လက်ထပ်ခြင်းအနုပညာ


သီတင်းလည်းကျွတ်ပြီ။ ရေးချင်တာတွေက အများကြီး။ လက်တွေ့မှာတော့ ဘာမှမရေးနိုင်။ စိတ်ကူးထဲမှာ ရေးနေတာကတော့ ပို့စ်တွေက မရေတွက်နိုင်တော့ဘူး။ ရေးစရာ အကြွေးတွေကလည်း မနည်းမနော….

အခုလည်း သီတင်းကျွတ်အတွက် သီးသန့်ရေးမယ်လို့စဉ်းစားထားပေမယ့် တစ်ကယ်တော့ မရေးနိုင်ခဲ့ဘူး။ ဒီတော့ မနှစ်က တင်ထားတဲ့ ပို့စ်လေးပဲ ပြန်တင်ပေးလိုက်တယ်။ မဖတ်ရသေးတဲ့ သူတွေ ပြန်ဖတ်နိုင်အောင်လို့ပါ။

———————————

အပြောကျယ်တဲ့ လောကအလယ်မှာ သူသူငါငါ သွားလာလှုပ်ရှားရင်း မောပန်းတဲ့အခါ ဘယ်အရိပ်မှာခိုလို့ ဘယ်လိုအားအင် တွေယူရမှာလဲ။ လောကရဲ့ အခက်အခဲ ကျော်ဖြတ်ရတဲ့အခါ တစ်ဦးတည်း တစ်ယောက်တည်း ကျော်ဖြတ်ရသည်ထက် အဖော်မွန် တစ်ယောက်နှင့်အတူ ကျော်ဖြတ်ရသည်က လူဘ၀တစ်ခုအတွက် ပိုလို့ အားအင်တွေတိုးပွားစေသည်လို့  ကျွန်တော်ကတော့ ယုံကြည်မိသည်။

တစ်ယောက်တည်းနေလို့ အခက်အခဲ အပူအပင်တွေ လျော့နည်းသွားမည်လို့  ကျွန်တော်တော့မထင်ပါ။ နှစ်ယောက် အတူတူနေလို့ လည်း အခက်အခဲ အပူအပင်တွေ လျော့နည်းသွားမည်လို့  ကျွန်တော်တော့မထင်ပါ။ လူရယ်လို့ ဖြစ်လာကတည်းက အခက်အခဲ၊ အပူအပင်တွေက ပါလာစမြဲ၊ ရှိစမြဲ ပါပဲ။ ဘယ်နေရာမှာနေနေ၊ ဘယ်သူနဲ့ နေနေ အပူမဲ့စွာ မနေရပါဘူး။ ဒါပေမယ့် အရေးကြုံလို့  အနားလှည့်ကြည့်တဲ့အခါ နားလည်စွာကိုယ့်လက်ကိုဆုပ်ကိုင်ရင်း အားအင်တွေ ပေးမည့်သူရှိတော့ ပင်ပန်းသမျှ အမောပြေသလို၊ ရှေ့  လျှောက်ရမယ့်ခရီးလမ်း အတွက်လည်း အားအင်တွေ ဖြစ်စေနိုင်တယ်လို့ ကျွန်တော်ကတော့ယုံကြည်မိသည်။

ဒီအခက်အခဲ ဒီအပူတွေ ဘယ်ရင်မှာ နားခိုပြီးဖြေသိမ့်ရမလဲလို့  – မေးလာခဲ့ရင် သေချာစွာဖြေဆိုနိုင်သူတွေရှိသလို၊ ယောင်ယောင်ဝါးဝါးနဲ့  ပြေးရှောင် သွားတာတွေလည်း မနည်းလှပါဘူး။ ဒီရင်မှာခိုလို့ ၊ဒီအရပ်မှာပျော်မယ်လို့ အသေအချာပြောနိုင်ရင် အဲဒီလူ့ မှာ မျှော်လင့်ချက် တစ်ခုတော့ရှိရမယ်။ ဒီမျှော်လင့်ချက်ကတော့ ချစ်ခြင်းမေတ္တာပါပဲ။ ချစ်ခြင်းမေတ္တာဆိုတာ နူးညံ့လွန်းလို့ ၊ သိမ်မွေ့ လွန်းလို့ - ယုယဖို့ သေချာဖို့  နေ့ ရက်များစွာ ရှင်သန်နိုင်စေဖို့  နေရာတစ်ခုမှာ ကျွန်တော်ပြုစုပျိုးထောင်ရပါတယ်။ အဲဒီနေရာလေးကို “အိမ်” လို့ ခေါ်ပါတယ်။

.

.

.

လောကမှာ ကျောချစရာ နားခိုဖို့ ရာ အများသားဆိုပေမယ့် ဘ၀တစ်ခု တည်ငြိမ်မှုအတွက် ခိုင်မြဲမှုကိုပေးနိုင်တာ “အိမ်” ဆိုတာပါပဲ။

အိမ်ရယ်လို့ ဖြစ်လာဖို့  အဆောက်အဦးတည်ဆောက်မှုအပြီးမှာ ချစ်ခြင်းမေတ္တာဖြင့် လွမ်းခြုံပေးမှ “အိမ်” ရယ်လို့ သတ်မှတ်လို့ ရတာပါ။ ချစ်ခြင်းမေတ္တာ မလွှမ်းခြုံနိုင်သမျှ သာမန်အဆောက်အဦးမျှသာလို့  လောက၀န်းကျင်မှာ သတ်မှတ်ထားတာပါ။ ဒီလိုနဲ့ ပဲ ချစ်ခြင်းမေတ္တာကို ရှင်သန်စေဖို့ ၊ ချစ်ခြင်းမေတ္တာကို ယုယဖို့ ၊ ချစ်ခြင်းမေတ္တာကို သေချာဖို့  အိမ်ယာတစ်ခု တည်ထောင်ကြတော့မှာပေါ့။

.

.

.

ဘယ်သူနဲ့  လဲ လို့ မေးလာခဲ့ရင်
. . . . .စိတ်တူ၊ကိုယ်တူချစ်တဲ့သူနဲ့ ပေါ့။

.

.

.

ကျွန်တော်ချစ်သောသူအတွက် ရည်ရွယ်ပြီး မျှော်လင့်ချက်များစွာ၊ တည်ဆောက်ခြင်းများစွာနှင့် ဒီစာကို ရေးခဲ့ပါတယ်။

……………………………………..

သီတင်းကျွတ်ပြီဆိုတော့ . . .
မင်္ဂလာရက်မြတ်လက်ထက်မည့်သူတွေ ပျော်ရွှင်နိုင်ပါစေ..

Advertisements

11 responses to “လက်ထပ်ခြင်းအနုပညာ

  1. ….ပိုးဖလံမျိုး..မီးကိုတိုးတဲ့…..ဒီပိုးဖလံကြီးလည်း..မီးတိုးဖို့… ကြိုးစားနေတယ်……ဒုတ်ခ…ဒုတ်ခ…

  2. …ရဲလေးရဲ့ အိမ် မဟုတ်ပဲ နဂါးလေးရဲ့ အိမ်ပေါ့…. 😛 😛 😛

  3. ဒီလူကြီး ကောင်းကို မကောင်းဖူး သီတင်းကျွတ်ဆိုတဲ့အသံကြားတာနဲ့ မင်္ဂလာက ဆောင်ချင်တာ တပိုင်းကိုသေနေပီ. . .။
    အော် . .. . . ကိလေသာ ကိလေသာ ကိလေသာ ။

    • အမယ်… မင်းကများ ပြောရတယ်ရှိသေး….. အဟဲ..

    • ကျွန်တော် ဆရာဝန်တယောက်မဟုတ်ပါဘူး….

  4. သာယာချမ်းမြေ့တဲ့ အိမ်လေးတစ်ခု ပိုင်ဆိုင်နိုင်ပါစေ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s