Peace


September 11 Attacks

September 11 Attacks

ဒီနေ့ စက်တင်ဘာ (၁၁) ရက် …

(၈) နှစ်ကျော် ကြာခဲ့ပေမယ့် .. လူတိုင်းရင်မှာ မမေ့နိုင်သေး….

အမေရိကန်နိုင်ငံ ကုန်သွယ်မှုဗဟိုအမွှာ အဆောက်အဦးကို အကြမ်းဖက်တိုက်ခိုက်ပြီး လူပေါင်းများသေကြေပျက်ဆီးခဲ့ရသော ကြေကွဲဖွယ် အဖြစ်ဆိုး…

ဘယ်တော့များမှ အကြမ်းဖက်မှုတွေ ကုန်ဆုံးမှာလဲ.. ငြိမ်းချမ်းရေးဆိုတာ ဘာလဲ.. ပါးစပ်ကနေ ငြိမ်းချမ်းရေးလို့ ပြောပြီး နောက်ကွယ်ကနေ လူသတ်လက်နက်တွေထုတ်လုပ်နေကြတယ်။ ဒီလက်နက်တွေထုတ်လုပ်ဖို့ အတွက် သန်းပေါင်းများစွာသော ငွေကြေးတွေအကုန်အကျခံပြီ ထုတ်လုပ်နေတာ ငြိမ်းချမ်းရေးအတွက်လား…. လူသားတွေမျိုးပြုတ်ဖို့လား… ဒီလိုကုန်ကြမယ့် ငွေကြေးတွေကို လိုအပ်တဲ့နေရာ.. ဆင်းရဲ မွဲတေနေတဲ့ နေရာတွေမှာအသုံးပြုလိုက်ရင် ဘယ်လောက်များကောင်းမလဲ… လက်နက်နဲ့ ငြိမ်းချမ်းရေးလုပ်မယ့်အစား မေတ္တာနဲ့ ငြိမ်းချမ်းရေးကို ပြောင်းလဲလိုက်ရင် ဘယ်လောက်များကောင်းမလဲ…..

ဘယ်တော့များမှ အေးချမ်းကြမှာလဲ …

ဘယ်တော့များမှ ငြိမ်းချမ်းကြမှာလဲ …

ဘယ်တော့များမှ ညဘက်အေးအေးချမ်းချမ်း အိပ်ရမှာလဲ….

ဘယ်တော့များမှ လက်နက်စက်ရုံတွေကနေ ပေါင်မုန့်ဖုတ်တဲ့ စက်ဖြစ်လာမှာလဲ …

ဘယ်တော့များမှ လက်နက်ကိုင်တဲ့လက်တွေကနေ နွေးထွေးတဲ့ လက်တစုံ ဖြစ်လာမှာလဲ…

ဘယ်တော့များမှ…….

ဘယ်တော့များမှ……

ဘယ်တော့များမှ…..

peace

Mystifying beauty
Captivating dreams
Never-ending rainbows
A world so full of dreams

These are misled thoughts
Our world is not like this
Hate has scoured our minds
Hate will cause our deaths

Looking to the future
Right now seem very bleak
War is now an issue
Peace is for the meek

Ignorance of man
To look beyond ones faults
Has caused a misconception
Of others like ourselves

A join of hand and heart and will
Would put and end to this
The same value placed on others
Like we place upon ourselves
Would end the hate and violence
That’s tearing out our hearts

When this is done
Our world’s complete
The pain and hardship gone
And once again, just like before
Peace will lead us on

+++++++++++++++++++++++++

ငြိမ်းချမ်းရေးကို လိုလားတယ်ဆိုရင်ဖြင့်… ဘယ်ဘက်အောက်ဆုံးမှာရှိတဲ့ ဗီဒီယိုဖိုင်လေးကို ကြည့်သွားပါဦးနော်…..

Advertisements

8 responses to “Peace

  1. ငြမ်းချမ်း ရေး ကို လို လား ပါသော် လည်း ………..
    ဗီဒီယို ဖိုင်တော့ ကြည့် မဖြစ် …………တစ်ပုဒ် နဲ့ တစ်ပုဒ်
    အကူးတောင် …….လမ်းထိပ် ၂ ခါလောက် ထွက် လို့ ရတယ်

    • မန္တလေး တစ်ပြလောက်ဆို ဖြစ်ပါတယ်… အမရယ်…. အဟဲ..

  2. အော် . . . ၈ နှစ်တောင်ရှိပါပေါ့လား။ အဲဒီတုန်းက ငါ စာတွေကျက်ကောင်းတုန်း။

  3. ကျနော်တို့ ရွာက ကော်နက်ရှင်နဲ့ ဘယ်လိုမှ ကြည့်လို့အဆင်မပြေဖူးဗျာ . . ..

  4. ဗီဒီယိုဖိုင်ကြည့်ခြင်း မကြည့်ခြင်းနှင့် ငြိမ်းချမ်းရေး လိုလားခြင်း မလိုလားခြင်းသည် သိပ်တော့ မသက်ဆိုင် ဟု ထင်ပါသည်… ဒါနဲ့ စကးမစပ် ကိုယ်တွင်း အပူမီးတွေ ငြိမ်းအောင်လည်း လုပ်ဦးနော်… ဟ ဟ

    • အဲဒီဗီဒီယိုဖိုင်ကို အစအဆုံးသေချာ ကြည့်လိုက်ရင် သီချင်းရဲ့ဆိုလိုရင်းကို နားလည်မှာပါဗျာ….
      ကိုယ်တွင်းအပူမီးငြိမ်းအောင် ကတော့….. ပြောတော့ပါဘူးဗျာ… ပြောရင် ပြောတယ်ဖြစ်ဦးမယ်….. 😛 😛 😛

  5. ဗီဒီယိုကြည့်ပြီး စိတ်ထဲတောင်မကောင်းမိပါဘူး။ ငြိမ်းချမ်းရေးဆိုတာ ဘယ်တော့များမှ ဖြစ်လာတော့မှာလဲ။ လူသားအချင်းချင်းစာနာမိတယ်ဆိုရင်တော့ ကမ္ဘာကြီးက အေးချမ်းနေမှာအမှန်ပဲနော်………..

    • ဟုတ်တယ်… ၀ိုင်း..ရေ… လူသားအချင်းချင်းစာနာမိရင် ငြိမ်းချမ်းမယ်ဆိုတာ မလွဲပါဘူး… ဒါပေမယ့် တော်တော်ကြိုးစားရမယ်…

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s