Happy Birthday မိုးထက်အိမ်


ဒီနေ့ အောက်တိုဘာ ၂၈ ရက်.. သူငယ်ချင်းတစ်ယောက်ရဲ့မွေးနေ့…
သူနဲ့ကျွန်တော်စသိခဲ့တာ ၂၀၀၉ ခုနှစ် ဇန်န၀ါရီလ ၉ ရက်ပေါ့. သူငယ်ချင်းတစ်ယောက် မိတ်ဆက်ပေးလို့ သိခဲ့တာပါ. . အခုဆိုရင် သိတာ တနှစ်မကျော်သေးပေမယ့် ငယ်သူငယ်ချင်းတစ်ယောက်လို မောင်နှမလို ခင်မင်ရတဲ့သူတွေလိုဖြစ်ခဲ့ကြတယ်… တယောက်အခက်အခဲ တစ်ယောက်ကူညီခဲ့ကြသလို့ လိုအပ်တာတွေဖေးမခဲ့တယ်… ကျွန်တော့်မွေးနေ့တုန်းက သူကဗျာတပုဒ်ရေးပေးခဲ့တယ်… အဲကဗျာနဲ့ပတ်သက်လို့ ကျွန်တော့်သူငယ်ချင်းတွေရဲ့ အားပေးမူကို အတော်ခံလိုက်ရတယ်။ အစကတော့ ကျွန်တော်လဲ သူ့မွေးနေ့ကြရင်  ကဗျာပြန်ရေးပေးမယ်လို့ တွက်ထားခဲ့မယ့် ထွက်လာတဲ့ ကဗျာတွေက နည်းနည်းလွဲနေလို့ ပိုစ့်တခုအနေနဲ့ပဲ ရေးပေးလိုက်တယ်။ ဘာပဲဖြစ်ဖြစ် သူ့အကြောင်းတွေကို ကဗျာ အဖြစ်နဲ့ ပုံမဖော်နိုင်ခဲ့ပေမယ့် စာပုဒ်အဖြစ် ရေးလိုက်ပါမယ်….

သူကဘယ်လိုလူလဲဆိုတော့ … ပုန်းရည်ကြီး သိကြတယ်မဟုတ်လား.. အဲလိုမျိုး…. သူဘာလုပ်လဲဆိုတော့… ပုဂံကလူတွေ ပုန်းရည်ကြီးရောင်းနေတယ်လေ…. (ပုဂံဆိုတာ ရန်ကုန်မှရှိတဲ့ ပုဂံနက်ကိုပြောတာ….) ဘယ်မှနေလဲဆိုတော့ ထနောင်းတွေပွင့်တဲ့ အညာလေ…. ဒီတော့ အညာသူပေါ့… အညာသူဆိုတော့ ပုန်းရည်းကြီးနဲ့ နင်လာငါလားပေါ့.. ပုန်းရည်းကြီး အဖြူရောင်ပြောပါတယ်…. ပုန်းရည်ကြီးဆိုတိုင်း အမည်းလို့မထင်နဲ့ဗျ။

တခါက အဘိဓာန်စာအုပ်လိုချင်လို့မှာဖူးပါတယ်။ လိုချင်တာက အိပ်ဆောင်၊ ပေးလိုက်တာက ကုတင်ပေါ်က ခေါင်းဦးက အဘ ခေါ်ရလောက်အောင်  ဖြစ်နေတယ်… ဘယ်တော့မှပြောရင် ပြောတဲ့အတိုင်းမလုပ်ဘူး.. ဒါကြောင့်ပြောတာ ရွာပြန် ပဲနှုတ် နွားကျောင်းလို့ပြောာတာ….

သူကပြောရင်လေကြီးမိုးကြီးနဲ့ဗျ.. ဆရာသိပ်လုပ်ချင်တာ.. ကျေးဇူးရှင်မွေးသဖခင်ကိုတောင် ၀ိပဿနာ တရားအားထုတ်ပါလားဆိုပီး လုပ်ခိုင်းတာ…. ကျွန်တော့်ကိုလဲ ဆရာအရမ်းလုပ်တာ… ဟိုဟာမေးလိုက် ဒီဟာမေးလိုက်နဲ့ ..ကျွန်တော်လဲ ပြန်ဖြေလိုက်ပါတယ်… အမေးနွားကျောင်းသား အဖြေဘုရားအလောင်းဆိုပီး…

စကားပြောရင် သူ့ကိုယ်သူ ကျွန်တော် ကျွန်တော် နဲ့.. မန်းသူလေသံနဲ့…. ကျွန်တော့်နဲ့သူနဲ့စကားပြောရင် အကောင်းဘယ်တော့မှမပြောရဘူး။ ရန်ဖြစ်လိုက် ငြင်းလိုက်နဲ့…. အဲဒါနဲ့ သံသရာလည်နေတာ…. ပီးတော့ ဘယ်သူမှလဲမနိုင်ဘူး…

တခါကျွန်တော်မေးဖူးတယ်။ ချစ်သူတွေ့နေပီလားလို့မေးတော့.. သူက စပီးဖွင့်ပြောမလို့ လုပ်နေတာတဲ့… ကောင်းကြသေးရဲ့လား…. အခု သူဘယ်သူ့ကိုပြောလိုက်ပီလဲမသိဘူး…. အခုတလော  ခံစားချက်တွေပြင်းထန်နေတယ်လို့ ကြားနေရတယ်….

သူ့နာမည်ကို ကျွန်တော်ခေါ်နေကျ မေသူ.. တခြားနာမည်တွေကတော့ မိုးကြာ၊ မေကျော်၊ မိုးထက်အိမ်၊ စန္ဒာ ဆိုပီးတော့ အများကြီးပေါ့ဗျာ။ သူ့ဘလော့ကတာ့ (http://maykyaw.mylovecafe.com/) ပါ….သူရယ် ကျွန်တော်ရယ်၊ ကျွန်တော်တို့ နှစ်ယောက်ကို မိတ်ဆက်ပေးတဲ့ သူငယ်ချင်းတစ်ယောက်ရယ် ပေါင်းပြီးတော့ စန္ဒာသူရိယ (http://sandarthuriya.wordpress.com/)ဆိုတဲ့ ဘာသာရေး ဘလော့တစ်ခု ကိုလုပ်ထားတယ်လေ။ ကျွန်တော်တို့တတွေရဲ့ တတ်နိုင်တလောက်ကြိုးပမ်းမှုလေးပေါ့…

ကဲ… မေသူရေ… ရေးတာတွေ တော်တော်ရှည်နေပီဗျ…
ဒီနေ့မှာ ကျရောက်တဲ့ မွေးရက်မှသည် နောင်နှစ်ပေါင်းများစွာ ချစ်ခင်ရသော မိသားစုနှင့်အတူ ပျော်ရွှင်ချမ်းမြေ့စွာ ကျော်ဖြတ်နိုင်ပါစေ။ အမျိုးဘာသာ သာသနာအကျိုးကို ဆောင်ရွက်နိုင်သော အမျိုးကောင်းသမီးလေးဖြစ်ပြီး ချစ်ရသူနဲ့ ကွေကွင်းရခြင်း မချစ်မနှစ်သက်သူနဲ့ ပေါင်းဖော်ရခြင်း ဒုက္ခမှ ဝေးကွာနိုင်ပါစေ၊ ခင်မင်ရင်းနှီးသော သူငယ်ချင်းများနှင့် ဘ၀တစ်လျှောက်လုံး မကွဲမကွာ အတူတကွ ဖြတ်ကျော်နိုင်ပါစေလို့ ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်ဗျ။

Happy Birthday to you…. I deeply wish, all the best for you……

Advertisements

4 responses to “Happy Birthday မိုးထက်အိမ်

  1. အားလုံးကို ကျေးဇူး…
    ဘလော့လေး ဒေါင်းနေလို့ ညစ်နေတယ်….

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s