အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်ဖြစ်ဖို့


How to become successful businessman.
How to become successful businessman.

(၁) ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိပါ။
ကိုယ်စတင်လုပ်ဆောင်မယ့် အလုပ်ကို အောင်မြင်ရမည်ဆိုသော ယုံကြည်ချက်ကို ခေါင်းထဲမှာအမြဲသွင်းထားပါ။ ကိုယ့်အလုပ်ကို ကိုယ်ကိုတိုင်မှ ယုံကြည့်မူမရှိရင် ဒီအလုပ်က ကျဆုံးဖို့ ရာနှုန်းပြည့်သေချာနေပါပြီ။

(၂) လူမှန်နေရာမှန် ထားတတ်ပါစေ။
ဝန်ထမ်းရွေးချယ်ချထားရာမှာ လူမှန်နေရာမှန်ခန့်ထားမှ စွမ်းဆောင်ရည် အပြည့်အ၀ရရှိမှာပါ။ အင်ဂျင်နီယာကို ဈေးကွက်ရှာဖွေးရေးမှာခန့်ထားပြီ စီမံခန်းခွဲမှု တတ်ကျွမ်းသူကို ဈေးကွက်ရှာခိုင်းရင် ခုတ်ရာတခြား ရှရာတခြားဖြစ်မှာပါ။ အရေအတွက်ထက် အရည်အချင်းကို ဦးစားပေးပါ။

(၃) အသုံးနှင့်အဖြုန်း ခွဲခြားတတ်ပါစေ။
လိုအပ်သော အချိန်မှာ လိုအပ်သော ပစ္စည်းကိုဝယ်ပါ။ ရုံးခန်းထဲမှာ စားပွဲတစ်လုံးရှိနေရက်နဲ့ ထိုင်ခုံမ၀ယ်ပဲ နောက်ထပ်စားပွဲတစ်လုံးက ပိုကောင်းလို့ထပ်ဝယ်လိုက်တယ်ဆို အရင်စားပွဲ အဟောင်းက အပိုပစ္စည်းဖြစ်သွားပါပြီ။ နောက်သုံးလို့ရတယ်ဆိုပေမယ့် ငွေအိပ်နေပါပြီ။ အဲဒီငွေကို တခြားနေရာမှာ လိုအပ်တာဝယ်လိုက်မယ်ဆိုရင် လက်ငင်းအသုံးဝင်လာပါလိမ့်မယ်။

(၄) သတင်းစကားကို အာရုံစိုက်ပါ။
ပတ်ဝန်းကျင်မှ သတင်းစကားများကို နားစွင့်ထားရင် ဈေးကွက် (သို့) ပြိုင်ဘက် အခြေအနေကိုသိနိုင်ပါတယ်။ သတင်းမှန်နဲ့ သတင်းမှားခွဲခြားနိုင်ပါစေ။ ပတ်ဝန်းကျင် (သို့) ပြိုင်ဘက် ဘာလုပ်နေတယ်ဆိုတာ ကို မျက်ခြေမပြတ်ပါစေနဲ့။

(၅) စုပေါင်းလုပ်ဆောင်မှုတတ်သော စိတ်ဓာတ်ရှိပါစေ။
အဖွဲ့အစည်းနဲ့ ပူးပေါင်းလုပ်ဆောင်မှုကို အလေးထားပါ။ တစ်ယောက်တစ်မျိုး အကြံနဲ့ ၃ ယောက်ပေါင်းရင် ၃ မျိုးရပါမယ်။ အဲထဲမှ အကောင်းဆုံးကိုရွေးချယ်ပါ။ အမှားတခုကို လူတစ်ယောက် မျက်လုံး ၂ လုံးနဲ့ကြည့်တာထက် ၃ ယောက် မျက်လုံး ၆ လုံးနဲ့ကြည့်ရင် ပိုမြင်ပါတယ်။ အမှားပိုမြင်ရင် အမှန်ကို ပြင်ဆင်ဖို့ ပိုနီးစပ်ပါတယ်။

(၆) အမှားများထဲမှာသင်ခန်းစာယူတတ်ပါ။
အမှားမရှိပဲနဲ့ အောင်မြင်ခဲ့တဲ့ စီးပွားရေးလုပ်ငန်းရှင်မရှိပါဘူး။ အမှားကို အခြေခံပြီး နောက်တခါလုပ်ချိန်မှာ ဒီအမှားမျိုးထပ်မလုပ်နိုင်အောင် သင်ခန်းစာယူပါ။ အမှားများလေ အောင်မြင်ဖို့ များလေပါ။ (တစ်ချိန်လုံး အမှားချည်းပဲလုပ်ဖို့ပြောတာမဟုတ်ပါဘူး)

(၇) အချိန်ကိုလေးစားပါ။
အချိန်ကိုလေးစားမှ အချိန်က ကိုယ့်ကိုလေးစားမှာပါ။ စစ်ဘုရင် နပိုလီယံ အချိန် အနည်းငယ်နောက်ကျခဲ့လို့ ရာဇ၀င်တွင်တဲ့ဝါတာလူးစစ်ပွဲမှာ ရှုံးခဲ့တာပါ။ အချိန်အတိအကျသာ စစ်မြေပြင်ကိုရောက်ရှိလာရင် အခုခေတ် သမိုင်းဟာ တမျိုးတဖုံပြောင်းလဲသွားမှာပါ။

(၈) စိတ်ဓာတ်မပျော့ညံ့ပါစေနဲ့။
အထူးသဖြင့် ကျွန်တော်တို့ မြန်မာလူမျိုးတွေရဲ့ အားနည်းချက်က အားနာတတ်တာပါ။ ဒါကို လျှော့ချနိုင်မယ်ဆိုရင် အရမ်းကောင်းပါတယ်။ ဆုံးဖြတ်ချက်ပြတ်သားနိုင်ပါစေ။ တဘက်သားကို အားနာလို့ လိုက်လျောရင်းနဲ့ ကိုယ်အိတ်ထဲက ပါသွားပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++++

သေချာအတိအကျပြောရမယ်ဆိုရင် အများကြီးပါ။ အခုကျွန်တော်ပြောတာတွေက ကျွန်တော်နားလည်သလောက်နဲ့ ကျွန်တော်ကျင့်သုံးခဲ့တဲ့ နည်းလမ်းတွေပါ။ ဒီလိုတွေ ရေးလိုက်လို့ ကျွန်တော့်ကို အောင်မြင်တဲ့ လုပ်ငန်းရှင်ကြီးလို့ မထင်လိုက်ပါနဲ့။ ကျွန်တော်က အခုမှစီးပွားရေလောကထဲကို ၀င်ဖို့ကြိုးစားနေသူပါ။ စီးပွားရေးလုပ်ငန်းဆိုတာ စာတွေအများကြီးတတ်ရုံနဲ့ အောင်မြင်လာမှမဟုတ်ပါဘူး။ အတွေ့အကြုံကို ပညာနဲ့ပေါင်းစပ်ကာ သေချာဆုံးဖြတ်ပြီး သွားချင်တဲ့ ပန်းတိုင်ကိုလှမ်းပါ။

အခုကျွန်တော်ပြောခဲ့တာတွေထဲမှာ မိဘက ကုမ္ပဏီပိုင်ရှင်ဖြစ်လို့ သားသမီးက စီးပွားရေလုပ်ငန်းရှင်ဖြစ်တဲ့ သူတွေအတွက်မဟုတ်သလို့ နောက်ခံအင်အား တောင့်တင်းလို့ အောင်မြင်လာတဲ့သူတွေအတွက်လဲမဟုတ်ပါဘူး။ ကိုယ့်ခြေထောက်ပေါ်ကိုယ့်ရပ်ပြီး ကိုယ့်အရည်အချင်းနဲ့ အောက်ခြေကနေစတင်မယ့် လူငယ်များအတွက်ဖြစ်ပါတယ်။

(ပလန်းနက်ဖိုရမ်မှာ သူငယ်ချင်းတစ်ယောက်မေးထားတဲ့ “အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်ဖြစ်ဖို့ ဘာတွေလိုအပ်သလဲ။” တော့ပစ်လေးတွေ့လို့ သိသလောက်ဖြေလိုက်ရင် ဘလော့မှာပါတင်လိုက်တာပါ။)

Post on: 12:08AM

Advertisements

2 responses to “အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်ဖြစ်ဖို့

  1. အောင်မြင်တဲ့ စီးပွါးရေး လုပ်ငန်းရှင်တစ်ယောက်ဖြစ်ပါစေ….

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s