သင်ကိုယ်တိုင်မသိသော သင့်လုပ်ရပ်



primary-monks-nuns1* စိတ်တူကိုယ်တူ ကုသိုလ်တူတူပြုခဲ့ဖူးမှ၊ တစ်ယောက်အကျိုးတစ်ယောက် မေတ္တာအပြည့်နဲ့ ဆောင်ခဲ့ဖူးမှ မြင်မြင်ချင်းချစ်နိုင်တာပါ…။

*ကိုယ်ချစ်တဲ့သူကို သတိရတဲ့အခါ ပျော်ခဲ့၊ ပါးခဲ့၊ ကြည်နူးခဲ့တာတွေကို သတိမရဘဲ `ကျန်းမာပါစေ.. ချမ်းသာပါစေ..`လို့ မေတ္တာလေးပွားပြီး သတိရနေမယ်ဆိုရင် စိတ်အေးချမ်းသွားပါတယ်….။  ကိုယ်ချစ်တဲ့သူ၊ ကိုယ်ကြည်ညိုတဲ့သူကို ကိုယ်ချစ်ခဲ့၊ ကိုယ်ကြည်ညိုခဲ့တာတွေ၊ ကိုယ်ပေးကမ်းခဲ့၊ လှူဒါန်းခဲ့တာတွေကို ပြန်သတိရရင် ဒါလည်းပဲ မေတ္တာနဲ့ သတိရတယ် လို့ ပြောလို့ရပါတယ်…။ `စာဂနုသတိ` နဲ့ သတိရတယ်လို့လည်း ပြောလို့ရပါတယ်…။ ကူညီစောင့်ရှောက်ခဲ့တာလေးတွေ ၊ ပေးကမ်းလှူဒါန်းခဲ့တာလေးတွေ ကို ပြန်တွေးလိုက်တော့ `စာဂနုသတိဘာဝနာ` တောင် ဖြစ်သွားပါသေးတယ်..။

*တစ်စုံတစ်ယောက်ကို ချစ်လို့ အဲဒီ တစ်စုံတစ်ယောက်ကို အမြဲသတိရနေတာ၊ တစ်စုံတစ်ယောက်ကို ကြိုက်လို့ အဲဒီတစ်စုံတစ်ယောက်(ခု)ကို  အမြဲသတိရနေတာကိုက ကိုယ့်ဖက်က ရှုံးနေပါပြီ…။ ကိုယ့်စိတ်ကို အဲဒီ တစ်စုံတစ်ယောက်ဆီ ပေးထားလိုက်ရပြီလေ..။ ကိုယ့်စိတ်ကို မပိုင်တော့တာကိုက ကြီးကျယ်သော ဆုံးရှူံးခြင်းပါပဲ…။

*ကိုယ့်သားသမီးကို ကျွေးမွေးနေတာကို အလှူဒါနပြုနေရတာလို့ သဒ္ဓါတရားလေးနဲ့ နှလုံးသွင်းလိုက်မယ်ဆိုရင် …. ငါ ကျွေးလိုက်ထဲ့ထမင်းဟင်းစားပြီး ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ အစစအရာရာ အဆင်ပြေပါစေဆိုတဲ့ မေတ္တာဓါတ်လေး ပို့လွှတ်ပြီးတော့မှ ကျွေးမယ်ဆိုရင် ကုသိုလ်ပြုနေတာပါပဲ…။

*ရေလေးတစ်ခွက်တိုက်တာက အစ၊ ပန်းလေးတစ်ပွင့်ပေးတာကအစ၊ သစ်သီးလေးတစ်လုံးကျွေးတာက အစ `က္ကဒံမေပုညံ နိဗ္ဗာနသ ပစ္စယောဟောတု `၊ ရဟန်းသံဃာကို လှူတယ်ဆိုရင်လည်း ` ဘုရား ၊ ပစေကဗုဒ္ဓါအရှင်မြတ်ဘုရားများ ထိုးထွင်းသိသော သစ္စာလေးပါးတရား သိခွင့်ရပါစေ။ သံသရာဝဋ်ဆင်းရဲက လွတ်မြောက်ဖို့၊ သစ္စာလေးပါးတရားသိဖို့၊ နိဗ္ဗာန်ကို မျက်မှောက်ပြုဖို့ ဦးတည်ပြီးတော့ ပြုတဲ့ ကုသိုလ်ကောင်းမှုတိုင်းဟာ ခိုင်သထက်ခိုင် တဲ့ ကုသိုလ်ကောင်းမှုပါပဲ..။

*ကိုယ်ကိုယ်တိုင် ကြိုမသိတဲ့ ကိုယ့်ဝေစုကို သူများက လှုပေးလိုက်တာကို ကိုယ်သိတဲ့ အချိန်မှာ ကိုယ်ကိုယ်တိုင်လှုလိုက်ရသလို ကျေကျေနပ်နပ် ၀မ်းမြောက်ဝမ်းသာဖြစ်ရင် အဲဒီကုသိုလ်ဟာ ကိုယ့်ကုသိုလ်ပါပဲ…။

Advertisements

3 responses to “သင်ကိုယ်တိုင်မသိသော သင့်လုပ်ရပ်

  1. အချစ်အကြောင်းတွေ ပြောကြတော့ ဒါလေးကို စိတ်ထဲတန်းသတိရသွားတယ်… ဒါ့ကြောင့်မှတ်မှတ်ရရလာရေးလိုက်တာပါ….

    * စိတ်တူကိုယ်တူ ကုသိုလ်တူတူပြုခဲ့ဖူးမှ၊ တစ်ယောက်အကျိုးတစ်ယောက် မေတ္တာအပြည့်နဲ့ ဆောင်ခဲ့ဖူးမှ မြင်မြင်ချင်းချစ်နိုင်တာပါ…။

    မြင်မြင်ချင်းဆိုတမျိုးလေးမဟုတ်တောင် နှစ်နှစ်ကာကာ လေးပေါ့နော်.. 🙂

  2. ကိုဝင်ဇော်နိုင်
    ကောင်းပါတယ် အကို ကဘုရားစာအုပ်တွေ တော်တော် ဖတ်ဖူးတယ်ထင်တယ်
    ဘာပဲဖြစ်ဖြစ် ကောင်းပါတယ် အကိုကြောင့် ဘုရား ကိုတောင် သတိရ သွားတယ်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s