ကျွန်ုပ် နဲ့ငြိမ်း စခင်ခဲ့တာ ပလန်းနက်ဖိုရမ်မှာပေါ့။ လွမ်းသူ့အိပ်မက် ဆိုတဲ့နာမည်နဲ့ ဖိုရမ်မှာ ရေးနေတဲ့ ငြိမ်းက ကျွန်ုပ်ထက် စီနီယာကျပါတယ်။ ပေါတဲ့နေရာမှပေါ့။ ကျွန်ုပ် စင်္ကာပူရောက်မှ သူ့ကိုတွေ့ဖူးတာပေါ့။ အဲဒီနောက်ပိုင်း စင်္ကာပူမှာမှ ပလန်းနက်ဖိုရမ်မာ တွေဖြစ်တဲ့ ကိုရွှေပုလိပ်၊ ပိစိ၊ ဂျူနိုအေး၊ ဟိုရှိ တို့နဲ့ ကျွန်ုပ်အပါအ၀င် စလိုက်နောက်လိုက် စားလိုက်သောက်လိုက်နဲ့ ပျော်ပျော်ပါးနေလာခဲ့တာ အတော်ကြာခဲ့ပြီပေါ့။ ကျွန်ုပ်ကို အိမ်ခေါ်ပြီး ဘဲသားပေါင်းကျွေးဖူးတဲ့ ငြိမ်း ခုဆိုရင် မင်္ဂလာဆောင်လို့ မိသားစုဘ၀ကို တည်ဆောက်ကာစပေါ့။ မကြာခင်မှာလဲ သူတို့အိမ်မှာ ဆည်းလည်းသံလေးလည်းကြားရတော့မယ်။ ကျွန်ုပ်တို့တွေ နာမည်ပေးထားတဲ့ ဖြိုးမောင်ငြိမ်း မိသားစုးအတွက် အမှတ်တရ ရေးပေးလိုက်တာတပါ။
ကိုဖြိုးမောင် နှင့် မခင်ချိုသက် (ငြိမ်း) တို့ သေတပန်သက်တဆုံး ပျော်ရွှင်သော ဘ၀အိမ်လေးကို တည်ဆောက်ပြီး အမျိုးဘာသာ၊ သာသနာအကျိုးသယ်ပိုးနိုင်ပါစေလို့ ဆုမွန်တောင်းပေးလိုက်ပါတယ်။
ရင်ခွင်ကြားက ပေါက်ဖွားလာတဲ့
သံယောဇဉ် မြစ်တစ်စင်းကြောင့်
ကိုယ်တို့အချင်းချင်း နှီးနှောဖလှယ်
ချစ်ခြင်းတွေနွယ်ခဲ့ကြတယ်။
အတိတ်မြစ်ဖျားကနေ အခြေခံပြီး
အနာဂတ်ပင်လယ်ထဲ စီးမျောဖို့
လက်ဖ၀ါးတွေ စုံထပ်
တို့ဘ၀တွေ ပုံအပ်လိုက်ပြီ။
ထိပ်ထားရေ
ထပ်ထားတဲ့ လက်ဖ၀ါးတွေ ဆုပ်ကိုင်
ပန်းတိုင်ဆီ အတူတူ သွားကြရအောင် ထိပ်ထားရေ
ပွင့်ဖူးတဲ့အနမ်းတွေကို မဏ္ဍိုင်ထား
အနာဂတ်ဆီ အတူသွားရအောင်။
ကျယ်ပြောတဲ့ မြက်ခင်းပြင်တွေဆီရောက်ဖို့
ချိုင့်ဝှမ်းတွေ ဘယ်လိုများများ
သစ္စာတရားနဲ့ ယုံကြည်မှု့ နှလုံးသားတစ်စုံ
တို့တွေ ရင်ခုန်သံ အပြည့်နဲ့ပေါ့။
+++++++++++++++++++++++++++++++++
ဖြိုးမောင်ငြိမ်းတို့အတွက် မင်္ဂလာလက်ဆောင်အမှတ်တရပေါ့ဗျာ…..
(ကဗျာရေးသူကတော့ ကိုဝင်းထိုက်ဖြစ်ပါကြောင်း…..)
ကောင်လေးကမဆိုးဘူးပဲ..။
မငြိမ်းရေ….သူပြောသလိုပါပဲဗျာ။ 🙂