သူငယ်ချင်းဆိုတာ လက်တစ်ကမ်း ….


သူငယ်ချင်းတို့ရဲ့ အရောင်က အဖြူရောင်တဲ့….

ချစ်သူတို့ရဲ့ အရောင်က ပန်းရောင်လေ…

အဖြူရောင်မှာ ပန်းရောင် ဖြစ်စေဖို့…ရဲရင့်မှု ဆိုတဲ့…အနီရောင် ထည့်ပေးရမယ်လေ…။

ကျွန်တော်တို့ ငယ်ငယ်က ခေတ်စားခဲ့တဲ့ စကားလေးတစ်ခုပါ…။ ကျွန်တော် လက်မခံပါ…။ သူငယ်ချင်းဆိုတာ အဖြူရောင်ပဲ ကောင်းပါတယ်…။ တချို့ ရှိကြပါတယ်..။ သူငယ်ချင်းဖြစ်ပြီးမှ ချစ်သူ ဖြစ်သွားကြတာတွေ… ကျွန်တော် မနှစ်သက်ပါ…။ တကယ်တော့…ဘဝမှာ “ သူငယ်ချင်းဆိုတာ လက်တစ်ကမ်းပါပဲ…။” အနီးဆုံးမရောက်သလို ၊ အဝေးဆုံးမှာလည်း ရှိမနေတဲ့ သူတွေပါ…။ ချစ်သူဆိုတာကတော့…ကိုယ်နဲ့ အနီးဆုံး လက်တစ်ကမ်းမဟုတ်တော့ပါဘူး.. ကိုယ်နဲ့ အနီးကပ် ဖြစ်သွားပြီ….။ ဒီလို အနီးကပ်လူတွေဟာ…ဝေးကွာပြီ ဆိုရင်လည်း လက်တစ်ကမ်းမဟုတ်ဘူး..။ ပြန်မဆုံနိုင်တော့လောက်အောင်ကို ဝေးကွာတတ်တယ်…။ ဒါကြောင့်. ကျွန်တော့်ဘဝမှာ သူငယ်ချင်းပေါင်းများစွာ ရှိခဲ့ပါတယ်..။ သူတို့နဲ့ ကျွန်တော်ဟာ လက်တစ်ကမ်း အကွာအဝေးကနေ ရှေ့ကို နီးစပ်ဖို့ တိုးဖို့ ဘယ်တုန်းကမှ မကြိုးစားဖူးပါ….။ သူငယ်ချင်းလို့ ခေါ်ပြီးမှ ချစ်သူ အဆင့်တတ်ဖို့ဆိုတာ ကျွန်တော် ဘယ်လိုမှ လိပ်ပြာ မသန့်နိုင်ပါ….။ ဒါကြောင့်…သူငယ်ချင်းလို့ ကျွန်တော် ခေါ်ဆိုသူတွေကိုလည်း ကျွန်တော် ရိုးစင်းစွာ ဆက်ပါတယ်..။ ကျွန်တော်နဲ့ နှစ်ပေါင်းများစွာ တူတူခင်မင်လာခဲ့သော ကျွန်တော့်သူငယ်ချင်း တွေကတော့ ပြောပါတယ်..။ “ နင်နဲ့ ပေါင်းရတာ စိတ်ရှင်းတယ်…ငါ့ကို ဘယ်တော့ ရည်းစား စကားပြော မလဲဆိုပြီး စိတ်တင့်နေစရာ မလိုဘူး…။” တဲ့…။ ဒါကြောင့်….. သူငယ်ချင်းလို့ ကျွန်တော်ခေါ်တဲ့ သူများအာလုံးကို ကျွန်တော် အဖြူရောင် သက်သက်သာ ခင်မင်ဆက်ဆံခဲ့ပါတယ်…။ တကယ်တော့ သူငယ်ချင်းဆိုတာ လက်တစ်ကမ်းအကွာအဝေးပါပဲ…. သူငယ်ချင်းတွေအတွက် ဘယ်အချိန်ပဲ ဖြစ်ဖြစ် လိုအပ်နေတဲ့ အချိန် မှာ အဖြူရောင်သက်သက်နဲ့ လက်တစ်ကမ်းအကွာမှာ ရှိနေမှာ………

Advertisements

25 responses to “သူငယ်ချင်းဆိုတာ လက်တစ်ကမ်း ….

  1. အရေးအသားကတော့ heart ထိသွားပြီသွားကွာ

    ငါ့ကိုစောင်းပီးပြောတာ

    သိမယ် မင်တော့
    နောက်မှအားကျတယ်လာမပြောနဲ့ . . .

    • ဘယ်သူမှ စောင်းမပြောပါဘူး…. မင်းသာ အိုကေအောင်လုပ်.. ဟုတ်လား.. ပီးတော့မှာ ငါ့ကိုတဂွမ်ဂွမ်လာမပြောနဲ့… ဟဲ..ဟဲ

  2. ကတိတည်ပါစေနော်…လက်တကမ်းပဲ…ေ ရှ့မတိုးနဲ့ ..ဟတ်…း-P

  3. မဟုတ်တာမပြောနဲ့
    အနေကြာတော့လည်းချစ်သွားနိုင်တာပဲ

        • အဆုံးထိ ဆက်လျှောက်နိုင်အောင် ကြိုစားနေပါတယ်။ အတိတ်က အကြောင်းတွေကို မေ့ပစ်နိုင်ဖို့ ပေါ့….

  4. နော်လည်း အရင်ကတော့ သူငယ်ချင်းကနေ ချစ်သူဖြစ်သွားတာကို လက်မခံပါဘူး.. ကန့်ကွက်တဲ့ထဲတောင်ပါပါတယ်….
    ဒါပေမယ့် သူငယ်ချင်းကနေချစ်သူဖြစ်သွားတဲ့သူတွေက တစ်ယောက်နဲ့တစ်ယောက်သိပ်နားလည်ကြတာတွေ့ရတယ်… နောက်ပိုင်းတော့ ကာယကံရှင်တွေ ကျေနပ်ရင်ပြီးတာပဲလေ.. ကိုယ်နဲ့ဘာဆိုင်တာမှတ်လို့ လို့ပဲ…….

    • တကယ်လို့များ…. သူငယ်ချင်းကနေ ချစ်သူဖြစ်သွားပါပီတဲ့….အကြောင်းအမျိုးမျိုးကြောင့် လမ်းခွဲ ခဲ့ရရင် ယခင် သူငယ်ချင်းလို ရင်းနှီးမှုက ပြန်ရနိုင်ပါ့ဦးမလား……

      • ဘာဖြစ်လို့ လမ်းခွဲခဲ့ရရင်ဆိုတာကို အရင်စဉ်းစားမိတာလဲ… ကိုယ့်ကိုယ်ကို မယုံကြည်လို့လား… သူ့ကို မယုံကြည်လို့လား.. ကံကြမ္မာကို မယုံကြည်လို့လား.. နော်ထင်တယ်.. ကံကြမ္မာဆိုတာကို သိပ်ထည့်တွက်စရာ အကြောင်းမရှိဘူးပဲ….

        • ဘာလို့လမ်းခွဲရတာလဲ ဆိုတာကတော့ ကျွန်တော့်အမြင်ပါ။ ဘာလို့လဲဆိုတော့ ကျွန်တော့က ကိစ္စတခုကို အဆုံးထိစဉ်းစားမိလို့ပါ။ ချစ်သူတိုင်းညားကြမယ်ဆိုရင် အလွမ်းတွေ အမုန်းတွေဆိုတာ ဒီလောကမှာ ရှိမနေနိုင်ပါဘူး။ 🙂

          • အဲလိုကြီးစဉ်းစားပြီးသာဆိုရင်…..
            အေးပေါ့ဗျာ.. ကယ်လ်ဆီယမ်ကွေကာကို ကိုယ့်အတွေးနဲ့ကိုယ်သောက်သုံးကြသည်ပေါ့ဗျာ.. နော်ရယ်

          • ဘယ်လိုပဲ ပြောပြော သူငယ်ချင်းလို အဖြူရောင်လေးကိုပဲ ကျွန်တော် ပိုမြတ်နိုးပါတယ်ဗျာ။ 🙂

  5. ကျနော်လဲ ခင်ဗျားရဲ့ အဖြူရောင် သက်သက် သူငယ်ချင်းပဲ ဖြစ်ချင်တယ်. .ဟိဟိ
    (အဆင့်ကျော်ဖို့ မစဉ်းစားနဲ့နော်. . .) ဟီး 😀

    • ဟတ်ကောင်….. မင်းတော့ကွာ……သွား..သွား… မင်း ယိုးဒယားသွား ပီး ဟိုဒင်းဟိုဟာ လုပ်ခဲ့…အဟီး…
      (မင်းပြောတာ ငါသိတယ်နော်…. မင်းဒီရောက်လာရင်တော့ … နာမယ့်သာပြင်ထား……)

  6. ဟုတ်လို့ လား..း)
    ငါဖွလိုက်မှာနော်

    • အဟား…. သိပီ…. ငါကတော့ ဘယ်သူများ လာပီး ရေးသွားတယ်လို့ ထင်နေတာ… သိရီ …. ဖြစ်နေတာကိုး…. မလာစဖူး အလားထူးလို့… ငါ့မှာ ဘာဖွစရာရှိလို့လဲ… နင်သာ ငါတို့ကိုကျော်တက်သွားတာများ… .ဟား.. ဟား…

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s