လျှို့ဝှက်ချက်


“ဟေ့၊ ကောင်ရေး ရာဦး။”
ကောင်မလေးကလှမ်းခေါ်တယ်။ ကောင်လေးလှည့်ကြည့်တယ်။ ကောင်မလေးကိုမြင်တော့မျက်နှာနီ

သွားတယ်။ ဒါပေမယ့်ကောင်မလေးနောက်ကတီးတိုးတီးတိုးလုပ်နေတဲ့ကောင်မလေးရဲ့သူငယ်ချင်းတွေကိုမြင်တော့တွန့်သွားလေတယ်။ မလှုပ်မယှက်နဲ့နေရာမှာပဲကျောက်ရုပ်လိုရပ်နေမိတယ်။
“ကောင်ရေးရဲ့၊ ငါထော်နေတယ်ရေ။ ရာပါဦးဆို။”
ကောင်မလေးကစိတ်မရှည်တော့ပဲဗြုန်
းဆိုကောင်လေးအနားရောက်လာတယ်။ ကောင်လေးရဲ့လက်ကိုဆွဲခေါ်သွားတော့ကောင်လေးခမျာဆုတ်ကန်ဆုတ်ကန်နဲ့ပါသွားရှာလေတယ်။
“နင်ဘာဖစ်နေတာရဲဟ။ ဘာရို့အဲဒီလောက်တောင်ကြောက်ေ
နရတာလဲ။” ကောင်မလေးကမေးတယ်။
ကောင်လေးမဖြေပါ။ လက်နှစ်ဖက်ကိုတင်းတင်းဆုပ်ပြီးေ
မြကြီးကိုသာငုံ့ကြည့်နေတယ်။ ကောင်မလေးကတစ်ချက်ရယ်လိုက်ပြီး
“ဘာရဲဟ။ နာ့ရုပ်ကကြောက်ဖို့ကောင်းလို့လာ
း။” ကောင်လေးကကောင်မလေးကိုစိုက်ကြည့်ပြီးနှုတ်ခမ်းကိုတင်းတင်းကိုက်ကာခေါင်းခါတယ်။
“ဒါနဲ့များ…နာနင်နဲ့သူငယ်ချင်
းရုပ်ချင်ရို့၊ ရတယ်မရား။” ကောင်မလေးကရွှင်ရွှင်ပျပျနဲ့မေးတယ်။
ကောင်လေးဆတ်ခနဲတုန်လှုပ်သွားတယ်။ ပြူးကျယ်ဝိုင်းစက်တဲ့မျက်လုံးေ
တွနဲ့ကောင်မလေးကိုစိုက်ကြည့်ပြီးဘာသံမှတော့ထွက်မလာဘူး။
“နင်..နင်ရက်မခံဘူးရားဟင်။ နာနဲ့သူငယ်ချင်းမလုပ်ချင်ဘူးရား
။” ကောင်မလေးမျက်နှာကတဖြည်းဖြည်းမဲ့လာတယ်။
“ပြောရေ၊ကောင်ရေးရဲ့….ဟင်” ကောင်လေးရဲ့လက်ကိုဆွဲလှုပ်ပြီးေ
မးပေမယ့်ကောင်လေးဘက်ကတုံ့ပြန်မှုမလာဘူး။ ကောင်မလေးရဲ့သူငယ်ချင်းတစ်ယောက်ကမနေနိုင်တော့ဘဲ
“လာပါ ကောင်မလေးရယ်။ နင့်ဘက်ကဒီလောက်တောင်ပြောနေတာကိ
ုသူကဂရုမစိုက်ပုံထောက်တော့အ-နေလို့လားမှမသိတာ။”
ကောင်လေးရဲ့မျက်လုံးထဲမှာအရောင်
တစ်မျိုးဖြတ်သွားတာကိုကောင်မလေးသတိထားလိုက်မိတယ်။ ကောင်လေးရဲ့စူးရှတဲ့မျက်လုံးတွေကကောင်မလေးသူငယ်ချင်းဆီရောက်သွားတယ်။ ပြီးတော့ဘာမှမပြောဘဲလှည့်ထွက်သွားလေတော့တယ်။ ကောင်မလေးတောင်တားချိန်မရလိုက်ဘူး။ ကောင်မလေးကတစ်ချက်စဉ်းစားလိုက်ပြီး
“နင်တို့နဲ့နာဒီနေ့မဆော့တော့ဘူး
။နင်တို့ပြန်တော့။”
ကောင်မလေးရဲ့သူငယ်ချင်းတွေကျေ
နပ်ပုံမပေါ်ပေမယ့်ကောင်မလေးကိုဘယ်သူမှမလွန်ဆန်ရဲကြဘူး။ အသီးသီးပြန်သွားကြတယ်။ အဲဒီနောက်တော့ “ကောင်ရေးရေ၊ကောင်ရေးရေ နာထော်နေတာကြားရား။ ကြားရင်ပြန်ထူးပါ။ ကောင်ရေးရေ…”
ကောင်မလေးကရွာကိုပတ်ပြီးလိုက်ရှ
ာတယ်။ နောက်ဆုံးတော့ပင်လယ်ဘေးနားသဲသောင်ပြင်ပေါ်မှာငုတ်တုတ်ထိုင်နေတဲ့ကောင်လေးကိုတွေ့သွားလေတယ်။ ၀မ်းသာအားရနဲ့ပြေးသွားပြီး
“ဟိတ်..”
ကောင်လေးလန့်သွားတယ်။ ဒါပေမယ့်သူ့ကိုခေါ်တဲ့သူကကောင်မေ
လးမှန်းသိသွားတော့ထပြီထွက်သွားဖို့ပြင်တယ်။ ကောင်မလေးကကောင်လေးရဲ့အကျီကိုမလွှတ်တမ်းဆွဲထားလေတယ်။ “နင်ဘာမှအားငယ်စရာမလိုဘူး၊ကောင်ရေးရဲ့၊နင်ဘာရို့နာနဲ့စကားမပြာတာရဲဆိုတာနာသိတယ်။”
ကောင်လေးကကောင်မလေးကိုအံ့သြကြည်
့နဲ့ကြည့်တယ်။
ကောင်မလေးဆက်ပြောတယ်။ “ဘာရို့ရဲဆိုတော့နင်ကစကားမပြော
တတ်ရို့ပေါ့။ဟုတ်တယ်မရား။”
ကောင်လေးကခေါင်းငုံ့နေတယ်။ “ဘာပဲဖြစ်ဖြစ်နာနင်နဲ့ခင်ချင်
တယ်။နင်နဲ့သူငယ်ချင်းရုပ်ချင်တယ်။ငါနင့်ကိုအထင်လည်းမသေးဘူး။တစ်ခြားဘယ်သူမှနင်နဲ့မပေါင်းတောင်နာနင်နဲ့ပေါင်းမယ်။ ကဲ..နာ့ကိုသူငယ်ချင်းအဖြစ်ရက်ခံမယ်မဟုတ်ရား။”
ကောင်လေးမျက်နှာပြုံးလာတယ်။ ကောင်မလေးကိုကြည့်ပြီးဝမ်းသာအား
ရနဲ့ခေါင်းညိမ့်လိုက်တယ်။
“ဟေး….ကဲ..နာတို့အခုသွားဆော့
ရအောင်…..”
ရုတ်ခနဲပြေးထွက်သွားတဲ့ကောင်မေ
လးနောက်ကိုကောင်လေးအပြေးကလေးလိုက်သွားမိလေတယ်။

အပိုင်း(၂)။ ။

“ကောင်လေးရေ၊လာဦး” ကောင်မလေးကလှမ်းခေါ်တယ်။ ကောင်လေးကခပ်ပြုံးပြုံးလုပ်ပြီးခေါင်းခါတယ်။
“ဟာ၊လာပါဦးဆို။” ကျစ်ဆံမြီးတင်းတင်းကျစ်ထားတဲ့ေ
ကာင်မလေးကနှုတ်ခမ်းစူနေတယ်။
“နင့်ကိုပန်းသီးကျွေးမလို့။နင်
မစားရင်နေ..ငါပဲစားပစ်လိုက်တော့မယ်။”
ကောင်မလေးကနောက်လှည့်ပြီးဒန်းမှ
ာသွားထိုင်တယ်။ ပန်းသီးကိုကောင်လေးမြင်အောင်ပြပြီးကိုက်စားမလို့ဟန်ပြင်လိုက်တယ်။ “အမယ်လေး…ဟယ်..လန့်လိုက်တာ..ဒါမျိုးကျတော့မြန်တယ်။”
ကောင်လေးကကောင်မလေးအနားဗြုန်းစာ
းကြီးရောက်လာတယ်။ ကောင်မလေးကရယ်ပြီးကောင်လေးကိုပန်းသီးလှမ်းပေးလိုက်တယ်။ ဒါပေမယ့်ကောင်လေးကခေါင်းခါတယ်။ ကောင်မလေးဘက်ပြန်ပေးတယ်။
“ဟင်၊နင်ကဒါစားချင်လို့လာတာမဟု
တ်ဘူးလား။”
ကောင်လေးမျက်နှာတည်သွားတယ်။ လက်ကအမူအရာနဲ့လုပ်ပြတယ်။
(နင်ကငါဒါစားချင်နေတယ်ထင်လို့လာ
း။)
“ဟာ…နင်ကလည်း..”
ကောင်လေးကကောင်မလေးအနားကထသွား
တယ်။
“ဟ၊ကောင်လေးရ၊စိတ်မကောက်ပါနဲ့ဟာ
။ငါကနင့်ကိုစတာပါ။မေမေပေးထားတာငါတောင်မစားရက်လို့နင့်ကိုလာကျွေးတာပါ။နင်စိတ်ညစ်ရင်ငါလည်းမပျော်ဘူးဆိုတာသိသားနဲ့ဟာ..”
ကောင်လေးကသူ့ဆံပင်တွေကိုတစ်ချက်
ထိုးဖွလိုက်ပြီးကောင်မလေးကိုလှည့်ကြည့်တယ်။
(နင်တကယ်ပြောတာလား။)
“ဟ..တကယ်ပြောတာ။လာ..ဒီနားလာထို
င်..”
ကောင်လေးလာထိုင်တယ်။ ကောင်မလေးကပန်းသီးကိုပေးတယ်။ ကောင်လေးမယူပြန်ဘူး။
“ဒီတစ်ခေါက်ဘာဖြစ်ပြန်တာလဲ…ေ
ကာင်လေးရ။ ယူပါ။”
(နင်ပဲစားပါ။)
“ဟင့်အင်း…နင့်ကိုစားစေချင်လိ
ု့ပါ။”
(နင်စားပါ။ နင်စားတာငါထိုင်ကြည့်ချင်လို့)
“ဟာ…ငါလည်းနင်စားတာထိုင်ကြည့်
မလို့”
သူတို့တစ်ယောက်ကိုတစ်ယောက်ကြည့်
ပြီးရယ်ကြတယ်။
“ဟားဟား…ဒါဆိုအတူတူစားရအောင်။

(ဒါဆိုအတူတူစားရအောင်။)
မထင်မှတ်ဘဲကောင်မလေးရဲ့စကားသံနဲ
့ကောင်လေးရဲ့လက်အမူအရာကထပ်သွားတယ်။ သူတို့ရယ်ကြပြန်တယ်။
“နင်သိလား၊ကောင်လေးရ။ နင်ကငါ့စိတ်ကိုနားအလည်ဆုံးပဲ။”
(နင်ရောပဲ၊ ကောင်မလေးရေ။)
ကောင်မလေးကအားရပါးရပြုံးလိုက်ြ
ပီး “ငါတို့တသက်လုံးအတူတူနေသွားကြမယ်လေ။ တသက်လုံးမခွဲကြေးနော်။”
ကောင်လေးရဲ့ရင်ခုန်သံတွေမြန်လာ
တယ်။မျက်နှာမှာရွှင်ပျတဲ့ပုံပေါ်လာပေမယ့်ချက်ချင်းပဲပြန်ညှိုးကျသွားတယ်။
ခေါင်းကိုတစ်ဖက်လှည့်ပြီးဖြစ်နိ
ုင်ပါ့မလား၊ကောင်မလေးရယ်လို့တွေးနေမိတယ်။
ကောင်မလေးကကောင်လေးပုခုံးကိုတို
က်လိုက်ပြီး “ဘာလဲ…ဖြစ်နိုင်ပါ့မလားလို့တွေးနေတယ်မဟုတ်လား”
ကောင်လေးမျက်နှာမထားတတ်အောင်ြ
ဖစ်သွားတယ်။ကောင်မလေးကဆက်ပြောတယ်။
“ဟော..ဟော..နင်ဘယ်လိုလုပ်သိတာလဲ
လို့တွေးနေပြန်ပြီ။” ကောင်လေးခမျာဘာလုပ်ရမှန်းတောင်မသိတော့ဘူး။ ကောင်မလေးကတသိမ့်သိမ်ရယ်တယ်။
“ဟားဟား….နင့်မျက်လုံးတွေကြို
ကည့်လိုက်တာနဲ့ငါသိပါတယ်ဟာ။ ကဲ…ငါသက်သေပြမယ်လေ။”
(ဘယ်လိုပြမှာလဲ။)
“အင်း…ဒါတော့………” ကောင်မလေးကမျက်မှောင်ကြုတ်ပြီးေ
တွးနေလေတယ်။ “ဘယ်လိုပြရမလဲဆိုတော့…..အင်း...”
(ထားလိုက်ပါဟာ။ ဒါနဲ့နောက်တစ်ပတ်ငါ့မွေးနေ့နော်
။ နင်မှတ်မိရဲ့လား။) ကောင်လေးကစကားလမ်းကြောင်းလွှဲလိုက်တယ်။
“ဟာ….မှတ်မိတာပေါ့။ ငါကဘာလို့မေ့ရမှာလဲ။ ကဲ….ပြော….ဘာလိုချင်လဲ။”
ကောင်လေးကပြုံးပြီခေါင်းခါတယ်။
“ပြောပါဟ။ နင်လိုချင်တာငါပေးပါ့မယ်။ ၁၅နှစ်ပြည့်ဆိုတော့…….”
(နင်နဲ့ငါနဲ့ခင်တာရှစ်နှစ်တောင်
ရှိတော့မယ်နော်။)
“အေးလေ။ဘာဖြစ်လို့လဲ….” ကောင်မလေးကစိတ်ရှုပ်သွားဟန်နဲ့ေ
မးတယ်။ ကောင်လေးခေါင်းခါပြန်တယ်။ နောက်တော့
(တကယ်ဆိုရင်ငါလိုချင်တာတစ်ခုရှိ
တယ်။)
“ဟာ…ပြောလေဟာ..နင်ကလည်းအစြော
ကီးကတည်းကမပြောဘူး။”
(ခုနကမှလိုချင်သွားတာ။)
“ပြော…ဘာလဲ။ ပစ္စည်းလား။ စာအုပ်လား။ ငါဝယ်ပေးမှာပေါ့။”
ကောင်လေးကသက်ပြင်းတစ်ချက်ချပြီး
(ငါလိုချင်တာနင်ဝယ်ပေးလို့မရဘူး
။)
“ဟင်….”
(ဒါပေမယ့်နင်ပဲဖြည့်ဆည်းပေးနို
င်တယ်။)
ကောင်လေးကကောင်မလေးကိုစေ့စြေ့
ကည့်ပြီး
(အဲဒါက ငါ့မွေးနေ့တစ်နေ့လုံးနင်ငါနဲ့
အတူရှိနေပါ့မယ်ဆိုတဲ့ကတိပဲ။)
ကောင်မလေးအံ့သြသွားတယ်။ တစ်ချက်ပြုံးလိုက်ပြီး
“ဒါများ ကောင်လေးရယ်။ ငါရှိမှာပေါ့။ ငါရှိရမှာပေါ့။”
(ကတိပေးမလား။)
“အေး..ပေးတယ်။ လုံးဝပေးတယ်။”
ကောင်လေးပျော်သွားလေတယ်။
“ကဲ…..ကဲ….မှောင်ပြီ။ ငါပြန်ရတော့မယ်။”
(အေးပါ။…)
“တာ့တာ့၊ ကောင်လေးရေ။”
ကောင်လေးလည်းလက်ပြန်ပြလိုက်တယ်။

အပိုင်း(၃)။ ။

ကောင်လေးမွေနေ့မတိုင်မီညတွင်…
ကောင်မလေးကတိတ်တဆိတ်မျက်ရည်ကျနေတယ်။ ကောင်လေးကအံကိုတင်းတင်းကြိတ်ထားတယ်။ မချင့်မရဲဖြစ်နေတဲ့ပုံစံနဲ့..
“ငါ…ငါလည်းမရည်ရွယ်ပါဘူးဟာ..ေ
မမေတို့ကစီစဉ်ပြီးမှပြော..ပြောတာပါ။”
ကောင်လေးကကောင်မလေးရှေ့မှာရပ်ြ
ပီး
(အဲဒါလားဟင်…နင်ငါ့ကိုပေးမယ့်
မွေနေ့လက်ဆောင်ကအဲဒါလား။ နင်တော်တယ်..ကောင်မလေးရာ။ သိပ်တော်တာပဲ။ ငါ့ကိုတသက်လုံးမမေ့စေတဲ့လက်ဆောင်ပေါ့နော်။)
ကောင်လေးကအမူအရာနဲ့သာလုပ်ပြေ
ပမယ့်ကောင်မလေးကတော့သူ့ဘေးနားကတကယ်အသံထွက်ပြောသလိုခံစားနေရတယ်။ ခေါင်းကိုတွင်တွင်ခါပြီး
“မဟုတ်ဘူး..ကောင်လေးရဲ့..မဟုတ်
ပါဘူးဟာ..ငါလေ..ငါ…”
(ဘာမဟုတ်တာလဲ…ဘာမဟုတ်တာလဲ။ ဘယ်မှာလဲနင်ငါ့ကိုပေးခဲ့တဲ့ကတိ။ နင်ဘယ်လိုနည်းနဲ့များတည်ဖို့စိ
တ်ကူးသလဲဟင်။ အခုတော့သွားပြီ..အကုန်ရေစုန်မျောကုန်ပြီ။ ပြီးတော့ ဘာတဲ့..တသက်လုံးမခွဲဘဲအတူတူနေမယ်ဆို…သက်သေလည်းပြမယ်ဆို..နင်….နင်….လုပ်ရက်တယ်ဟာ….)
ကောင်လေးကမျက်လုံးကိုစုံမှိတ်လိ
ုက်တယ်။ အတားအဆီးမဲ့စွာမျက်ရည်တွေကျနေတယ်။ ကောင်မလေးကကောင်လေးကိုမရဲတရဲမော့ကြည့်ပြီးရှိုက်သံနဲ့
“ဒါပေမယ့် ငါတို့တသက်လုံးမတွေ့တော့တာမှာ
မဟုတ်တာ။ ငါပြန်လာမှာပေါ့ ငါမြို့မှာပညာသင်ပြီးရင်ပြန်လာမှာပေါ့။ အဲဒီတော့မှငါတို့အတူတူနေလို့ရတယ်လေ။”
ကောင်လေးဘာမှမပြောတော့ပါဘူး။ ဒါပေမယ့်ဘယ်လိုခံစားနေရမလဲဆိုတာ
ကောင်မလေးနားလည်နေတယ်။ ကောင်မလေးဆက်ပြောတယ်။
“နင်ကငါမငြင်းဘူးလို့များထင်ေ
နတာလား ကောင်လေးရယ်။ ငါဘယ်နေပါ့မလဲ။ ငြင်းတာပေါ့။ အမျိုးမျိုးကိုပတ်ငြင်းတာပေါ့။ ဒါပေမယ့်မေမေကပြောတယ်..သမီးရယ်တဲ့..အဖေအမေတို့ပျော်နေတာသမီးမမြင်ချင်ဘူးလားတဲ့..သမီးကောင်းစားဖို့ပါတဲ့။ ကောင်လေးရယ်..ငါဘယ်လိုလုပ်ငြင်းရတော့မှာလဲ။ ဘယ်လိုလုပ်ငြင်းရတော့မှာလဲ။ ပြောပါဦး.. ကောင်လေးရဲ့”
ကောင်လေးကခေါင်းပဲခါနေတယ်။ ကောင်မလေးက
“ငါနင့်ကိုပေးခဲ့တဲ့ကတိတွေမတည်
ဘူးလို့နင်ပြောသင့်ပါတယ်။ ငါတကယ်လည်းမတည်ပါဘူး။ မနက်ဖြန်သွားရမှာဆိုတော့ငါကနင့်မွေးနေ့မှာဘယ်လိုလုပ်အတူတူရှိနေနိုင်ပါတော့မလဲ။ ကံတရားကအပြောင်းအလဲမြန်လိုက်တာဟာ..။ နင်ငါ့ကိုအပြစ်တင်ပါဟာ…တင်လိုက်စမ်းပါ။”
ကောင်လေးကခေါင်းခါပြန်တယ်။ တစ်ခုပဲလုပ်ပြတယ်။ လောကကြီးမတရားဘူးတဲ့။ သူ့ကိုဘာလို့ဒီလိုဒဏ်ခတ်ရတာလဲတဲ
့။ ကောင်မလေးရင်တွေနာကျင်နေတယ်။
“ဒါပေမယ့်….ဒါပေမယ့်….” ကောင်မလေးကခေါင်းမော့လိုက်ပြီးေ
ကာင်လေးကိုစေ့စေ့ကြည့်ကာ
“ငါနင့်ကိုကတိတစ်ခုထပ်ပေးမယ်။ ငါပြန်လာပြီးနင့်ကိုလာရှာမယ်။ ငါမတွေ့မချင်းရှာမယ်။ အဲဒါငါ့ကတိပဲ။ ဒီကတိကငါ့နှလုံးသားထဲကနေလှိုက်လိ
ှုက်လှဲလှဲပေးတဲ့ကတိပါ။ အဲဒီ့ကတိကိုငါတသက်လုံးမဖျက်ဘူး။ တည်အောင်ငါလုပ်မှာ။ ကောင်လေးရယ်…နင်နဲ့ငါနဲ့ပြန်တွေမှာပါ။ ငါသိနေပါတယ်။”
(မပေးပါနဲ့ကောင်မလေးရယ်.. ဒီလိုကတိရဖို့ငါမတန်ပါဘူး။ ငါနဲ့နင်နဲ့ကအဆင့်အတန်းလည်းအရမ်
းကွာတယ်လေ။ နင်နဲ့ဒီလောက်အထိခင်ခွင့်ရတာပဲငါကနင့်ကိုကျေးဇူးတင်ရမှာပါ။)
“နင်ဒီလိုမပြောနဲ့ကောင်လေး.. အဆင့်အတန်းဆိုတာနင်နဲ့ငါနဲ့ကြား
မှာမရှိဘူး။ ငါ့ကိုယ်ငါသူဌေးသမီးဆိုပြီး၊ နင့်ကျတော့ဖတဆိုးသားဆိုပြီး၊ စကားမပြောတတ် အ-နေတယ်ဆိုပြီးငါနင့်ကိုဘယ်တော့မှအထင်မသေးခဲ့ပါဘူး။”
(ဒါတွေငါသိပါတယ်၊ ကောင်မလေးရယ်။)
“ဒါနဲ့များဟာ…ပြီးတော့နင်ငါ့
ကိုမပုန်းရဘူးနော်။ ဘာပဲဖြစ်ဖြစ်ငါကတော့မတွေ့တွေ့အောင်လိုက်ရှာမှာပဲ။ ငါ့ရဲ့ကတိကိုငါတည်အောင်ကြိုးစားမှာပဲ။”
အဲဒါကောင်မလေးကကောင်လေးကိုနောက်
ဆုံးပြောခဲ့တဲ့စကားပါပဲ။

နောက်နေ့ကောင်လေး၏မွေးနေ့ဝယ်…
ကောင်မလေးကနောက်ကိုလှည့်ကြည့်လှည့်ကြည့်နဲ့ ကောင်လေးလာမလားလို့နောက်ဆုံးအချိန်အထိစောင့်နေခဲ့တယ်။
ဒါပေမယ့်ကောင်လေးမလာပါဘူး။
“ငါ့ကိုနာကြည်းသွားပြီ” ဆိုပြီး ကောင်မလေးကြေကွဲစွာတွေးနေမိတယ်။
နောက်ဆုံးတော့ကောင်မလေးလည်းကျလု
ဆဲဆဲမျက်ရည်ကိုသိမ်းပြီး မြို့ကိုပါသွားရှာလေတယ်။
ဒါပေမယ့် ကောင်မလေးကိုကောင်လေးကတစ်နေရာကေ
နချောင်းကြည့်နေတယ်ဆိုတာကိုတော့……….
“သွားတော့..ကောင်မလေးရယ်။ သွားတော့… နင်နဲ့ပြန်ဆုံဖို့လည်းငါမမျှော်
လင့်ပါဘူး။ ကံကောင်းပါစေ….”

အပိုင်း(၅)။ ။

ဒီလိုနဲ့ပဲ ကောင်လေးနဲ့ကောင်မလေးတို့အဆက်အသွယ်ပြတ်သွားကြတယ်။ နှစ်ယောက်စလုံးရဲ့ရင်ထဲမှာတော့အသီးသီးသတိရနေဆဲပဲ။
လေးနှစ်လောက်ကြာတော့ ကောင်မလေးမိသားစုစီးပွားရေးအြ
ကပ်အတည်းနဲ့ကြုံရတယ်။ ကောင်မလေးကိုကျောင်းဆက်မထားနိုင်တဲ့အထိဖြစ်သွားတယ်။
ဒါပေမယ့် မထင်မှတ်ဘဲကောင်မလေးဆီကိုအမည်မေ
ဖ်ာလိုသူတစ်ယောက်ကလစဉ်လတိုင်းထောက်ပံ့ကြေးတွေပို့ပေးနေခဲ့တယ်။ ကောင်မလေးအဆင်ပြေပြေနဲ့ကျောင်းဆက်တက်ခွင့်ရခဲ့တယ်။ ဘယ်သူလဲဆိုတာတော့ကောင်မလေးဘယ်လိုမှစုံစမ်းလို့မရခဲ့ဘူး။
ခြောက်နှစ်တိတိကြာသွားပြန်တယ်။ ကောင်မလေးလည်းပညာသင်ပြီးလို့ရွာ
ကိုပြန်လာပြီ။ ဒါပေမယ့်အရင်တုန်းကလို ကျစ်ဆံမြီးနဲ့ကောင်မလေးမဟုတ်တော့ဘူး။ သွယ်သွယ်လျလျနဲ့မိန်းမပျိုလေးတစ်ယောက်ဖြစ်နေပြီ။ အရင်တုန်းကထက်တောင်ပိုလှလာသေးတယ်။
ရောက်ရောက်ချင်းကောင်လေးကိုသွား
ရှာတယ်။ ဒါပေမယ့်သတင်းကြားရတာကတော့ ကောင်လေးရယ် သူ့အမေဆုံးပြီးကတည်းကရွာကထွက်သွားတယ်ဆိုပဲ။ အခုထိသတင်းမကြားရဘဲစုန်းစုန်းမြှုပ်ပျောက်ကွယ်သွားတယ်တဲ့။ ကောင်မလေးခမျာရင်ဝကိုခြေနဲ့ဆောင့်ကန်လိုက်သလိုပဲ။ အကုန်လုံးကလည်းဘယ်ကိုသွားမှန်းလည်းမသိ၊ ဘာဖြစ်နေမှန်လည်းမသိတဲ့ကောင်လေးကိုဆက်မရှာဖို့ဖျောင်းဖျကြတယ်။ ဒါပေမယ့်ကောင်မလေးကလက်မလျှော့ဘူး။ သူပေးထားတဲ့ကတိကိုလိုက်နာမယ်။ ကောင်လေးကိုဆက်ရှာမယ်ဆိုတာချည်းပဲ။
အရင်တုန်းကကောင်လေးနဲ့ဆော့ဘူးတဲ
့ပင်လယ်ကမ်းခြေတစ်လျှောက်မှာဦးတည်ချက်မရှိလျှောက်သွားနေသူကကောင်မလေးရယ်။ သဲသောင်ပြင်ကြီးမှာ “ကောင်လေး” ဆိုပြီးအကြီးကြီးရေးထားပြီးတိတ်တဆိတ်ငိုရှိုက်နေတာကကောင်မလေးရယ်။ ပင်လယ်ပြင်ကလေအေးအေးလေးတွေ ကောင်မလေးကိုဖြတ်တိုက်သွားပေမယ့် ကောင်မလေးအဖို့မှာတော့နှလုံးသားကိုဓားနဲ့တစ်ချက်ချင်းမွှန်းနေသလိုခံစားနေရလေတယ်။ နာကျင်နေတဲ့အသည်နှလုံးနေရာကိုလက်နဲ့ဖိရင်း……
“ကောင်လေးရေ……………….
……….”
အသံကအရပ်ရှစ်မျက်နှာဆီကိုပျံ့နှ
ံ့သွားတယ်။ အဲဒီနောက်တော့ကောင်မလေးမျက်လုံးတွေေ၀၀ါးလာတယ်။ ဘာမှမမြင်ရတော့ဘူး။ ရင်ထဲကစူးစူးဝါးဝါးနာကျင်နေတာပဲသိတော့တယ်။

မျက်လုံးအစုံကိုဖွင့်ကြည့်လိုက်တော့ဖြူဖွေးနေတဲ့ဆေးရုံမျက်နှာကျက်ကိုမြင်လိုက်ရတယ်။
“ဟူး…….” ကောင်မလေးသက်ပြင်းတစ်ချက်မှုတ်ထု
တ်လိုက်တယ်။ ကောင်မလေးဆေးရုံပေါ်ရောက်နေတာတစ်ပတ်လောက်ရှိသွားပြီ။ မျက်နှာကလည်းဖြူဖပ်ဖြူရော်လူနာရုပ်နဲ့။
ရုတ်တရက်အခန်းတံခါးဖြည်းညင်းစွာ
ပွင့်သွားတယ်။ ကောင်မလေးမျက်လုံးတွေကိုမှိတ်လိုက်တယ်။ သူမအခုချိန်မှာဘယ်သူ့နဲ့မှမတွေချင်သေးဘူး။
ဒါပေမယ့်ခါတိုင်းလိုစိုးရိမ်သံေ
တွမကြားရဘူး။ တစ်ခန်လုံးဟာတိတ်ဆိတ်ငြိမ်သက်နေတယ်။
ကောင်မလေးရုတ်တရက်ရင်ထဲမှာဒိန်း
ခနဲဖြစ်သွားတယ်။ မျက်လုံးကိုဖြတ်ခနဲဖွင့်လိုက်တော့…………
သူမရဲ့ခုတင်ဘေးမှာရပ်ပြီးသူမကို
ရီဝေနေတဲ့မျက်လုံးအစုံနဲ့စိုက်ကြည့်နေတဲ့ ကောင်လေးကိုတွေလိုက်ရလေတယ်။
“ဟင်…” ကောင်မလေးရဲ့မျက်လုံးအစုံပြူးကျ
ယ်သွားတယ်။ ကောင်လေးရယ်….ကောင်လေးမှကောင်လေးအစစ်ပါပဲ။အရင်တုန်းကလိုပဲ..ရုပ်လုံးဝမပြောင်းဘူး။ ကောင်မလေးရဲ့နှုတ်ခမ်းတွေတဆတ်ဆတ်တုန်နေတယ်။ ဘာသံမှတော့ထွက်မလာဘူး။ နောက်မျက်ရည်တွေဝိုင်းတက်လာပြီးမျက်နှာကိုလက်နှစ်ဖက်နဲ့အုပ်ကာရှိုက်ကြီးတငင်ငိုလေတော့တယ်။
ကောင်လေးလည်းကောင်မလေးကိုကြည့်ြ
ပီးခေါင်းကိုလက်နဲ့ပုတ်ပေးနေမိတယ်။
အတန်ကြာတော့ကောင်မလေးလည်းအငိုတိ
တ်သွားတယ်။ ခေါင်းမော့ပြီးကောင်လေးရဲ့မျက်နှာကိုသေချာစိုက်ကြည့်တယ်။ မျက်ရည်တွေမခြောက်သေးပေမယ့်မျက်နှာကတော့ပြုံးနေလေတယ်။ ကောင်လေးလည်းအလားတူပဲ။ ကောင်မလေးကိုပြုံးပြီးကြည့်နေတယ်။
နှစ်ယောက်စလုံးကစကားတစ်ခွန်းမှ
မပြောကြသေးပါဘူး။ အတန်ကြာတိတ်ဆိတ်နေပြီးမှကောင်မလေးက
“နင်ဘယ်မှာပုန်းနေလာလဲ၊ ကောင်လေးရယ်။”
ကောင်လေးကခေါင်းခါတယ်။
“နင်ငါ့ကိုမရှောင်ပါနဲ့လို့ငြါေ
ပာထားခဲ့ပြီးသားလေ။ ပြောပါဦး။ ဘာဖြစ်လို့ငါနဲ့အတွေ့မခံရတာလဲဟင်။”
ကောင်လေးကလက်အမူအရာနဲ့ပဲ
(နင်နဲ့ငါနဲကဖြစ်မှမဖြစ်နိုင်တာ
။ ငယ်ငယ်တုန်းကကိစ္စတွေကိုမေ့ပစ်လိုက်စမ်းပါ။ အခုဆိုရင်နင်ကငါ့ထက်အစစအရာရာသာနေပြီ။ ငါကဘယ်လိုလုပ်နင့်ကိုလာတွေ့ရမှာလဲ။)
“နင်တွေးပြန်ပြီ။ နင်ဒီလိုချည်းပဲတွေးနေတာပဲ။ ငါလိုချင်တာအဲဒါတွေမဟုတ်ဘူး။ ပညာ ဥစ္စာ ဂုဏ်ရှိန်တွေ ငါဘာမှမလိုချင်ဘူး။ ငါလိုချင်တာနင့်ရဲ့ဖြူစင်တဲ့သံေ
ယာဇဉ်။ ဘာနဲ့မှလဲလို့မရဘူး။ ၀ယ်လို့လည်းမရဘူး။ ငါ့အတွက်နင်ကအရေးအကြီးဆုံး.. အဖိုးအတန်ဆုံးပါ။”
ကောင်လေးကကောင်မလေးလက်ကိုဆုပ်ကိ
ုင်ထားလေတယ်။ ကောင်မလေးကဆုံးဖြတ်ချက်ချပြီးဟန်နဲ့ဆက်ပြောတယ်။
“ပြီးတော့ငါရောဂါဖြစ်နေပြီဆိုတာ
သိလားဟင်။”
ကောင်လေးတစ်ကိုယ်လုံးဆတ်ခနဲဖြစ်
သွားတယ်။
“လည်ချောင်းနဲ့ပတ်သက်တယ်တဲ့။ ငါ သေချာတော့မသိပါဘူး။ ဒါပေမယ့်ငါသိတာတစ်ခုရှိတယ်။ ငါခွဲစိတ်ရဖို့နည်းလမ်းတစ်ခုပဲ
ရှိတယ်။ ခွဲစိတ်ရင်သေချာပေါက်ရောဂါပျောက်မယ်။ ဒါပေမယ့်ငါ့ရဲ့အသံပါပျောက်သွားလိမ့်မယ်။ မခွဲစိတ်ရင်သေဖို့တစ်နည်းပဲရှိတယ်။”
ကောင်လေးရင်ထဲဆို့တက်လာတယ်။
“ပထမတော့ငါအသေခံမလို့ပဲ။ ဒါပေမယ့်နင်နဲ့တွေ့ရပြီဆိုတော့
ငါဆုံးဖြတ်လိုက်ပြီ။ ငါခွဲစိတ်မယ်။ အသံပျောက်သွားလည်းဘာဖြစ်လဲ။ ငါတို့နှစ်ယောက်စလုံးဘ၀တူတွေဖြစ်သွားပြီ။ ကဲ…နင်ငါ့ရှေ့ကနေထွက်မပြေးနဲ့တော့။ ငါတို့နှစ်ယောက်စလုံးအတူတူနေလို့ရပြီလေ။” ကောင်လေးတွေဝေသွားတယ်။ ကောင်မလေးကမျှော်လင့်တကြီးကြည့်နေတယ်။ နောက်ကောင်လေးရဲ့ခေါင်းတစ်ချက်အညိမ့်မှာ ကောင်မလေးအရမ်းပျော်သွားပြီး ကောင်လေးရဲ့လည်ပင်းကိုသိုင်းဖက်လိုက်တယ်။ ကောင်လေးရဲ့မျက်နှာနာကျင်မှုကြောင့်ရှုံ့မဲ့သွားတာကိုမြင်လိုက်ရတော့
“ဟင်…ဘာဖြစ်တာလဲဟင်၊ ကောင်လေး။”
ကောင်လေးကခေါင်းခါတယ်။ (ဘာမှမဖြစ်ပါဘူး။)
ဒါပေမယ့်ကောင်မလေးကမယုံဘူး။ ကောင်လေးရဲ့လည်ပင်းကိုအတင်းကြည်
့တယ်။ ပတ်တီးစည်းထားတာကိုတွေ့လိုက်ရတော့
“ကောင်လေး…အဲဒါ…”
ကောင်လေးကလည်ပင်းကိုအင်္ကျီနဲ့ကွယ်ပြီး
(ဘာမှမဟုတ်ပါဘူး။ အလုပ်လုပ်လို့ရတဲ့ဒဏ်ရာပါ။)
“ဟယ်…ဒဏ်ရာကအဲဒီလောက်တောင်ပဲ
လား။ နင်ဘာအလုပ်လုပ်တာလဲဟင်။ ရွာကထွက်သွားပြီးနင်ဘာတွေလုပ်နေတာလဲ။ တော်တော်ပင်ပန်းမှာပေါ့နော်။”
ကောင်လေးကမျက်နှာလွှဲပြီး
(စက်ရုံမှာလုပ်တာပါ။ ဒီလိုပါပဲ။)
“နင်ကလည်း ဘာဖြစ်လို့အဲဒီလောက်တောင်အပင်
ပန်းခံရတာလဲ။”
ကောင်လေးကကောင်မလေးကိုလုံးဝမြ
ကည့်တော့ပါဘူး။ ဘာမှမဟုတ်ပါဘူးတဲ့။ တိုးတိုးလေးဖြေရှာတယ်။

အပိုင်း(၆)။ ။

ဒီလိုနဲ့ကောင်မလေးရဲ့ခွဲစိတ်မှုအောင်မြင်သွားတယ်။ အသံတော့ပျောက်သွားတာပေါ့။ နောက်တော့ကောင်လေးနဲ့ကောင်မလေးတို့လက်ထပ်လိုက်ကြတယ်။ သူတို့နှစ်ယောက်ရဲ့ကမ္ဘာလေးဟာတိတ်ဆိတ်အေးချမ်းလွန်းလှတယ်။ တစ်ယောက်နဲ့တစ်ယောက်လည်းလက်အမူအရာနဲ့ပဲဆက်သွယ်ကြတယ်။ သူတို့ကိုကြည့်ရတာကြည်နူးစရာသိပ်ကောင်းတာပဲ။
တစ်နှစ်လောက်ကြာတော့ကံကြမ္မာဆိုး
ကြီးဟာသူတို့နှစ်ယောက်ဆီနောက်တစ်ခေါက်ဆိုက်ရောက်လာပြန်တယ်။ ကောင်လေးရယ်လုပ်ငန်းမှာရုတ်တရက်သတိလစ်သွားလို့ဆေးရုံကိုပို့လိုက်ရတယ်။ အကြောင်းရင်းကိုစုံစမ်းလိုက်တော့ကောင်လေးမှာကင်ဆာဖြစ်နေပြီတဲ့။ နောက်ဆုံးအဆင့်ရောက်နေပြီ။ ကောင်မလေးရယ်ဗြုန်းစားကြီးပြောင်းလဲသွားတဲ့အခြေအနေကိုနားမလည်ခင်မှာပဲ ကောင်လေးကအိပ်ရာထဲလဲနေပြီ။ ကောင်လေးရဲ့အခြေအနေကဘယ်လိုမှမရတော့ဘူး။
နောက်ဆုံးတော့လည်းကောင်မလေးဘ၀ထဲ
ကနေကောင်လေးပြုံးပြုံးလေးထွက်ခွာသွားတယ်။ ဘယ်တော့မှပြန်မလာတော့တဲ့အပြီးအပိုင်ထွက်ခွာသွားခြင်းမျိုးနဲ့ပေါ့။
ကောင်မလေးဘယ်လိုမှခံစားနိုင်စွ
မ်းမရှိတော့ဘူး။ ထူးဆန်းစွာပဲ ကောင်မလေးနှုတ်ကနေအသံထွက်လာတယ်။
“ကောင်လေးရယ်.. တကယ်တော့ငါ..ငါ…နင့်ကိုတသက်လံ
ုးဖုံးကွယ်ထားခဲ့တာပါ။ ငါအသံမပျောက်ပါဘူး။ ငါစကားပြောနိုင်ပါတယ်။ နင်ထပ်ထွက်ပြေးသွားမှာကြောက်လို့ငါနင့်ကိုမုသားသုံးမိတာပါ။ အခုတော့….အခုတော့…ဘယ်လောက်မှအတူမနေလိုက်ရဘူး။ ကောင်လေးကိုကျွန်မလက်ထဲကနေအတင်းဆွဲခေါ်သွားကြတယ်။ ဘာဖြစ်လို့လောကကြီးကကျွန်မတို့နှစ်ယောက်ကိုပဲရွေးပြီးကံဆိုးစေရတာလဲ။ ကောင်လေးရယ်..ကြားလား..ကောင်လေးရယ်…ထကြည့်ပါဦး….ငါလေ….ငါ…..”
“ကောင်လေး!!!!!…………….
.”

ထုံးဖြူဖြူသုတ်ထားတဲ့အုတ်ဂူရှေ့မှာကောင်မလေးရပ်နေတယ်။ လက်ထဲမှာလည်းပန်းစည်းတစ်စည်းနဲ့။ အဆက်မပြတ်ဒလဟောကျနေတဲ့မျက်ရည်တွေကိုတော့သုတ်မနေတော့ပါဘူး။
ရုတ်တရက်အုတ်ဂူဘေးနားလေးမှာ အုတ်ခဲနဲ့ဖိထားတဲ့စာတစ်စောင်ကို
ကောင်မလေးတွေသွားတယ်။ စာအိတ်ပေါ်မှာရေးထားတာကတော့ “မကောင်မလေး ဖတ်ရန်” တဲ့။
သိချင်စိတ်နဲ့စာအိတ်ကိုဖောက်လို
က်တယ်။
“မကောင်မလေး
ကျွန်တော်ကကိုကောင်လေးရဲ့သူငယ်
ချင်းပါ။ ကိုကောင်လေးနဲ့မကောင်မလေးအကြောင်းကိုအကုန်သိပါတယ်။ မကောင်မလေးမသိတာတွေတောင်မှကျွန်တော်သိပါတယ်။ ကိုကောင်လေးကသူသေမှမကောင်မလေးကိုဒီကိစ္စတွေပြောပါလို့ကျွန်တော့ကိုတောင်းဆိုထားပါတယ်။ အခုတော့မကောင်မလေးကိုကျွန်တော်သိထားသမျှပြောပြပါ့မယ်။ တကယ်တော့မကောင်မလေးတို့မိသားစုအဆင်မပြေတုန်းက မကောင်မလေးကိုထောက်ပံ့ကြေးပေးခဲ့တဲ့သူဟာတစ်ခြားသူမဟုတ်ပါဘူး။ ကိုကောင်လေးပါပဲ။ သူစက်ရုံမှာပင်ပင်ပန်းပန်းလုပ်ပြီးရသမျှငွေကိုခြစ်ကုတ်စုဆောင်းပြီး မကောင်မလေးဆီပို့ပေးခဲ့တာပါ။ နောက်တော့သူနည်းနည်းအဆင်ပြေလာပါတယ်။ ကြိုးစားမှုကြောင့်ချောင်လည်လာပါတယ်။ ပထမတော့မကောင်မလေးကိုတသက်လုံးအတွေ့မခံတော့ဘူးလို့တောင်လုပ်နေတာပါ။ နောက်မကောင်မလေးဆေးရုံတက်တဲ့သတင်းကြားတော့မနေနိုင်ဘဲ မကောင်မလေးနဲ့သွားတွေ့ပါတယ်။ အမှန်တော့အဲဒီနေ့ကသူလည်ချောင်းခွဲစိတ်ပြီးတဲ့နေ့ပါ။ သူစကားမပြောတတ်တာကိုအသံပြန်ထွက်အောင်ဆိုပြီးခွဲစိတ်တာပါ။ သူစကားပြောနိုင်ပါတယ်ဗျာ…ခွဲစိတ်ပြီးတော့ပြောနိုင်သွားပါတယ်။ ဒါပေမယ့်မကောင်မလေးအသံပျောက်မယ်ဆိုတာသိသွားတော့သူအရင်အတိုင်းဟန်ဆောင်လိုက်တာပါ။ ကိုကောင်လေးရဲ့မကောင်မလေးအပေါ်ထားတဲ့မေတ္တာကကြီးလွန်းလှပါတယ်။ ကျွန်တော်တော့ခင်ဗျားတို့နှစ်ယောက်ရဲ့အဖြစ်ကိုသိရတော့ရင်နာလိုက်တာဗျာ…..”


ထိုနေ့ညကားလကွယ်ည……..။
တစ်ရွာလုံးတိတ်ဆိတ်နေသည်။ သို့သော် မှောင်မိုက်နေသောညတွင် စာတစ်စောင်ပိုက်ကာအသည်းအသန်ငိုေ
ကြွးနေသောကောင်မလေးကိုတော့ ကံကြမ္မာတရားကဥပေက္ခာပြုလျက်…..………………….။

Advertisements

2 responses to “လျှို့ဝှက်ချက်

  1. အဲ့လို ကံကြမာ လိုချင်ပါဝူးးးးးးးးးးးးးးးး

    မဆုံစည်းရတာလောက် ရက်ရက်စက်စက် ခံစားရတာရှိဝူးးးးးးးးးး

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s