ ဘယ်သူမှမသိဘူး…. အားလုံးက ပြောပြပါတော့ဆိုမှ ပြောပြတယ်။ နာမည်က ဥတိုတံတားတဲ့…… ပထမတော့ ဘယ်သူမှ နားမလည်ကြသေးဘူး…. နောက်တဖြည်းဖြည်းစဉ်းစားရင်းနဲ့ အတွေးပေါက်လာပီး တစ်ကားလုံးရယ်လာကြတာ ချောင်းသာကမ်းခြေကို ၀င်ကာနီး အခွန်ဆောင်တဲ့နေရာရောက်မှ တိတ်သွားကြတယ်။ အားလုံး ကိုယ်အထုပ်ကိုယ်ပြင်ကြပေါ့… နောက်တော့ ကိုယ်တည်းမယ့်ဟိုတယ်တွေ ကိုမေးပီး ဟိုတယ်ရှေ့မှာ လိုက်ချပေးတယ်။

ကျွန်တော်တို့တည်းမယ့် ဟိုတယ်ရှေ့ရောက်တော့ အထုပ်တွေချပီး ပြန်ဖို့လာကြိုဖို့အချိန်ကို ပြောကြတယ်။ ကျွန်တော်နဲ့ ဆရာက ၂ရက်ပဲနေမှာ။ နောက်နေ့ဆိုပြန်မှာ။ ကျန်တဲ့သူငယ်ချင်းတွေက ၃ရက်နေမှာ…. အမှန်တော့ ကျွန်တော်ဒီချောင်းသာခရီးကို အစက လိုက်ဖို့အစီအစဉ်မရှိဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်အဖေဆုံးတာ ၄၉ရက်ပြည့်ကန်တော့ဖို့နဲ့ တိုက်ဆိုင်နေတယ်။ ဒါပေမယ့် သူငယ်ချင်းတွေကိုချစ်တတ်တဲ့ ကျွန်တော် ၂ရက်ပဲနေမယ်ဆိုပီး ရအောင်လိုက်လာတာ…. ဆရာကလည်း ကျွန်တော်ပြန်မှာဆိုတော့ သူပါလိုက်ပြန်လာတာ.. ဒီလိုနဲ့ ဟိုတယ်မှာ အခန်းရွေးကြနဲ့ပေါ့။ ရန်ကုန်မှာကတည်းက ဘွတ်ကင်လုပ်ထားပီးသားဆိုတော့ အခန်းမရမှာမပူရဘူး။ အားလုံး ၅ ခန်းပေါ့.. ကျွန်တော်နဲ့ ဆရာက တခန်း၊ နောက်ကျန်တဲ့ ယောင်္ကျားလေးတွေက ၂ခန်း၊ မိန်းခလေးတွေက ၂ခန်း ပေါ့။ ဆရာပါတော့ ကျွန်တော်တို့နေတဲ့အခန်းက အဲကွန်းနဲ့…. ဒါနဲ့ အထုပ်တွေချ…. အခန်းတံခါးပြန်ပိတ်… ကမ်းခြေဘက်ကို ပြေးထွက်လာကြတယ်။ ရောက်တဲ့အချိန်က နောက်ကျနေလို့ ဖိုးကုလားကျွန်းကို အရင်သွားကြတယ်. ဘာလိုလဲဆိုတော့ နောက်နေ့ ဆို ကျွန်တော်နဲ့ ဆရာက ပြန်မှာလေ…. ကမ်းခြေတလျှောက် လမ်းလျှောက်ရင် ဖိုးကုလားကျွန်းကိုသွားမယ့် စက်လှေဆိပ်ကိုသွားကြတယ်။ လမ်းမှာ ခရုခွံလေးတွေ ကောက်ရင်နဲ့ပေါ့… သူငယ်ချင်းတွေအုပ်စုလိုက်… ပျော်စရာကြီးပေါ့ဗျာ… ရေးရင်းရေးရင်းထပ်တောင်သွားချင်လာပီ။ ဟိုရောက်တော့ စက်လှေစီးပီး ဖိုးကုလားကျွန်းကိုကူးကြ…… ရောက်တော့ လျှောက်ပတ်ကြည့်ကြ…ဓတ်ပုံရိုက်ကြ… အုပ်စုလိုက်ပုံတွေကော.. တယောက်ချင်းပုံတွေကော…. တနာရီလောက်ကြာတော့ ဒီဘက်ကမ်းပြန်လာကြတယ်…. ဟိုတယ်ကိုပြန်ပီး…အ၀တ်အစားလဲ ပီးအားလုံးရေးထဲဆင်ပြေးကြတာပေါ့…… ပျော်စရာကြီးပေါ့…. အားလုံးတော်တော်မောတော့မှ ပြန်တက်လာကြတယ်။

အခန်းပြန်…ရေချိုး… အ၀တ်အစားလဲပြီး ညစာစားဖို့ ဟိုတယ်ကိုသွားကြတယ်… အစားအသောက်ကိုတော့ ထုံးစံအတိုင်း သဇင်နဲ့ မနီလာက ဘာစားမလဲတော့မေးပါတယ်။ ပီးတော့မှ သူတို့မှာချင်တာမှာပါတယ်။ ကျွန်တော်တို့စားချင်တာတွေတော့မပါလာပါဘူး။ ဒါကတော့ ထုံးစံပါပဲ… ဘယ်သူတွေဘာပဲမှာမှာ…နောက်ဆုံးတော့ သူတို့ စားချင်တာပဲ မှာလိုက်တာပါ…. နောက် တခြားယောက်င်္ကျားလေးတွေက ဘီယာသောက်ဖို့မှာကြတယ်။ အဲမှာ အဲပြဿနာက အခုအချိန်ထိရှင်းလို့မပီးသေးဘူး။ ဘာလဲဆိုတော့ အဲညက ကျွန်တော်ဘီယာ သောက်တယ် မသောက်ဘူးဆိုတာပဲ…..  တကယ်တော့ ကျွန်တော်သောက်ဖို့ ဖန်ခွက်ထဲ ထည့်ထားပီးသား…. နောက်တော့မှ စိတ်ပြောင်းသွားပီး မသောက်တော့ဘူး… ကျွန်တော်ခွက်ကို မိုမိုယူသောက်သွားတာ…. အဲဒါဘယ်သူမှ မသိလိုက်ဘူး… စားလို့ပီးတာနဲ့ ဘဏ္ဍာရေးမူး သဇင်က အားလုံးရှင်းပေါ့… လိုရင်သူစိုက်လိမ့်မယ်… ကျွန်တော်တို့ကတော့ စားမှာပဲ…. စားပီးတော့ ကမ်းခြေကိုထွက်လာကြတယ်… ဟိုတယ်က ကုလားထိုင်တွေယူလာပီး ၀ိုင်းဖွဲ့ထိုင်ကြ… ပထမဆုံးအစီအစဉ်အရ အမှတ်တရလက်ဆောင်လဲ ကြမှာပါ… မဲလိပ်နှိုက်ကြတော့… ကျွန်တော့် လက်ဆောင်ကို ဘယ်သူရသွားလဲတော့မေ့သွားပီ။ ကျွန်တော်ရတာကတော့ မိုမို ဆီက… Photo Frame လေးပါ….အခုတောင့် ကျွန်တော်နိုင်ငံခြားထွက်လာတော့ ပါလာသေးတယ်….ချောင်းသားက အုပ်စုလိုက်ရိုက်ထားတဲ့ အမှတ်တရပုံ ထည့်ထားသေးတယ်။ နောက်တော့ ပါဆယ်ဂိန်းကစားကြတာပေါ့။ ရီနေရာ ဗိုက်ကိုအောင့်တာပဲ… အရမ်းပျော်စရာ ကောင်းတာပေါ့…

ကျွန်တော်ရဲ့ မမေ့နိုင်တဲ့ ညလေးတစ်ညပေါ့…. ည ၁၂ နာရီကျော်မှ အခန်းပြန်အိပ်ကြတယ်…. မနက်ကျတော့ ၅း၀၀ လောက်မှာဆရာထတယ်… ကျွန်တော်လဲ ထပီး ကမ်းခြေကိုထွက်လာပီး…. ခုံတန်းလေးမှာ… ထိုင်ရင်း ချောင်းသာ ကမ်းခြေရဲ့ နံနက်ခင်း နေထွက်တာကို ကြည့်ပေါ့….ခဏနေတော့ မိုမို၊ မစန်ဒါ၊ မနီလာ တို့ ရောက်လာကြပါတယ်။ စကားပြောကြနဲ့ပေါ့…. တော်တော်လေးကြာတော့ ကျွန်တော်နဲ့ မိုမို စက်ဘီးသွားငှားလာပီး စက်ဘီးစီးကြတယ်… သဲထဲမှာ နင်းရတာဆိုတော့ တော်တော်မော်တယ်.. ခဏလေးပဲ စီးကြ…. နောက်လူတွေလဲ စီးကြပေါ့…  မောလာတော့ စက်ဘီးပြန်အပ်ပီး ရွာတွေဘက်ထွက်လာကြတယ်။ မနက်စာစားရင်းနဲ့ ဈေးဝယ်ကြဖို့ပေါ့…. ရွာထဲ ကိုရောက်တော့ လက်ဖက်ရည်ဆိုင်မှာ မုန့်စားကြ…. နောက် ဈေးတန်းဘက်သွားရင်လက်ဆောင်တွေဝယ်ကြနဲ့ပေါ့…. ၀ယ်ပီးတော့ ကမ်းခြေဘက်ကိုဆင်းပီးလမ်းလျှောက်ရင်း ပြန်လာခဲ့တာ…. လမ်းမှာ ဓတ်ပုံတွေရိုက်ကြနဲ့……. ပျော်စရာကြီးပေါ့…. .ဟိုတယ်ပြန်ရောက်တော့ အ၀တ်အစားလည်းပီး ရေထဲဆင်းဖို့ ပြင်ကြတယ်…. ကျွန်တော်ကတော့မဆင်းတော့ဘူး… ဘာလို့လည်းဆိုတော့ ခဏနေရင် ကားလာကြိုတော့မှာ…… နောင်တနာရီလိုက်ကြာတော့ ဟိုတယ်ရှေ့ကို ကားရောက်လာပီ… ကျွန်တော်နဲ့ဆရာ အထုပ်ဆွဲပီး…. ရန်ကုန်သို့ပြန်ခဲ့လေတော့သတည်း။ ကျန်ခဲ့တဲ့ သူငယ်ချင်းတွေကတော့ ပျော်လို့ကောင်းတုန်းပေါ့……

အခုတော့ ဒီလိုအမှတ်ရစရာတွေ ပျော်ရွှင်စရာတွေ ကုန်လွန်ခဲ့ပီ…. မမြင်နိုင်သေးတဲ့ အနာဂတ်မှာ ကြုံတွေ့လာမယ့် စိန်ခေါ်မှု့တွေအတွက် ပြင်ဆင်ရင် ဖြတ်ကျော်ရမယ့် အခက်အခဲတွေကို တိုက်ဖျက်ဖို့ ကြိုးစာရင်း ဝေးကွားခဲ့ရတဲ့ သူငယ်ချင်းတွေကို တိုင်ဆိုင်မှု့တွေရှိတိုင်း သတိရလျက်…..

အပြုံးနဲ့ မှေးစက်တော့ချစ်သူရေ…
ထပ်ပီးတော့မဝေးတော့ဘူး..
ငြိမ်းချမ်းလှပတဲ့ ကိုယ့်အချစ်များစွာယူ..
အလွမ်းကြောင့် ကျခဲ့တဲ့ မျက်ရည်တွေ..
ဒီအချိန်မှာ တိတ်လိုက်တော့..
မျှော်လင့်ခဲ့ရတဲ့ အချစ်ညလေး..
အတူတူရောက်ရှိခဲ့ပေါ့…
အတူရောက်ရှိခဲ့ပေါ့….
အပြာရောင် အချစ်ည …
မင်းလှမ်းကြည့်လိုက်စမ်း…
မိုးကောင်းကင်ထက် များတဲ့တို့အချစ်များ…
ကြယ်စင်အားလုံးထက် လင်းတဲ့တို့အချစ်များ…
အပြာရောင်အချစ်ည ကမ္ဘာမှာ….
သီချင်းလေးနဲ့ ချော့သိပ်ချင်တယ်…
ဒီရင်မှာ အိပ်စက်တော့..
ပျောက်ဆုံးမသွားတော့မယ့် အချစ်ညလေး…
ထာဝရ သိမ်းထားလိုက်တော့…
သိမ်းထားလိုက်တော့….
အပြာရောင် အချစ်ည..
မင်းလှမ်းကြည့်လိုက်စမ်း…
မိုးကောင်းကင်ထက် များတဲ့တို့အချစ်များ…
ကြယ်စင်အားလုံးထက် လင်းတဲ့တို့အချစ်များ…
အပြာရောင်အချစ်ည ကမ္ဘာမှာ….
အိပ်မက်တွေ လှပစေ..
တို့ အချစ်ညလေး…..
တောင်းဆုတွေ ပြည့်စေ….
တို့ အပြာရောင်ညလေး…
အပြာရောင် အချစ်ည..
မင်းလှမ်းကြည့်လိုက်စမ်း…
မိုးကောင်းကင်ထက် များတဲ့တို့အချစ်များ…
ကြယ်စင်အားလုံးထက် လင်းတဲ့တို့အချစ်များ…
အပြာရောင်အချစ်ည ကမ္ဘာမှာ….
ကြယ်စင်အားလုံးထက် လင်းတဲ့တို့အချစ်များ…
အပြာရောင်အချစ်ည…..

(မိုမို ဆက်ဖတ်ချင်တယ်ဆိုလို့ ရေးလိုက်ပီနော်..  ရန်ကုန်-နေပြည်တော်-မန်းလေး-ပုဂံ-ရန်ကုန် ကိုမကြာခင်ရေးပေးပါဦးမယ်။ ဒီခရီးက တောင်းဆိုတဲ့သူတော်တော်များနေတော့… ပုဂံအကြောင်းကိုတော့ တိုက်ဆိုင်မှုရှိမှပဲရေးပါတော့မယ်..)

ခွဲခွာခြင်း


တွေ့ဆုံကြုံကွဲ ဆိုတာ လူ့လောကမှာ ဖြစ်ပျက်နေကြ သဘောတရားတွေပါ။ ဒါတွေကို ကျနော်တို့ နားလည်နေပါလျက်နဲ့ ကိုယ်ချစ်ခင်ရင်းနှီးသူ တစုံတယောက်က ခွဲခွာသွားတဲ့အခါများမှာ ဘာလို့များ ၀မ်းနည်းခြင်းတွေကို ခံစားကြရတယ်ဆိုတာကိုသိသလား။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ဟာ ခံစားချက်နဲ့ အသက်ရှင်နေတဲ့ သက်ရှိလူတွေ ဖြစ်လို့ပါပဲ။

ကျနော့် ဘ၀တလျှောက်(အခုအချိန်ထိ)မှာ ကျနော်ချစ်ခင်တဲ့ သူတွေကျနော့် ကို ခွဲခွာသွားကြတာ မနည်းပါဘူး။ ပထမဆုံး ကျနော် သိပ်ချစ်တဲ့ အဖေ။ ကျနော့ကို သိပ်ချစ်တဲ့ အဖေဆို ပိုမှန်လိမ့်မယ်။ အဖေဟာ ကျနော့်တို့မိသားစုကို စောစောစီးစီး ခွဲခွာ သွားခဲ့တယ်။ နောက် ကျနော်အရမ်းချစ်တဲ့ ဦးလေးနဲ့ အဒေါ်၊ ခွဲခွာသွားခဲ့တယ်။ ဒါတွေက ဘယ်တော့မှ ပြန်မဆုံနိုင် တော့တဲ့ သေခြင်းတရားက ကျနော်ချစ်တဲ့သူတွေနဲ့ ကွဲကွာစေခဲ့တာပါ။ နောက် ကျနော် နိုင်ငံခြားကိုထွက်လာတော့ ကျန်ခဲ့တဲ့ ကျွန်တော့အမေ၊ အနီးကပ်ဆုံး ရင်နှီးတဲ့ ငယ်သူငယ်ချင်းတွေ၊ အရမ်းချစ်ကြတဲ့ သူငယ်ချင်းတွေ (အပြာရောင်အချစ်ညပို့စ်)၊ ပလန်းနက်က ရင်းနှီးတဲ့ သူငယ်ချင်းတွေ အားလုံး….အားလုံးပေါ့..

နောက် ကျွန်တော်ကိုအရမ်းချစ်တဲ့ဆရာ (အပြာရောင်အချစ်ညပို့စ်) ဆရာဝတ္တရားတင်မက မိဘ၀တ္တရားလောက်ကို ကျေခဲ့တဲ့ ဆရာ၊ ကျွန်တော် ဒီကိုထွက်လာပီး ၃လ မြောက်မှပဲ ကွယ်လွန်ခဲ့တယ်။ ကျွန်တော် ၁နှစ် ပြည့်လို့ပြန်လာရင် ဘယ်တွေသွားကြမယ် ဘာတွေလုပ်ကြမယ် ခဏခဏ ပြောခဲ့တဲ့ဆရာ၊ သူ့ မွေးရပ်မြေ ဂျပန်နိုင်ငံတောင်မပြန်လိုက်ရပဲ မြန်မာနိုင်ငံမှာ ကွယ်လွန်ခဲ့ရတယ်။ ကျွန်တော်ပြန်သွားချင်ပေမယ့် ပြန်လို့မရတဲ့ အခြေအနေမှာ… ပြန်တွေ့ကြမယ်ဆို့ မျှော်လင့်ထားကြပေမယ် မမြင်ရတဲ့ ကံကြမ္မာကို မလွန်ဆန်နိုင်ခဲ့ဘူးလေ။

လူတစ်ချို့ ကိုယ့်ဘဝထဲ ဝင်လာကြတယ်။ ဒါပေမယ့် တစ်ချို့က မြန်မြန်ဆန်ဆန် ထွက်ခွါသွားကြတယ်။ တစ်ချို့က ခဏလေး ရပ်နားပေမယ့် တစ်ချို့က ကြာကြာရပ်နားပြီး ကိုယ့်သူငယ်ချင်းတွေ ဖြစ်လာခဲ့တယ်။ ကိုယ့်ရင်ဘတ်မှာ လှပတဲ့ အမှတ်တရခြေရာတွေ ထွင်းရစ်ခဲ့ကြတယ်။ လူတစ်ယောက်ရဲ့ Address Book မှာ နေရာတစ်နေရာ ရဖို့ လွယ်ပါတယ်။ လူတစ်ယောက်ရဲ့ နှလုံးသားမှာ နေရာ တစ်နေရာရဖို့ ခက်ခဲပါတယ်။

တွေ့ဆုံမှု့နဲ့ စတင်ခဲ့တဲ့ ဇတ်လမ်းမှာ ခွဲခွာခြင်းဆိုတာနဲ့ ဇတ်သိမ်းမယ်ဆိုတာ အားလုံးသိပါတယ်။ မခွဲခွာခင် အချိန်လေးမှာ မလိုမုန်းတရား၊ မာနတွေခွာချလို့ ဖြူစင်စွာမေတ္တာနဲ့ တန်ဖိုးရှိစွာ တွေ့ဆုံခဲ့မယ်ဆိုရင် ခွဲခွာချိန်မှာ သိပ်ပြီးခံစားရတော့ဘူးပေါ့။ ကံမကုန်ရင် ပြန်ဆုံကြမှာပေါ့။ ဒီတော့ ပြန်မဆုံခင်လေးမှာ –

ငါ့ကိုမေ့ဖို့ကို မင်းသတိမရပါစေနဲ့၊ ငါ့ကိုသတိရဖို့ မင်းမမေ့ပါစေနဲ့ဆိုပီးတော့ ဆုတောင်းနေကြတာပေါ့။

Don’t forget to remember me and don’t remember to forget me.

အကြောင်းအမျိုးမျိုးကြောင့် ခွဲခွာနေရသူအားလုံး ပြန်လည်ဆုံဆည်းကြပါစေလို့ ကျွန်တော် ဒီကနေ ဆုတောင်းလိုက်ပါတယ်။ ကျွန်တော့်ဆီက ဆုတွေယူပြီး ဒီအတိုင်းပြန်မသွားနဲ့ဦးနော်… ကျွန်တော့်ကိုလည်း ပြန်ဆုတောင်းပေးခဲ့ဦးနော့……

(သူငယ်ချင်းတစ်ယောက်အတွက် အမှတ်တရ)

အပြာရောင် အချစ်ည … (သို့) အမှတ်တရ ချောင်းသာ (အပိုင်း – ၁)


ဒီနေ့မနက် ရုံးသွားတော့ ကားပေါ်မှာသီချင်းနားထောင်မိတယ်…. အရင်မနက်တွေဆို ပရိတ်ကြီး ၁၁ သုတ်ကိုပဲ နာတာ။ ဒီနေ့တော့ သီချင်းနားထောင် ဖြစ်တယ်။ မျိုးကြီးရဲ့ အပြာရောင်အချစ်ည သီချင်းကို ရောက်တော့ အရင် ကျွန်တော်သင်တန်းတက်တုန်း အချိန်တွေကို ပြန်မြင်ယောင်လာတယ်။ ဒီသီချင်းက ကျွန်တော်တို့ သူငယ်ချင်းတစုရဲ့ ဘယ်တော့မှမေ့နိုင်မဲ့ သီချင်းမဟုတ်ပါဘူး။ ပြန်စဉ်းစားရင်း… ပြန်စဉ်းစားရင်း………………..

၂၀၀၅ ခုနှစ် ဒီဇင်ဘာ ၁၃ရက်နေ့ မနက် ၃း၀၀…
ကျွန်တော်တစ်ယောက်တည်း အထုပ်လေးဆွဲလို့ စင်ထရယ်ဟိုတယ်ရှေ့မှာ။ ကားက ၄း၀၀ ဆိုတော့ စောတော့စောသေးသည်။ ဒါနဲ့ ဟိုတယ်ထဲကိုဝင် ဧည့်ကြိုကောင်တာကနေ ပီးတော့ ဆရာ ခိနိုးရှိတ ဆီကိုဖုန်းဆက်တော့ နောက် ၁၀ မိနစ်ဆို ဆင်းလာမယ်တဲ့။ အဲဒါနဲ့ပဲ ဧည့်ခန်းမမှာ ထိုင်စောင့်နေလိုက်တယ်။ အချိန်အတိအကျမှာပဲ ဆရာရောက်လာတယ်။ နောက် အထုပ်ကိုယ်စီဆွဲကာ ပန်းဆိုးတန်း ဘုရားဖူးကားတွေ ဂိတ်ထိုးတဲ့ နေရာကိုလမ်းလျှောက်သွားကြတယ်။ ၁၅ မိနစ်လျှောက်လိုက်ရတယ်။ ဟိုရောက်တော့ တခြားသူငယ်ချင်းတွေမရောက်ကြသေးဘူး။ ၁၀ မိနစ်လောက်နေတော့ မိုမို ရောက်လာတယ်။ နောက် တဖြည်းဖြည်းနဲ့ ရောက်လာကြပါပီ။ ကိုမြင့်ငြိမ်း၊ ကိုကြီးကျော်၊ မျိုးဇော်၊ကိုချစ်ကို၊ နီလာ၊သဇင်၊ စန္ဒာ၊ သိမ့်၊ မနန်း၊ လူစုံပါပီ။ အားလုံး ၁၁ ယောက်။ ကျွန်တော်အပါအ၀အ၀င်ပေါ့။ ၄း၀၀ ကျော်ကျော်လောက်မှာ လေအိတ်ကားကြီးရောက်လာပါပီ။ ဒီကားကတော့ ကျွန်တော်တို့ သူငယ်ချင်းတစုကို ချောင်းသာ ကမ်းခြေကို ခေါ်ဆောင်သွားမယ့် ကားကြီးပေါ့။

ကားပေါ်တက်အထုပ်တွေနေရာချ။ ကိုယ့်နေရာကိုယ်ထိုင်ကြပေါ့။ ကျွန်တော့ဘေးမှာတော့ ဆရာခိနိုးရှိတပေါ့။ ကားကစထွက်ပါပီ။ ၄း၃၀ လောက်မှာ။ လမ်းမှာ လူတွေလိုက်ကြိုရင်းနဲ့ ၅း၃၀ လောက်မှာ ရန်ကုန်မြို့ကနေစထွက်ခဲ့ပါတယ်။ လိုင်သာယာ မြို့ဘက်နေပေါ့။ ကျွန်တော်တို့ သူငယ်ချင်းတစု ကတော့ စလိုက်နောက်လိုက်နဲ့ ပျော်ရွှင်လို့ပေါ့။ ဟိုဟာဖောက်စား ဒီဟာဖောက်စားနဲ့.. သီချင်းလဲဆိုလိုက်ကြနဲ့ ကားတစီးလုံးကျွန်တော်တို့ အုပ်စုအသံတွေ ပျံ့လို့…. ဒီလိုနဲ့ လမ်းမှာ နားလိုက်၊သွားလိုက်နဲ့… မနက် ၁၀း၀၀ လောက်ကျတော့ ကားပျက်ပါလေရော…. ဘီးပေါက်တာတော့မဟုတ်ဘူး။ စက်ပိုင်းဆိုင်ရာဖြစ်တာ… ပုသိမ်ရောက်ဖို့ကလည်း တော်တော်လိုသေး.. ပျက်သွားတဲ့ အရာက အနီးအနားက ၀ပ်ရှော့တွေမှာဝယ်လို့မရဘူး။ ဆိုင်တိုင်းက ပုသိမ်မှာ သွားဝယ်မှပဲရမယ်… ဒီတော့ ရွေးစရာလမ်းမရှိတော့ ယဉ်နောက်လိုက် က ပုသိမ်မှာသွားဝယ်တယ်။ ဒီတော့ ကားကလမ်းဘေးမှရပ်ထားလို့… ကျွန်တော်တို့ အုပ်စုကတော့ ရောက်ချင်တဲ့အချိန်မှရောက်၊ ရောက်တဲ့နေရာမှာ ပျော်ပျော်နေမယ့်သူတွေဆိုတော့ ကားပေါ်က စားစရာတွေချ၊ လမ်းဘေးက အပင်ရိပ်အောက်မှာ ၀ိုင်းဖွဲ့၊ စားကြသောက်ကြ၊ ဂီတာတီးပီးသီချင်းဆိုကြ..နဲ့… ဂစ်တာတီးတဲ့သူကတော့ ကိုမျိုးဇော်ပေါ့…… ဆိုသူတွေကတော့ ဆရာကလွဲရင် ကျန်တဲ့သူတွေ အားလုံးပေါ့… သူက မြန်မာလိုမတတ်ဘူးလေ…. ဒါပေမယ့် လက်ခုပ်နဲ့ စည်းချက်လိုက်ပေးသေးတယ်…..

အပြုံးနဲ့ မှေးစက်တော့ချစ်သူရေ…
ထပ်ပီးတော့မဝေးတော့ဘူး..
ငြိမ်းချမ်းလှပတဲ့ ကိုယ့်အချစ်များစွာယူ..
အလွမ်းကြောင့် ကျခဲ့တဲ့ မျက်ရည်တွေ..
ဒီအချိန်မှာ တိတ်လိုက်တော့..
မျှော်လင့်ခဲ့ရတဲ့ အချစ်ညလေး..
အတူတူရောက်ရှိခဲ့ပေါ့…
အတူရောက်ရှိခဲ့ပေါ့….
အပြာရောင် အချစ်ည …
မင်းလှမ်းကြည့်လိုက်စမ်း…
မိုးကောင်းကင်ထက် များတဲ့တို့အချစ်များ…
ကြယ်စင်အားလုံးထက် လင်းတဲ့တို့အချစ်များ…
အပြာရောင်အချစ်ည ကမ္ဘာမှာ….
သီချင်းလေးနဲ့ ချော့သိပ်ချင်တယ်…
ဒီရင်မှာ အိပ်စက်တော့..
ပျောက်ဆုံးမသွားတော့မယ့် အချစ်ညလေး…
ထာဝရ သိမ်းထားလိုက်တော့…
သိမ်းထားလိုက်တော့….
အပြာရောင် အချစ်ည..
မင်းလှမ်းကြည့်လိုက်စမ်း…
မိုးကောင်းကင်ထက် များတဲ့တို့အချစ်များ…
ကြယ်စင်အားလုံးထက် လင်းတဲ့တို့အချစ်များ…
အပြာရောင်အချစ်ည ကမ္ဘာမှာ….
အိပ်မက်တွေ လှပစေ..
တို့ အချစ်ညလေး…..
တောင်းဆုတွေ ပြည့်စေ….
တို့ အပြာရောင်ညလေး…
အပြာရောင် အချစ်ည..
မင်းလှမ်းကြည့်လိုက်စမ်း…
မိုးကောင်းကင်ထက် များတဲ့တို့အချစ်များ…
ကြယ်စင်အားလုံးထက် လင်းတဲ့တို့အချစ်များ…
အပြာရောင်အချစ်ည ကမ္ဘာမှာ….
ကြယ်စင်အားလုံးထက် လင်းတဲ့တို့အချစ်များ…
အပြာရောင်အချစ်ည…..

ဆကိလက်ဖော်ပြပါမည်။


愛

愛ということばは、いつから人間の社会に発生したものでしょう。愛という言葉をもつようになった時期に、人類はともかく一つの飛躍をとげたと思います。なぜなら、人間のほかの生きものは、愛の感覚によって行動しても、愛という言葉の表象によってまとめられた愛の観念はもっていませんから。

更に、その愛という言葉が、人間同士の思いちがいや、だましあいの媒介物となったのは、いつの頃からでしょう。そして、愛という字が近代の偽善と自己欺瞞のシムボルのようになったのはいつの時代からでしょうか。三文文士がこの字で幼稚な読者をごまかし、説教壇からこの字を叫んで戦争を煽動し、最も軽薄な愛人たちが、彼等のさまざまなモメントに、愛を囁いて、一人一人男や女をだましています。
愛という字は、こんなきたならしい扱いをうけていていいでしょうか。

愛という言葉をもったとき、人間の悲劇ははじまりました。人類愛という声がやかましく叫ばれるときほど、飢えや寒さや人情の刻薄がひどく、階級の対立は鋭く、非条理は横行します。

わたしは、愛を愛します。ですから、このドロドロのなかに溺れている人間の愛をすくい出したいと思います。

どうしたら、それが可能でしょうか。わたしの方法は、愛という観念を、あっち側から扱う方法です。人間らしくないすべての事情、人間らしくないすべての理窟とすべての欺瞞を憎みます。愛という感情が真実わたしたちの心に働いているとき、どうして漫画のように肥った両手をあわせて膝をつき、存在しもしない何かに向って上眼をつかっていられましょう。この社会にあっては条理にあわないことを、ないようにしてゆくこと。憎むべきものを凜然として憎むこと。その心の力がなくて、どこに愛が支えをもつでしょうか。
愛とか幸福とか、いつも人間がこの社会矛盾の間で生きながら渇望している感覚によって、私たちがわれとわが身をだましてゆくことを、はっきり拒絶したいと思います。愛が聖らかであるなら、それは純潔な怒りと憎悪と適切な行動に支えられたときだけです。そして、現代の常識として忘れてならぬ一つのことは、愛にも階級性があるという、無愛想な真実です。