ခွဲခွာခြင်း


တွေ့ဆုံကြုံကွဲ ဆိုတာ လူ့လောကမှာ ဖြစ်ပျက်နေကြ သဘောတရားတွေပါ။ ဒါတွေကို ကျနော်တို့ နားလည်နေပါလျက်နဲ့ ကိုယ်ချစ်ခင်ရင်းနှီးသူ တစုံတယောက်က ခွဲခွာသွားတဲ့အခါများမှာ ဘာလို့များ ၀မ်းနည်းခြင်းတွေကို ခံစားကြရတယ်ဆိုတာကိုသိသလား။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ဟာ ခံစားချက်နဲ့ အသက်ရှင်နေတဲ့ သက်ရှိလူတွေ ဖြစ်လို့ပါပဲ။

ကျနော့် ဘ၀တလျှောက်(အခုအချိန်ထိ)မှာ ကျနော်ချစ်ခင်တဲ့ သူတွေကျနော့် ကို ခွဲခွာသွားကြတာ မနည်းပါဘူး။ ပထမဆုံး ကျနော် သိပ်ချစ်တဲ့ အဖေ။ ကျနော့ကို သိပ်ချစ်တဲ့ အဖေဆို ပိုမှန်လိမ့်မယ်။ အဖေဟာ ကျနော့်တို့မိသားစုကို စောစောစီးစီး ခွဲခွာ သွားခဲ့တယ်။ နောက် ကျနော်အရမ်းချစ်တဲ့ ဦးလေးနဲ့ အဒေါ်၊ ခွဲခွာသွားခဲ့တယ်။ ဒါတွေက ဘယ်တော့မှ ပြန်မဆုံနိုင် တော့တဲ့ သေခြင်းတရားက ကျနော်ချစ်တဲ့သူတွေနဲ့ ကွဲကွာစေခဲ့တာပါ။ နောက် ကျနော် နိုင်ငံခြားကိုထွက်လာတော့ ကျန်ခဲ့တဲ့ ကျွန်တော့အမေ၊ အနီးကပ်ဆုံး ရင်နှီးတဲ့ ငယ်သူငယ်ချင်းတွေ၊ အရမ်းချစ်ကြတဲ့ သူငယ်ချင်းတွေ (အပြာရောင်အချစ်ညပို့စ်)၊ ပလန်းနက်က ရင်းနှီးတဲ့ သူငယ်ချင်းတွေ အားလုံး….အားလုံးပေါ့..

နောက် ကျွန်တော်ကိုအရမ်းချစ်တဲ့ဆရာ (အပြာရောင်အချစ်ညပို့စ်) ဆရာဝတ္တရားတင်မက မိဘ၀တ္တရားလောက်ကို ကျေခဲ့တဲ့ ဆရာ၊ ကျွန်တော် ဒီကိုထွက်လာပီး ၃လ မြောက်မှပဲ ကွယ်လွန်ခဲ့တယ်။ ကျွန်တော် ၁နှစ် ပြည့်လို့ပြန်လာရင် ဘယ်တွေသွားကြမယ် ဘာတွေလုပ်ကြမယ် ခဏခဏ ပြောခဲ့တဲ့ဆရာ၊ သူ့ မွေးရပ်မြေ ဂျပန်နိုင်ငံတောင်မပြန်လိုက်ရပဲ မြန်မာနိုင်ငံမှာ ကွယ်လွန်ခဲ့ရတယ်။ ကျွန်တော်ပြန်သွားချင်ပေမယ့် ပြန်လို့မရတဲ့ အခြေအနေမှာ… ပြန်တွေ့ကြမယ်ဆို့ မျှော်လင့်ထားကြပေမယ် မမြင်ရတဲ့ ကံကြမ္မာကို မလွန်ဆန်နိုင်ခဲ့ဘူးလေ။

လူတစ်ချို့ ကိုယ့်ဘဝထဲ ဝင်လာကြတယ်။ ဒါပေမယ့် တစ်ချို့က မြန်မြန်ဆန်ဆန် ထွက်ခွါသွားကြတယ်။ တစ်ချို့က ခဏလေး ရပ်နားပေမယ့် တစ်ချို့က ကြာကြာရပ်နားပြီး ကိုယ့်သူငယ်ချင်းတွေ ဖြစ်လာခဲ့တယ်။ ကိုယ့်ရင်ဘတ်မှာ လှပတဲ့ အမှတ်တရခြေရာတွေ ထွင်းရစ်ခဲ့ကြတယ်။ လူတစ်ယောက်ရဲ့ Address Book မှာ နေရာတစ်နေရာ ရဖို့ လွယ်ပါတယ်။ လူတစ်ယောက်ရဲ့ နှလုံးသားမှာ နေရာ တစ်နေရာရဖို့ ခက်ခဲပါတယ်။

တွေ့ဆုံမှု့နဲ့ စတင်ခဲ့တဲ့ ဇတ်လမ်းမှာ ခွဲခွာခြင်းဆိုတာနဲ့ ဇတ်သိမ်းမယ်ဆိုတာ အားလုံးသိပါတယ်။ မခွဲခွာခင် အချိန်လေးမှာ မလိုမုန်းတရား၊ မာနတွေခွာချလို့ ဖြူစင်စွာမေတ္တာနဲ့ တန်ဖိုးရှိစွာ တွေ့ဆုံခဲ့မယ်ဆိုရင် ခွဲခွာချိန်မှာ သိပ်ပြီးခံစားရတော့ဘူးပေါ့။ ကံမကုန်ရင် ပြန်ဆုံကြမှာပေါ့။ ဒီတော့ ပြန်မဆုံခင်လေးမှာ –

ငါ့ကိုမေ့ဖို့ကို မင်းသတိမရပါစေနဲ့၊ ငါ့ကိုသတိရဖို့ မင်းမမေ့ပါစေနဲ့ဆိုပီးတော့ ဆုတောင်းနေကြတာပေါ့။

Don’t forget to remember me and don’t remember to forget me.

အကြောင်းအမျိုးမျိုးကြောင့် ခွဲခွာနေရသူအားလုံး ပြန်လည်ဆုံဆည်းကြပါစေလို့ ကျွန်တော် ဒီကနေ ဆုတောင်းလိုက်ပါတယ်။ ကျွန်တော့်ဆီက ဆုတွေယူပြီး ဒီအတိုင်းပြန်မသွားနဲ့ဦးနော်… ကျွန်တော့်ကိုလည်း ပြန်ဆုတောင်းပေးခဲ့ဦးနော့……

(သူငယ်ချင်းတစ်ယောက်အတွက် အမှတ်တရ)

Advertisements

8 responses to “ခွဲခွာခြင်း

  1. ခင်ဗျားကို လဲ လွမ်းလိုက်တာ. . . ဆည်တော်လေးမှာ ရေကူးခဲ့ကြတာတွေကိုလေ . . ။ အရမ်းပျော်စရာကောင်းတယ်ဗျာ . . . ဒီတခါလာရင် ထပ်သွားကြတာပေါ့ ။

    • ဘုရား…ဘုရား..မင်းက ငါ့ကိုလွမ်းတယ်… ဟုတ်လို့လားကွာ…. အဟီး….
      အေး..ဟုတ်တယ်… ငါလဲမှတ်မိသေးတယ်… ဂျူလိုင်ရယ်၊ မင်းရယ်၊ ငါရယ် မစန်ဒါရုံးက အကိုကြီးရယ် ရေထဲမှာ ကျောက်တုံးလိုက်ရှာတွေကော ငါးအတွတ်ခံရတာကော…..အဟီး… အေးကွ… ငါပြန်လာရင် ထပ်သွားကြတာပေါ့ကွ…ဒီတခါ လမ်းမမှားစေနဲ့ဦးနော်….

    • Yes…Fri…. I miss all my friend when we study at Yangon University. you missing somebody …. who ?…. i think………. 😛 😛 😛

    • ဆုတောင်းတဲ့သူနဲ့ ဆုပေးတဲ့သူ တူသောအကျိုးပေးပါစေဗျာ… 😛

      • တူသောအကျိုးကတော့ ပေးပြီးသားပဲနော်.. ထူးပြီးပြောနေစရာမှ မလိုတာ… 😛

        • အင်း… ဟုတ်တယ်ဗျ…. ကျွန်တော်နဲ့ ယု မတွေ့ရတော့ဘူးလို့ထင်ထားတာ အခုတော့ ပြန်တွေ့ရတော့မယ်… မေကျော်နဲ့ ကျွန်တော်တို့ လည်းတွေ့ဖို့ကံပါလာရင် တွေ့ကြမှာပေါ့ဗျာ…

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s