Happy Birthday ! ! ! မိုးထက်အိမ်


ဘလော့မရေးဖြစ်တာလဲ အတော်ကြာခဲ့ပြီ။ အလုပ်တစ်ဖက်၊ ကျောင်းတစ်ဖက်နဲ့ဆိုတော့ ဘလော့ဘက်ကို ခြေဦးမလှည့်နိုင်ခဲ့သလို့ သူငယ်ချင်းမိတ်ဆွေတွေရဲ့ ဘလော့ကိုတောင် အလည်မရောက်ခဲ့တာ အတော်ကြာခဲ့ပေါ့။ ဒီနေ့တော့ ရေးချင်စိတ်ကလေး ရှိနေတာရယ်၊ ရေးစရာ အကြောင်းတွေကလည်း ရှိနေတာရယ်၊ အားလပ်ချိန်လေးလည်းရှိနေတာနဲ့ ရေးချလိုက်တယ်။

ဒီလိုဗျ…

လူတိုင်းလူတိုင်းမှာ ကိုယ့်ခံယူချက်နဲ့ ကိုယ်တော့ရှိနေကြတာပဲ။ ကိုယ့်ယုံကြည်ချက်နဲ့ ခိုင်ခိုင်မာမာ ရပ်တည်နေကြာတာ။ ကိုယ့်ယုံကြည်ချက်နဲ့ ကိုယ်ရပ်တည်နေတာဟာ ဘယ်သူ့ကိုမှ ဆန့်ကျင်နေတာမဟုတ်ဘူး။

တရားမျှတတဲ့နည်းနဲ့ ကိုယ်ရသင့်ရထိုက်တဲ့ အခွင့်အရေးတစ်ခုကို ရဖို့ကြိုးစားတာ၊ ကိုယ်နဲ့ထိုက်တန်တဲ့ အခွင့်ရေးတစ်ခု ရထားတာကို ဆုံးရှုံးမသွားဖို့ တရားမျှတတဲ့နည်းနဲ့ ပြတ်ပြတ်သားသား ကာကွယ်ထိန်းသိမ်းတာဟာ သတ္တိရှိတာလို့ခေါ်တယ်။

သူများတွေ အထင်ကြီးခံရဖို့၊ သူများနှစ်သက်ဖို့၊ ကိုယ့်ခံယူချက်နဲ့ မကိုက်ညီတဲ့ အလုပ်တွေကို လုပ်ပေးနေရတာ၊ လုပ်ပြနေရတာဟာ ကိုယ့်အစွမ်းအစ၊ အရည်အချင်းတွေကို ကိုယ်ကိုယ်တိုင် အမြစ်ကနေတူဆွနေသလိုပါပဲ။

ကိုယ်က အရာရာကို သိနေတဲ့ ပညာရှိမဟုတ်ဘူး။ ပညာရှိတောင်မှ သူမသိတာတွေအများကြီး။ ဒါကြောင့် တစ်ချို့အကြောင်းအရာတွေ၊ အတွေးအခေါ်တွေဟာ အကုန်လုံး မှန်ကန်ချင်မှမှန်ကန်မယ်။ မှားချင်လဲ မှားနေမှာပဲ။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ကိုယ်ဥာဏ်ရှိသလောက် စဉ်းစားချင့်ချိန် တွေးတော ကြံစပြီးတော့ အကောင်းဆုံးကို ရွေးချယ်တတ်ဖို့တော့ လိုလိမ့်မယ်။

အဲဒီလိုမှ မလုပ်ပဲ၊ မှားမှာကြောက်နေတာတို့၊ ငါမှနားမလည်တာ၊ မသိသေးလို့ မလုပ်ဖူးဆိုပြီး ဆင်ခြေတွေနဲ့ မလုပ်ပဲနေမယ်။ ကိုယ်တိုင်မဆုံးဖြတ်ပဲ သူများဆုံးဖြတ်တာတွေကိုပဲ ခေါင်းငုံလက်ခံပြီး ကိုယ့်ဘ၀ကိုနေသွားမယ်ဆိုရင်တော့ လူဖြစ်ရှုံးတာပဲ။ သူများလည်းခေါင်းတစ်လုံး ကိုယ်လည်းပဲ ခေါင်းတစ်လုံး ဘယ်သူမှာမှ ထူးပြီး ခေါင်းနှစ်လုံးမရှိဘူး။

ဒါကြောင့် ငါတတ်နိုင်သလောက်လုပ်မယ်။ အကောင်းဆုံးကို ရွေးချယ်ပြီးလုပ်မယ်။ တစ်ကယ်လို့ မှားယွင်းခဲ့ရင် ငါလုပ်တာမှားသွားတယ်ဆိုကို ရဲရဲဝံ့ဝံ့လက်ခံပြီး ဒီအမှားထဲက သင်ခန်းစာကိုယူ နောင်ဒါမျိုးမဖြစ်အောင် ဘယ်လိုကြိုတင်ပြင်ဆင်ရမယ်၊ ရှောင်ရမယ်အကြောင်းအရာ၊ ဆောင်ရမယ့် အကြောင်းအရာတွေကို လေ့လာသင်ယူတတ်မယ်ဆိုရင်တော့ နောင်ဒါမျိုးကြုံလာရင် အမှားမဖြစ်နိုင်တော့ဘူးပေါ့။

ကိုယ့်ဘ၀ကို ကိုပီပီပြင်ပြင် နေထိုင်သွားဖို့၊ အဓိပ္ပယ်ရှိရှိနေသွားဖို့၊ ကိုယ့်ကိုကိုယ်ချစ်ဖို့ တန်းဖိုးထားနိုင်ဖို့ သူတစ်ပါးကိုလည်း ကိုယ်နဲ့ ထပ်တူ ချစ်နိုင်ဖို့ တန်ဖိုးထားနိုင်ဖို့၊ ကိုယ့်အကျိုးကို သေချာစနစ်တကျဆောင်ရွက်နိုင်ဖို့ သူတပါးအကျိုးကိုလည်း ထိထိရောက်ရောက်ဆောင်ရွက်နိုင်ဖို့ ဆိုတာတွေကို မမေ့ဖို့တော့ လိုအပ်တယ်။ ကိုယ့်အတွက်ကျတော့ လုပ်လိုက်တာ လုပ်လိုက်တာ အကောင်းဆုံးတွေချည်းပဲ၊ သူများအတွက်ကြတော့ ၀တ်ကျေတန်းကျေ လုပ်ပေးတာမျိုးတော့ မလုပ်သင့်ဘူး။ ကိုယ်တောင်မှ အကောင်းကြိုက်သေးတာပဲ။ သူတို့တတွေအတွက်လည်း အကောင်းဆုံးကို ပေးဆပ်လိုက်ပါ။ ကိုယ့်ဆီကို အကောင်းဆုံးတွေ ပြန်ရောက်လာမှာပဲ။ Give the world the best you have and the best will come back to you!!!

ဘာကိုမှ တန်ဖိုးမထားတဲ့သူ၊ ကိုယ်တန်ဖိုးထားတာကို ကိုယ်မယုံကြည်တဲ့သူဟာ ကျန်တဲ့ကောင်းတာတွေဟာ သူ့ဘ၀မှာ ဖြစ်လာနိုင်မှာမဟုတ်ဘူး။ ကိုယ်ဘ၀မှာ ကောင်းတာတွေ များများဖြစ်လာဖို့ ကိုယ်ကလည်း ကောင်းတာတွေပဲ တွေးတောလုပ်ကိုင်မယ်ဆိုရင်တော့ မသွေမလွဲ ကောင်းတာတွေက ကိုယ့်ဆီပြန်ရောက်လာမှာပေါ့။

ရေးချင်တာတွေ၊ စိတ်ထဲရှိတာတွေတော့ချရေးလိုက်ပြီ။ ဒီနေ့ နိုဝင်ဘာ ၂၈ ရက်မှာ ကျရောက်မယ့် သူငယ်ချင်း မိုးထက်အိမ်ရဲ့ မွေးနေ့လက်ဆောင် ပို့စ်လေးပါ။

သူငယ်ချင်းနဲ့ ယနေ့မွေးနေ့မှာသည် နောင်နှစ်ပေါင်းများစွာ ချစ်ခင်ရသော မိသားစုနှင့်အတူ ပျော်ရွှင်ချမ်းမြေ့စွာ နှင့် အမျိုးဘာသာ သာသနာအကျိုးကို ဆောင်ရွက်နိုင်သော အမျိုးကောင်းသမီးလေးဖြစ်ပြီး ချစ်ရသူနဲ့ ကွေကွင်းရခြင်း မချစ်မနှစ်သက်သူနဲ့ ပေါင်းဖော်ရခြင်း ဒုက္ခမှ ဝေးကွာပြီးသကာလ ခင်မင်ရင်းနှီးသော သူငယ်ချင်းများနှင့် ဘ၀တစ်လျှောက်လုံး မကွဲမကွာ အတူတကွ ဖြတ်ကျော်နိုင်ပါစေလို့ ကျွန်ုပ်တောင်းဆုချွေပေးလိုက်ပါတယ်ဗျာ။

ဇေယျလင်းထင်
၂၈.၁၁.၂၀၁၀ (၀၀း၀၀)

Advertisements

One response to “Happy Birthday ! ! ! မိုးထက်အိမ်

  1. ခုမှ လာဖြစ်တဲ့အတွက် တောင်းပန်ပါတယ် ….
    အမှတ်တရရေးပေးတဲ့ အတွက် ကျေးဇူး အများကြီး တင်ပါတယ် …. မွေးနေ့ ဆုတောင်းတဲ့ အိုနီးစံလည်း အစစအရာရာ အဆင်ပြေပါစေ …..

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s