မိတ်ဆွေစစ်ဆိုတာ …….


(၁) ပေးနိုင်ခဲတဲ့ပစ္စည်းကို ပေးတယ် ။

(၂) ပြုနိုင်ခဲတဲ့အမှုကိစ္စကို ပြုလုပ်ဆောင်ရွက်ပေးတယ် ။

(၃) သည်းခံနိုင်ခဲတဲ့အမှုကို သည်းခံတယ် ။

(၄) သူ့ရဲ့လျှို့ဝှက်ချက်ကို ဖွင့်ပြောတယ် တိုင်ပင်တယ် ။

(၅) မိမိလျှို့ဝှက်ချက်ကို အခြားသူအား မပြောဘဲ လျှို့ဝှက်ထားတယ် ။

(၆) ဘေးအန္တရာယ်ကြုံလာတဲ့အခါ မိမိကို မစွန့်ခွာဘူး ။

(၇) ဥစ္စာကုန်ခန်းတဲ့အခါ  ဆင်းရဲတဲ့အခါ မိမိကိုမထီမဲ့မြင် မပြုဘူး ။

မိတ်ဆွေအတုအယောင် လေးယောက်

(၁) မိမိထံမှပစ္စည်းငွေကြေးကို ယူပဲ ယူတတ်သူ ၊ ပြန်မပေးတတ်သူ ။
(၂) လက်တွေ့မပါ စကားနဲ့ပဲ ပေးတတ်သူ ။
(၃) မှန်မှန် မှားမှား အကြိုက်ကိုပဲ လိုက်ပြီးပြောတတ်သူ ။
(၄) ဘ၀ပျက်စီးကြောင်းတွင် အပေါင်းအသင်းဖြစ်သူ ။

(၁) ယူပဲယူတတ်တဲ့ မိတ်ဆွေရဲ့သဘောသဘာဝမှာ ….
မိမိကိုနည်းနည်းပေးပြီး မိမိဆီက များများပြန်ရချင်တယ် ။
သူ့အတွက်ဘေးဒုက္ခရောက်မှ ကိုယ့်ကိုသတိရတတ်တယ် ။
သူ့ကိုယ်ကျိုးအတွက်ပဲ ပေါင်းသင်းတယ်။

(၂) စကားနဲ့ပဲပေးတတ်တဲ့ မိတ်ဆွေသဘာဝ ….
လွန်ပြီးတဲ့အရာနဲ့ ချီးမြှောက်တယ် ။
မဖြစ်သေးတဲ့အရာနဲ့ ချီးမြှောက်တယ် ။
အချီးအနှီးဖြစ်တဲ့ လောကွတ်စကားနဲ့ ချီးမြှောက်တယ် ။
ဖြစ်ဆဲကိစ္စ၌ ပျက်ဆီးခြင်းကိုပြတယ် ။

(၃) အကြိုက်ကိုလိုက်၍ပြောတတ်တဲ့ မိတ်ဆွေသဘာဝ ….
မကောင်းမှုလုပ်တာကိုလဲ ခွင့်ပြုတယ် ။
ကောင်းမှုလုပ်တာကိုလဲ ခွင့်ပြုတယ် ။
မိမိရှေ့တွင် မိမိကို ချီးမွမ်းပြောဆိုတယ် ။
မိမိကွယ်ရာတွင် မိမိမကောင်းကြောင်းကိုပြောတယ် ။

(၄) ပျက်စီးကြောင်းတွင် အပေါင်းအသင်းဖြစ်သူမိတ်ဆွေ ….
သေရည်အရက်သောက်တဲ့အခါမှာ အပေါင်းအသင်းဖြစ်တယ် ။
အချိန်အခါမဲ့ လည်ပတ်တဲ့အခါမှာ အပေါင်းအသင်းဖြစ်တယ် ။
ပွဲလမ်းသဘင်ကြည့်ရှုတဲ့အခါမှာ အပါင်းအသင်းဖြစ်တယ် ။
လောင်းကစားလုပ်တဲ့အခါမှာ အပေါင်းအသင်းဖြစ်တယ် ။


မိတ်ဆွေစစ်ဆိုတာ တကယ်ကိုရှားပါတယ်။ အခုလက်ရှိလည်းမိတ်ဆွေအတုတို့ ငါ့ကိုဒုက္ခပေးမဲ့လူတွေ ငါမရှိရင်ငါ့အကြောင်းအပုတ်ချမဲ့လူတွေနဲ့ဘဲကြုံနေရတယ်။ ဘ၀ဆိုတာ အဲလိုမျိုးဘဲလားမသိဘူးနော်။ ငါကတော့ စိတ်ထဲမှာကိုမရှိဘူး။ မှန်လိုဘဲကျင့် ကြံတယ်။ ငါ့တယ်ရင်းတွေအတွက်တင်ပေးလိုက်တာပါ။ သူငယ်ချင်းတို့လည်းသိစေလို့တဲ့စေတနာနဲ့ပါ။

Advertisements

6 responses to “မိတ်ဆွေစစ်ဆိုတာ …….

    • တကယ့်မိတ်ဆွေအစစ်ကို အဲလို ခပ်ပါးပါးသွားလုပ်ရင် ကိုယ်ပဲခံရမှာနော်…
      အကောင်းဆုံးကတော့ ဘယ်သူ့အပေါ်မဆို ကိုယ်လုပ်ပေးနိုင်တာကို အတတ်နိုင်ဆုံး အကောင်းဆုံးလုပ်ပေးလိုက်.. မတတ်နိုင်တာကြီးကိုလည်း ဇွတ်လုပ်မပေးနဲ့.. သူက အကူအညီမတောင်းဘဲနဲ့လည်း မလိုအပ်ဘဲ ကိုယ်က အတင်းကာရော သွားမကူညီနဲ့… တကယ်လိုအပ်တဲ့သူတွေကို စိတ်ရောကိုယ်ပါ နှစ်ကူ..

    • ဟုတ်ပါတယ်…ကျွန်တော်လူတိုင်းကိုမဆိုလိုပါဘူး……..ဒါပေမယ့် ဖြစ်တတ်တာတွေကိုပြောပြတာပါ။

  1. အင်… မိတ်ဆွေဆိုတာကတော့ အတုရော အစစ်ရော ကြုံနေရဦးမှာပဲ…
    ကိုယ်က သူငယ်ချင်းကောင်းလို့ သတ်မှတ်ထားတဲ့သူက သူငယ်ချင်းကောင်းမဟုတ်မှန်းသိလိုက်ရရင် တော်တော်ကြေကွဲရတယ်…စိတ်ချမ်းသာအောင်သာ နေပါဗျာ…

    • အမှန်ပေါ့ဗျာ……ကိုယ်တွေ့ပေါ့…….ဘယ်သူတရားပျက်ပျက်ကိုယ်မပျက်ပါဘူးဗျာ…..

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s