Gtalk မယ့်အစား Blog ပါလား . . .
ခေါင်းစဉ်ကိုကြည့်လိုက်ရင်တော့ Gtalk မှာချက်တင်ဝင်မယ့်အစား Blog ရေးပါလားလို့ တွန်းအားပေးသလို့ အဓိပ္ပာယ်သက်ရောက် နေပါလိမ်ယ်။ ဒီခေါင်းစဉ်နဲ့ပို့စ်ကို ရေးပေးဖို့ မိုးထက်အိမ်က Tag ထားတာလွန်ခဲ့တဲ့ ၂ပတ်ကျော်ကျော် လောက်ကပေါ့။ ရေးမယ်..ရေးမယ် နဲ့ စိတ်ကူးထားတာတော့ ကြာပါပြီ။ အခုမှပဲ ရေးဖြစ်တော့တယ်။
လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်ကပေါ့။ ၆နှစ်ကျော်ကျော်လို့တော့ထင်ပါတယ်။ မြန်မာနိုင်ငံမှာ Broadband အင်တာနက်ကွန်နက်ရှင် စတင်အသုံးပြုခဲ့နိုင်စဉ်တုန်းကပေါ့။ အဲဒီအချိန်မှာ ကျွန်တော်က Web Develovement ကုမ္ပဏီတခုမှာ Web Developer အနေနဲ့ အလုပ်ဝင်လုပ်နေတာပေါ့။ အဲဒီအချိန်တုန်းက ချက်တင်ဆိုတာတွေ အရမ်းခေတ်စားနေတဲ့ အချိန်ပေါ့။ ပေါ်ခါစလဲဖြစ်တော့ လူငယ်တော်တော်များများ ချက်တင်ဝင်ကြတယ်။ အခုလို အင်တာနက်ဆိုင်ဆိုတာ လက်ချိုးရေတွက်လို့ရတယ်။ အများစုက အင်တာနက်ကွန်နက်ရှင်နဲ့ ဆက်သွယ်ထားတဲ့ လုပ်ငန်းတွေက ၀န်ထမ်းအများစုနဲ့ နိုင်ငံရပ်ခြားရောက်နေတဲ့ သူတွေအသုံးပြုကြတာများပါတယ်။
ကျွန်တော်လုပ်နေတဲ့ ကုမ္ပဏီက ပြည်တွင်း Search Engine တခုကိုလုပ်ထားတယ်။ ပြည်တွင်းအင်တာနက်လောကမှာ နာမည်တခုရတဲ့အထိအောင်မြင်ခဲ့တယ်။ ရွှေနက် ဆိုတဲ့ နာမည်နဲ့ပေါ့။ နောက် ရွှေနက်ချက်ရွန်းဆို ပြည်တွင်းပြည်ပ မှာ လူကြိုက်များခဲ့တဲ့ ချက်ရွန်းတခုပေါ့။ ကျွန်တော်က ရွှေနက်ချက်ရွန်းရဲ့ Admin ပေါ့နော်။ တစ်ခါတလေ ချက်ရွှန်းထဲ မ၀င်ထားတာတွေ့ရင် ကျွန်တော်ကိုသူဌေးက ဆူတယ်။ ဘာလို့ချက်တင်မ၀င်တာလဲတဲ့။ ချက်ချင်းဝင်တဲ့… သူဌေးဆိုပေမယ့် ကျွန်တော့်ဆရာလို အစ်ကိုလိုပါပဲ။ အဲဒါနဲ့ ကျွန်တော်လည်း ချက်တင်ဝင်ရတာပေါ့။ ၀င်လာတဲ့ ချက်တာတွေကို ဧည့်ခံစကားပြော၊ သူတို့လိုအပ်ချက်တွေဖြည့်ပေးနဲ့ တခြားအလုပ်ကိုမလုပ်ရဘူး။ အခုပြောခဲ့တဲ့ ချက်ရွန်းက အများနဲ့ပြောတဲ့ချက်ရွန်းပေါ့။ တဦးချင်းစီ ပြောနိုင်တဲ့ အခုခေတ် Gtalk, Yahoo Messenger နဲ့ MSN တို့လို့မဟုတ်သေးပါဘူး။ တစ်ဦးချင်ပြောချင်ရင် Private Message လောက်ပဲပို့လို့ရသေးတာ။ ကျွန်တော်က Admin ဆိုတော့ အပြောကလည်းကောင်း၊ (ရုပ်ကလည်းခန့်ချောလေး… 😛 😛 😛 ) သူတို့လိုအပ်တာတွေကိုတတ်နိုင်သလောက်ဖြည့်ဆည်းပေးတော့ ကျွန်တော့် Nick Name က ပြည်တွင်းပြည်ပမှာ တော်တော်နာမည်ကြီးခဲ့တာပေါ့။ အဲလောက်ဆိုရင် ကျွန်တော့် ချက်တင် အစွမ်းအစ ကိုသိလောက်ပြီပေါ့။ အခု အဲဒီ Nick Name ကိုကျွန်တော်မသုံးပဲထားခဲ့တာ အတော်ကြာပြီ။
နောက်တော့ မြန်မာနိုင်ငံကို Yahoo Messenger ဆိုတာရောက်လာတော့ သုံးကြတာပေါ့။ အပေါ်ကပြောတဲ့ ချက်ရွန်းနဲ့ သုံးရတာအရမ်းကွာတာကိုး။ ဘယ်လောက်များသုံးခဲ့လဲဆိုရင် ဘေးချင်းကပ်ထိုင်နေရင် အလုပ်အတူတူလုပ်နေတဲ့ သူငယ်ချင်းနဲ့တောင် Yahoo Messenger နဲ့ပြောတာ။ ကွန်နက်ရှင်ကလည်း မြန်တာကို… တယ်လီဖုန်းလိုင်းကို 142 နဲ့ Dial up လုပ်တဲ့ကွန်နက်ရှင်ကနေ Broad Band ကိုပြောင်းသုံးနေခါစဆိုတော့ အကြိုက်တွေ့လို့…..
သိပ်မကြာဘူး။ Gmail ဆိုတာပေါ်လာတယ်။ Gtalk တော့မပေါ်သေးဘူး။  Gmail Account လိုချင်ရင် ရှိပြီးသား တစ်ယောက်က Invite လုပ်မှ Account ဖွင့်လို့ရတုန်းပဲရှိသေးတယ်။ အခုလိုချင် အခုက်ချက်ချင်းကောက်လုပ်လို့မရသေးဘူး။ နောင်တချိန်မှာ Gtalk ဆိုတာေ ပ်ါလာမယ်ဆိုတာ မသိသေးလို့ Yahoo ပေါ်မှာပဲ ပျော်နေကြတယ်။
နောက်တဖြည်းဖြည်းနဲ့ အချိန်တွေကြာလာတဲ့အမျှ နည်းပညာတွေတိုးတက်လာပြီး ချက်တင်ဆိုတာ တွေအများကြီးပေါ်တယ်။ လူငယ်တွေလည်း အင်တာနက်ရေစီးကြောင်းမှာ မျောပါရင် ချက်တင်ဆိုတာနဲ့ အချိန်ကုန်နေကြတယ်။ အခုခေတ်ဆိုရင် လူငယ်တိုင်းလိုလိုပေါ့။ အင်တာနက်ဆိုင် သွားပြီဆိုတာနဲ့ ချက်တင်ဝင်ဖို့က ၉၀%ကျော်ကျော်သေချာပါတယ်။
ချက်တင်နဲ့ပတ်သက်လို့ ကောင်းတာတွေရှိသလို့ မကောင်းတာတွေလည်းရှိပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် လူချင်းတွေ့ဖို့ခက်ခဲ့ နေတဲ့အချိန်တွေမှာ ချက်တင်ဆိုတာ တော်တော်အသုံးဝင်တဲ့ အရာတခုပေါ့။ နိုင်ငံရပ်ခြားရောက်နေတဲ့ မိဘဆွေမျိုးသားချင်း တွေနဲ့ အလွယ်တကူ ပြောဆိုဆက်သွယ်နိုင်သလို့ သတင်းအချက်အလက်တွေကို အချိန်နဲ့တပြေးညီ သိနိုင်တယ်။ ဒီထက်မက အသုံးဝင်တာတွေအများကြီးရှိပါတယ်။ ကောင်းတဲ့ရည်ရွယ်ချက်နဲ့ သုံးမယ်ဆိုရင်ပေါ့လေ။
ကွန်ပျူတာမော်နီတာ နောက်ကွယ်ကနေ တစ်ဖက်နဲ့ တဖက် မသိဖူးမမြင်ဖူးပဲနဲ့ ပြောဆိုဆက်ဆံနေသူတွေလည်း မနည်းပါဘူး။ မကောင်းမှုတွေလုပ်၊ အရည်မရ အဖတ်မရ စကားတွေနဲ့ အချိန်ကုန်တာလည်း ဒီချက်တင်ပါပဲ။ မကောင်းတာတွေ တန်းစီပြီးပြောရရင် ဆုံးမှာမဟုတ်ပါဘူး။ ဘယ်အရာမဆို တန်ဆေးလွန်ဘေး ဆိုတာမျိုးပဲဖြစ်သင့်ပါတယ်။
ကျွန်တော်လည်း တချိန်က ချက်တင်ကို အရူးအမူးဖြစ်ခဲ့သူတစ်ယောက်ပါ။ ထမင်းစားလဲဒီစိတ်၊ အိပ်လဲဒီစိတ်ပဲ။ နောက်တော့ တဖြည်းဖြည်း နားလည်သဘောပေါက်လာပြီး ဆင်ခြင်လာခဲ့တာ အခုဆိုချက်တင်မ၀င်တာအတော်ကြာပေါ့။ ခေတ္တခဏ ၀င်တာလောက်ကလွဲရင်ပေါ့။ သူငယ်ချင်းတွေနဲ့ မတွေ့တာကြာလို့ဖြစ်ဖြစ် ကိုယ်ပြောချင်စရာတခုခုလောက်ရှိရင်ပဲဖြစ်ဖြစ် ခဏတဖြုတ် ၀င်တာလောက်ပဲရှိတော့တယ်။
အဲလိုမ၀င်လို့ ဘာလုပ်နေလဲဆိုသလဲ မေးရင်တော့ ဘလော့နဲ့ အချိန်ကုန်နေတာပေါ့။ ကျွန်တော့်ဘလော့တော်တော်များများရေးခဲ့ သုံးခဲ့ဖူးပါတယ်။ ကျွန်တော် ဘလော့ရေးဖြစ်တာ အခုဆိုရင် ၂နှစ်ခွဲကျော်ကျော်လောက်ရှိပြီ။ ဘလော့ဆိုဒ် ပေါင်းများစွာ စမ်းခဲ့သုံးခဲ့ဖူးပါတယ်။ စသုံးခဲ့တာက အခုအသုံးများနေတဲ့ Blogger.com ခေါ် blogspot.com ပေါ့။ အဲဒါနဲ့သိပ်မကြာလို့ဘူး။ ဘာလို့လဲဆိုတော့ Access Denied ဆိုတဲ့ဟာကြီးနဲ့တွေ့လို့ပေါ့။ နောက် ကျွန်တော် WordPress သုံးတာအခုအထိပေါ့။ အခုထိစွဲစွဲမြဲမြဲ သုံးနေတုန်းပေါ့။ တစ်ခြားဘလော့တွေဖြစ်တဲ့ Microsoft ရဲ့ Live Space Blog၊ Yahoo ရဲ့ Yahoo360၊ LiveJouranl စသည်ဖြင့်များစွာသုံးခဲ့ပါတယ်။ သုံးလည်းသုံးနေဆဲပါ။
ကျွန်တော်ဘာလို့ ဘလော့ရေးလဲဆိုတာ ကျွန်တော့်အတွက်ကတော့ သူများနဲ့မတူဘူးလို့ထင်တယ်။ သူများတွေက စာရေးတာ၊ ကဗျာရေးတာ စိတ်ဝင်စားလို့ ဘလော့ရေးတာ တော်တော်များများပါတယ်။ ကျွန်တော့်ကတော့ အဲလိုမဟုတ်ပါဘူး၊ ကျွန်တော်စာရေးရတာထက် စာဖတ်တာပိုဝါသနာပါပါတယ်။ ဒါကြောင့်သူများဘလော့တွေလိုက်ဖတ်၊ သူတို့ဘလော့တွေမှာ ဘယ်လို့တွေအလှဆင်ထားလည်းလိုက်ကြည့်၊ Effect တွေ၊ Widget ဘာတွေသုံးထားလည်းကြည့် ပြီးတော့ကိုယ်တိုင်စမ်း၊ ကိုယ့်ဘလော့မှာ ထည့်ပေါ့။ မထည့်ဖြစ်တာများပါတယ်။ Widget Site တွေကြည့်ရင်နဲ့ ကိုယ်မသိတာတွေသိလာ၊ မမြင်ဖူးတာတွေမြင်လာ၊ စိတ်ဝင်စားတော့ စမ်းရင်းစမ်းရင်းနဲ့ လုပ်တတ်လာ၊ ကိုယ်အတွက်တန်ဖိုးဖြတ်မရတဲ့ အတွေ့အကြုံတွေ ပညာတွေရလာတာပေါ့။ ဒါကကျွန်တော်ဘလော့ရေးရတဲ့ရည်ရွယ်ချက်ပေါ့။ ကျွန်တော်ရေးတဲ့ စာတွေကလည်း သူများတွေလိုဆွဲဆောင် နိုင်တဲ့စာတွေ ရေးနိုင်တဲ့သူမဟုတ်တော့ လူသိပ်မကြိုက်ကြဘူး။ ရေးရင်းရေးရင်နဲ့ ဘေးချော်သွားတာက အများကြီး။ ဖတ်တဲ့သူတွေအတွက်ကတော့ ရယ်စရာတွေဖြစ်နေတာပေါ့။ ဘာပြောချင်လို့ပြောမှန်းမသိကြာဘူး။
ဒါပေမယ့် အခုချိန်မှာ ကျွန်တော် Chatting ထက် Blogging ကိုအချိန်ပိုပေးထားပါတယ်။ ဖိုရမ်မာ အဖြစ်ကနေလည်း ရပ်ထားခဲ့တာ အတော်ကြာပါပြီ။ Chatting ပဲဖြစ်ဖြစ် Blogging ပဲဖြစ်ဖြစ် သူ့နေရာနဲ့သူ အံဝင်ဂွင်ကြသုံးကြမယ်ဆိုရင် အကောင်းချည်းပါပဲ။ မကောင်းတဲ့ဘက်မှာ သုံးရင် မကောင်းတဲ့ ရလဒ်တွေပဲရမှာပါ။ သုံးတဲ့သူအပေါ်မှုတည်ပါတယ်။ Chatter တွေ Chating ကို စွဲသလို Blogger တွေ လည်း Blog ကိုစွဲလန်းကြတာပါပဲ။ ဘာပဲဖြစ်ဖြစ် အချိန်တခု သတ်မှတ်ပြီး သုံးစွဲနိုင်ရင်အကောင်းဆုံးပေါ့။ အင်တာနက်ပေါ်မှာ သုံးမကုန်စွဲမကုန် နည်းပညာအရင်းအမြစ်တွေ၊ စာပေပညာတွေ၊ ဗဟုသုတတွေ အများကြီးရှိပါတယ်။ ဒါတွေကိုရနိုင်သလောက် လေ့လာသင်ယူ ဖတ်ရှုသင့်ပါတယ်။ ဒါတွေကမှအမှန်တကယ် ကိုယ့်အတွက် အသုံးဝင်မယ့်အရာတွေဖြစ်ပါတယ်။ အားလုံးပဲ အဓိကနဲ့ သာမည ခွဲခြားတတ်ပါစေ။
မိုးထက်အိမ်ရေ…. ကျွန်တော်ရေးခဲ့ပါပြီ။ ဖတ်ချင်တဲ့ အကြောင်းအရာလွဲချော်သွားရင် ခွင့်လွှတ်ပါ။ ကျွန်တော့်ကို ၂ပုဒ်တောင် Tag ထားတယ်ဆိုတော့ ကျွန်တော်လည်းတစ်ပုဒ်လောက်ပြန် Tag ပါရစေ။ အကြောင်းအရာကတော့ လူငယ်နှင့် အနာဂတ် ဆိုတာလေးပါ။ မိုးထက်အိမ် အမြင်လေးကိုပေါ့။ စောင့်မျှော်နေပါတယ်။
(အထက်ပါရေးသားခဲ့သော အကြောင်းအရာများသည် ကျွန်တော့်စိတ်ကူးနှင့် အာဘော်များသာဖြစ်ပါသည်။)
Advertisements
3 responses to “Gtalk မယ့်အစား Blog ပါလား . . .
  1. ကျနော်လဲ ဒီလိုပိုစ့်လေးတခုလောက်တော့ ရေးဖြစ်အောင်ရေးအုံးမှပါပဲ . . ။
    ကြာတော့ အဲ့ချက်တာတွေကို အမြင်ကတ်လာတယ်. . . ။ဟီး 😀
  2. ဟုတ်ပါတယ် အဓိက နဲ့ သာမည ခွဲတတ်ဖို့ပါပဲ….
    ဟိုနင်း လူငယ်နဲ့ အနာဂတ်က အိုနီးစံ ရေးထားတာ ရှိလို့လား… ဘယ်မှာလဲ…
  3. Chatter တွေ Chating ကို စွဲသလို Blogger တွေ လည်း Blog ကိုစွဲလန်းကြတာပါပဲ။ မှန်လိုက်တာ အခုချိန်ထိ ဘလော့တွေ ရေးနေ ဖတ်နေမိမှာပါပဲ
    အင်တာနက်ကို ကောင်းမွန်မှန်ကန်သော နည်းလမ်းများဖြင့် အသုံးချနိုင်ကြပါစေ
    ဘာသာရေးပို့စ်များလည်း များများရေးနိုင်ပါစေ ကိုဝင်းဇော်နိုင်ရေ…
    ခင်မင်စွာဖြင့်
Leave a Reply
Fill in your details below or click an icon to log in:
WordPress.com Logo
You are commenting using your WordPress.com account. Log Out /  Change )
Google+ photo
You are commenting using your Google+ account. Log Out /  Change )
Twitter picture
You are commenting using your Twitter account. Log Out /  Change )
Facebook photo
You are commenting using your Facebook account. Log Out /  Change )
Connecting to %s