တကယ်လို့……..


ခင်မင်တဲ့လူကိုပဲဖြစ်ဖြစ်
ချစ်တဲ့လူကိုပဲဖြစ်ဖြစ်
ကိုယ်နဲ့ပတ်သတ်တဲ့သူတိုင်းကို
ကိုယ့်ကြောင့်ပျော်ရွှင်ပါစေတဲ့
ကိုယ်နဲ့အတူရှိနေတုန်းမှာ
ကိုယ့်ဘက်က ဖြူဖြူစင်စင် ပေးဆပ်ခဲ့ရင်
တစ်ချိန်မှာခွဲခွာရရင်တောင်
ကိုယ့်လိပ်ပြာကိုယ်လုံတယ်။
ကိုယ့်ကိုအတွေးထဲတစ်ချက်ရောက်လာရင်တောင်
ကိုယ့်ကြောင့်နာကျည်းနေရတာမျိုး
မဖြစ်စေချင်ဘူး
ဘယ်သူ့ကိုမှ စိတ်ညစ်အောင်မလုပ်ပါနဲ့
ကံကြမ္မာဆိုတာ သူ့ဘာသာဖန်တီးလာလိမ့်မယ်

Leave a comment