HAPPY BIRTHDAY .. MY DEAR !!!


On your birthday, I wish you absolute contentment, pleasure and delight
I hope all of your dreams and desires come true
May each hour and minute be filled with enchantment
And your birthday is full of merriment!
Hope exquisite surprises come your way
To make your Birthday a magnificent day
Smiles and amusement, pleasure and applause
Fresh contentment that stays throughout the year
Hope your birthday brings all these and more
Filling life with surprise and joys in abundance!
So on this very unique and special day
I would like to say to you
I hope you always come across pleasure
No matter what you do
A new candle on your cake each year,
Well there’s no need to show displeasure
Be delighted that you have adequate potency
To blow all the candles out!
Wishing you your happiest birthday yet
A birthday too extraordinary to ever leave your mind
So many wishes and smiles
Special birthday prayers and wishes
Have a happy birthday
I hope that all of your birthday wishes come true
May you have a great time today and find happiness
In everything you do.
Happy Birthday form the heart
With Love and best Wishes,

Advertisements

ထာဝရသံစဉ်


ကျွန်ုပ် နဲ့ငြိမ်း စခင်ခဲ့တာ ပလန်းနက်ဖိုရမ်မှာပေါ့။ လွမ်းသူ့အိပ်မက် ဆိုတဲ့နာမည်နဲ့ ဖိုရမ်မှာ ရေးနေတဲ့ ငြိမ်းက ကျွန်ုပ်ထက် စီနီယာကျပါတယ်။ ပေါတဲ့နေရာမှပေါ့။ ကျွန်ုပ် စင်္ကာပူရောက်မှ သူ့ကိုတွေ့ဖူးတာပေါ့။ အဲဒီနောက်ပိုင်း စင်္ကာပူမှာမှ ပလန်းနက်ဖိုရမ်မာ တွေဖြစ်တဲ့ ကိုရွှေပုလိပ်၊ ပိစိ၊ ဂျူနိုအေး၊ ဟိုရှိ တို့နဲ့ ကျွန်ုပ်အပါအ၀င် စလိုက်နောက်လိုက် စားလိုက်သောက်လိုက်နဲ့ ပျော်ပျော်ပါးနေလာခဲ့တာ အတော်ကြာခဲ့ပြီပေါ့။ ကျွန်ုပ်ကို အိမ်ခေါ်ပြီး ဘဲသားပေါင်းကျွေးဖူးတဲ့ ငြိမ်း ခုဆိုရင် မင်္ဂလာဆောင်လို့ မိသားစုဘ၀ကို တည်ဆောက်ကာစပေါ့။ မကြာခင်မှာလဲ သူတို့အိမ်မှာ ဆည်းလည်းသံလေးလည်းကြားရတော့မယ်။ ကျွန်ုပ်တို့တွေ နာမည်ပေးထားတဲ့ ဖြိုးမောင်ငြိမ်း မိသားစုးအတွက် အမှတ်တရ ရေးပေးလိုက်တာတပါ။

ကိုဖြိုးမောင် နှင့် မခင်ချိုသက် (ငြိမ်း)  တို့ သေတပန်သက်တဆုံး ပျော်ရွှင်သော ဘ၀အိမ်လေးကို တည်ဆောက်ပြီး အမျိုးဘာသာ၊ သာသနာအကျိုးသယ်ပိုးနိုင်ပါစေလို့ ဆုမွန်တောင်းပေးလိုက်ပါတယ်။

ရင်ခွင်ကြားက ပေါက်ဖွားလာတဲ့
သံယောဇဉ် မြစ်တစ်စင်းကြောင့်
ကိုယ်တို့အချင်းချင်း နှီးနှောဖလှယ်
ချစ်ခြင်းတွေနွယ်ခဲ့ကြတယ်။
အတိတ်မြစ်ဖျားကနေ အခြေခံပြီး
အနာဂတ်ပင်လယ်ထဲ စီးမျောဖို့
လက်ဖ၀ါးတွေ စုံထပ်
တို့ဘ၀တွေ ပုံအပ်လိုက်ပြီ။

ထိပ်ထားရေ
ထပ်ထားတဲ့ လက်ဖ၀ါးတွေ ဆုပ်ကိုင်
ပန်းတိုင်ဆီ အတူတူ သွားကြရအောင် ထိပ်ထားရေ
ပွင့်ဖူးတဲ့အနမ်းတွေကို မဏ္ဍိုင်ထား
အနာဂတ်ဆီ အတူသွားရအောင်။

ကျယ်ပြောတဲ့ မြက်ခင်းပြင်တွေဆီရောက်ဖို့
ချိုင့်ဝှမ်းတွေ ဘယ်လိုများများ
သစ္စာတရားနဲ့ ယုံကြည်မှု့ နှလုံးသားတစ်စုံ
တို့တွေ ရင်ခုန်သံ အပြည့်နဲ့ပေါ့။

+++++++++++++++++++++++++++++++++
ဖြိုးမောင်ငြိမ်းတို့အတွက် မင်္ဂလာလက်ဆောင်အမှတ်တရပေါ့ဗျာ…..

(ကဗျာရေးသူကတော့ ကိုဝင်းထိုက်ဖြစ်ပါကြောင်း…..)

What is…


Life is a moment to space only very short period.
We meet,
We know,
We love ,
Finally we apart .
Not only nothing to bring to the world,
But also everything leaves behind on the earth.
I couldn’t know where do I’m from and I can’t predict where do I’ll go……..
I know what I can do is trying to know myself.
If I know one fourth of myself, I can satisfy my life.

မငိုပါနဲ့ ဧရာဝတီ


သူတို့ဟာ… ကမ္ဘာပေါ်မှာ တတိယအရှည်ဆုံးနဲ့ အာရှမှာ အရှည်ဆုံးမြစ်ဖြစ်တဲ့ ယန်စီ ဆိုတဲ့မြစ်ကြီးကို ပိုင်ဆိုင်ထားခဲ့တယ်။ အဲသလို ရှည်လျားလှပတဲ့ ကမ္ဘာ့အံ့ဖွယ် ယန်စီမြစ်ကြီးဟာဆိုရင် ယဉ်ကျေးမှုတွေ အမျိုးမျိုးကို တည်ဆောက်ခဲ့တဲ့ မြစ်ကြီးတစ်စင်း ဖြစ်တယ်။ သူတို့ဟာ… အဲဒီမြစ်ကြီးကို တိမ်ကော၊ ပျက်စီး၊ ပတ်ဝန်းကျင်သဘာဝတရားကြီးတစ်ခုလုံးကို မှောက်လှန်ဖျက်ဆီးလိုက်ခြင်းအားဖြင့် လူတွေသာမက ကျွဲနွားတိရစ္ဆာန်တွေပါ ဒုက္ခရောက်စေခဲ့တယ်။ အခုဆိုရင်.. ယန်စီမြစ်ကြီးဟာ.. ပျောက်ကွယ်သွားတော့မယ့် ကမ္ဘာ့အထင်ရှားဆုံး သဘာဝသယံဇာတ ၁၀ ခုထဲမှာ တစ်ခုပါနေပြီ။ နောက်နှစ်အနည်းငယ်မှာ.. ယန်စီဆိုတာ တရုတ်လူမျိုးတွေရဲ့ ဒဏ္ဍာရီနဂါးကြီးတွေလို.. ရှေးဟောင်းစာပေ ကျမ်းဂန်တွေထဲမှာပဲ ရှင်သန်အသက်ဝင် လှုပ်ရှားတော့မယ်ထင်ရဲ့။

ဒီမြစ်ကြီးတင်လား ဆိုတော့ မဟုတ်သေးဘူး၊ သူတို့ပိုင်ဆိုင်တဲ့ အခြား အခရာမြစ်ကြီး ခုနှစ်စင်းဖြစ်တဲ့ အ၀ါရောင်မြစ်(Yellow River)၊ ပုလဲမြစ် ( Pearl River),  Songhua River, Huai River, Hai River နဲ့ Liao River တွေကိုလည်း ဖျက်ဆီးပစ်ခဲ့တယ်။  ဖျက်ဆီးခံရတဲ့ မြစ်တွေကြောင့် သူတို့တိုင်းပြည်အနှံ့မှာ မိုးခေါင်ရေရှား ရပ်ဝန်းတွေ ပေါ်တယ်၊ ရေတွေကြီးတယ်၊ လူတွေသာမက တိရစ္ဆာန်တွေပါ ဒုက္ခအမျိုးမျိုးရောက်နေတယ်။

ခြောက်သွေ့နေတဲ့ မြစ်ကမ်းပါးတွေပေါ်မှာ ငုတ်တုပ် အသက်ပျောက်ကြရတဲ့ တိရစ္ဆာန်တွေ

ရေမလွှတ်တာကြာတဲ့ မြစ်တွေဟာ ကျဉ်းသွားတယ်၊ တိမ်သွားတတ်တယ်။ နေရောင်အောက်မှာ အရှင်လတ်လတ် အကြာကြီးနေဖုတ် ခံရတဲ့ ကမ်းပါးတွေဟာ မာခဲသွားတော့တယ်။ အဲသလို မာခဲသွားတဲ့အတွက်… ရေလွှတ်တဲ့အခါ မိုးရွာတဲ့အခါတွေမှာ.. ကမ်းပါးမြေဟာ ရေကိုမစုပ်နိုင်တော့ဘူး။ ရေကို မစုပ် နိုင်တဲ့အတွက် မြစ်တွေရေလျှံတယ်။ လူတွေ ဒုက္ခရောက်ကြတယ်။ မြစ်ရေလျှံခြင်း၊ မြစ်ရေခမ်းခြောက်ခြင်း စတဲ့ ဘေးထွက်ဆိုးကျိုးတွေ ခံစားရလို့… သူတို့လူတွေ ဒုက္ခရောက်တဲ့အခါမှာ..  အနည်းငယ်အမြင်မှန် ရသယောင်ဖြစ်လာတယ်။ ယန်စီမြစ်ကို အသက်ပြန်သွင်းဖို့ အစွမ်းကုန် ကြိုးစားတယ်။

ဒါပေမယ့် ….

ဒါပေမယ့် …… အချိန် မမှီတော့ဘူး။

ယန်စီဟာ ကွန်မြူနစ်ပါတီရဲ့ တရုတ်ပြည်ကို စီးပွားရေးမြှင့်တင်လိုမှုလုပ်ရပ်ဖြစ်တဲ့ မီတာ ၂၅၀၀ကျော်ရှည်တဲ့ ရေကာတာကြီးကြောင့်၊ အရှင်လတ်လတ် သွေးကြောဖောက်၊ သွေးစုတ်ခံနေရရင်း ခြေတော်အတင်ခံနေခဲ့ရတယ်။ ယန်ဆီရေကာတာကြောင့် ခဏတာ အကျိုးအမြတ်ရခဲ့ပေမယ့် နောက်ပိုင်း ဒုက္ခလှလှတွေ့တဲ့ အခါမှာ ဘီလျှံပေါင်း ၂.၃ ဘီလျှံ ဆုံးရှုံးခဲ့တယ်။ လူပေါင်း လေးသန်းကျော်၊ ကျွဲနွားကောင်ရေ ၂သန်းနီးပါးနဲ့ လယ်မြေအေက ၉ သန်းကျော် ဒုက္ခအကြီးအကျယ် ရောက်ခဲ့ပါတယ်။ ယန်စီရေကာတာကြီးရဲ့ သက်တမ်းဟာ အနှစ်တစ်ရာကနေ သုံးရာလို့ ခန့်မှန်းထားတယ်။ ယန်စီရေကာတာ သက်တမ်းကုန်ဆုံးသွားမယ့်နေမှာ…  ယန်စီမြစ်ဟာလည်း တစ်ပါတည်း အစတေးခံရမှာ ဖြစ်ပါတယ်။ ယန်စီမြစ်တစ်လျှောက်က biodiversity တစ်ခုလုံးလည်း ပျောက်ဆုံးသွားတော့မှာ ဖြစ်ပါတယ်။

ဆန့်ငင်ဆန့်ငင်နဲ့ အသက်ငင်နေခဲ့ပြီး နောက်ဆုံးတော့ ဇီဝိန်ချုပ်ငြိမ်းသွားပြီဖြစ်တဲ့ ရှန်ဆီနယ်မြေထဲက လန်မြစ်

သူတို့တွေဟာ concrete junk တွေဖြစ်တဲ့ မိုးမျှော်တိုက်ကြီးတွေ၊ လမ်းမကြီးတွေဟာ တိုးတက်တဲ့ အရိပ်အရောင်တွေအဖြစ်နဲ့ ကျေနပ်နေကြတယ်။ သဘာဝတရားရဲ့ အလှအပတွေကိုတော့ မတိုးတက်ခြင်းနဲ့ တောဆန်ခြင်းလို့ လွဲမှားစွာ (ဒါမှမဟုတ်) သိသိနဲ့ ခေါင်းမာစွာ.. ယူဆနေကြတယ်။ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ တိုင်းပြည်ထဲမှာ ရေကာတာအများဆုံးတိုင်းပြည်အဖြစ်နဲ့ ကိုယ့်မျက်နှာက မျက်လုံးကို ဖောက်ထုတ်နေတဲ့ တိုင်းပြည်ဖြစ်နေပြီလို့ ၀ိုင်းသတိပေးတာကို သူတို့ နားမထောင်ခဲ့ဘူး။ သူတို့တွေဆောက်တဲ့ ရေကာတာကြောင့် လူပေါင်း သုံးသောင်း သေဆုံးခဲ့ပြီးပြီ။ မိုးမျှော်တိုက်ကြီးတွေဘေးက ခမ်းခြောက်တိမ်ကောနေတဲ့ မြစ်တွေ ရေချိုကန်တွေ၊ မြေတွေကျွံလို့ နစ်ဝင်သွားတဲ့ မြို့ကြီးတွေ၊ အက်စစ်ရေတွေ၊ ပျောက်ဆုံးသွားတဲ့ ရှားပါးတိရစ္ဆာန်တွေဟာ.. တိုးတက်ခြင်းရဲ့ ပြယုဒ်တွေတဲ့လား….။

ရေတွေခမ်းသွားလို့ မြေပက်ကြားအက်တွေဖြစ်၊ မြေတွေဟာ ရေတိုက်စားခြင်းခံရ၊ စပါးစိုက်စရာမြေမရှိ… အက်စစ်ရေတွေထဲမှာလည်း ဘယ်ငါးမှ မရှိလို့ ကြံရာမရဖြစ်နေရှာတဲ့ ယန်စီမြစ်ကမ်းနဖူးပေါ်က တံငါသည် တစ်ဦး
တရုတ်ပြည် Jiangxi ပြည်နယ်က စိမ်းစိုခဲ့တဲ့ Poyang ရေကန်ထဲကို ရေတွေ မ၀င်တော့လို့ ပက်ကြားအက်နေတဲ့ မြေပြင်ပေါ်မှာ ငေးမောနေတဲ့ လူတစ်ယောက်။ November 26, 2010.- The water level of the largest freshwater lake in China has fallen to dangerous limits due to severe droughts since this summer.

ယန်စီမြစ်ရေခမ်းခြင်းဟာ အနီးအနားပတ်ဝန်းကျင်က မြစ်စွယ်ပေါင်း ၃၀၀ နီးပါးနဲ့ ရေကန် ၂၆၆ ကန်ကိုလည်း ဒိုမီနိုeffect လို ဆက်ဆက်ပြီး ခမ်းခြောက်စေပါတယ်။

၂၀၀ဂ ခုနှစ်မှာ လှုပ်သွားတဲ့ ငလျှင်ကြီးဟာ Zipingpu Damကြောင့်ဖြစ်ရတာလို့ပြောနေတဲ့ သိပံ္ပပညာရှင်တွေရဲ့ စကားတွေကို နားပိတ်ထားကြတယ်။ ဘရာဇီး၊ ကနေဒါနဲ့ အမေရိကန်နိုင်ငံတွေမှာတောင် သမိုင်းတစ်လျှောက်လုံး ၇၅GW မှ ၈၅GW ရေပါဝါထုတ်တဲ့ အချိန်မှာ တရုတ်ပြည်ကတော့ လာမယ့် ငါးနှစ်အတွင်းမှာ ၁၄၀GW ထပ်ထုတ်ပါဦးမယ်။

ဒီလို… တိုးတက်ခြင်းတွေရဲ့နောက်မှာ ပေးဆပ်မှုတွေ ဘယ်လောက်ရှိသလဲ…. ဘယ်လောက်ဆက်ရှိလာမလဲ…. ဆိုတာကို မစဉ်းစား နိုင်ကြလောက်အောင် လောဘတွေ ယှဉ်ပြိုင်လိုမှုတွေနဲ့.. အမိုက်မှောင်ဖုံးနေခဲ့တယ်။

ခြောက်သွေ့နေပြီဖြစ်တဲ့ Hubei ပြည်နယ်ထဲက Honghu ရေကန်ထဲမှာ သေဆုံးနေတဲ့ ငါးတွေပါ။ (May 20, 2011) The Yangtze River, China’s longest, has been plagued by a severe drought, with the lowest level of rainfall this year since 1961, an official with the river’s flood control and drought relief headquarters said Monday, Xinhua News Agency reported. Picture taken May 20, 2011. REUTERS/Stringer (CHINA – Tags: ENVIRONMENT ANIMALS)
တရုတ်ပြည်အရှေ့ဘက်ပိုင်း ၊ Jiangxi ပြည်နယ်က Poyang ကန် ဟာ တရုတ်ပြည်ရဲ့အကြီးဆုံး ရေ၀င်/ရေထွက်ကန်ကြီးပါ။ အခုဆိုရင် ကန်ထဲမှာ ရေဟာ ၁၀ပုံ ၁ပုံပဲ ကျန်ပါတော့တယ်။ မကြာခင်မှာ တရုတ်ပြည်ရဲ့ အကြီးဆုံး ဒီရေကန်ကြီးဟာ ဒဏ္ဍာရီ စာရင်းထဲ ၀င်တော့မှာ ဖြစ်ပါတယ်။
တရုပ်ပြည်အလယ်ပိုင်း Hubei ပြည်နယ်ရဲ့ Hanjiang မြစ်ကမ်းပါးပေါ်မှာ ရေရှာမရတော့လို့ သေဆုံးရတဲ့ သတ္တ၀ါတွေများစွာထဲက တစ်ကောင် (May 19, 2011) Hanjiang မြစ်လက်တက်ဟာ ယန်စီရဲ့ မြောက်မြားလှစွာသော ခမ်းခြောက်မြစ်လက်တက်ထဲက တစ်ခုဖြစ်ပါတယ်။ [Photo/Xinhua]
သူတို့ ယန်စီကို အားပါးတရ ခြေတော်တင်ပြီးပြီ။ ယန်စီတင်မက သူတို့တိုင်းပြည်ထဲက အခရာမြစ်ကြီး ခြောက်မြစ်ကိုလည်း ခြေတော်တင်ခဲ့ပြီးပြီ။ သူတို့ပြည်ထဲက ရှိသမျှ မြစ်တွေကို ခြေတော်တင်လို့ အားရတော့….. သူတို့ရဲ့ စီးပွားရေး ယန္တရားတွေ ဆက်လက်လည်ပတ်ဖို့အတွက်.. concrete junk ကြီးတွေကို လျှပ်စစ်ပေးဖို့.. အသွေးအသားစုတ်ထုတ်ဖို့ မြစ်မကြီးတွေကို တွေ့လိုတွေ့ငြား.. ပတ်ဝန်းကျင်ကို လှည့်လည်ကြည့်လိုက်တယ်။သူတို့ တွေ့သွားတယ်။တိုင်းပြည်သေးသေးလေးတစ်ခုထဲက မြစ်တစ်စင်းဖြစ်တဲ့ ဧရာဝတီ ကို သူတို့ တွေ့သွားတယ်။ အဲဒီတိုင်းပြည်ဟာ ဟိုးတုန်းကပေါ့.. လျှမ်းလျှမ်းတောက် ဆန်ရေစပါးတွေ ထွက်ခဲ့လို့ ဘေးပတ်ဝန်းကျင်က နိုင်ငံတွေကတောင် အားကျမျှော်ကိုးခဲ့ရတဲ့ တိုင်းပြည်။ အဲသလို.. ဆန်ရေစပါးတွေ ပြောင်းပဲသီးနှံတွေ အလျှံပယ်ထွက်အောင် ဓာတ်သတ္တိအမျိုးမျိုးကို တစ်ပြည်လုံးနှံ့အောင် သယ်ဆောင်ပေးနေတဲ့ ဧရာဝတီ ဆိုတဲ့ သွေးကြောမကြီးကို ဖောက်ထုတ်ပြီး တစိမ့်စိမ့်ယိုစီးလာမယ့် သွေးတွေကို စိမ်ပြေနပြေသောက်ချင်လွန်းလို့ သူတို့တွေဟာ…. သွားရေတများများနဲ့ ထိန်းမနိုင်သိမ်းမရ ဖြစ်နေခဲ့တာ ကြာပါပြီ။

ဧရာဝတီ ရဲ့ မျိုးပြုန်းလုနီး လင်းပိုင်များ

သူတို့ဟာ..  ဧရာဝတီ ကို ခြေတော်တင်ဖို့   ပြုံးပြုံးကြီး ရှုစားနေကြပြီ။ ကျေနပ်လွန်းလို့ အော်ဟစ်ရယ်မောနေသံတွေဟာ မကောင်းဆိုးဝါးတွေရဲ့ ရယ်သံတွေလိုပဲ  မေခ၊ မေလိခ တောင်နံရံတွေပေါ်မှာ ပဲ့တင်ထပ် ရိုက်ခတ်နေကြတယ်…..အဲဒီတိုင်းပြည်ကလေးဟာ …အတွေးအခေါ်… ယဉ်ကျေးမှု တစ်ဖြည်းဖြည်း ၀ါးမျိုခံနေရတယ်……အဲသလို… အမျိုခံနေရတန်းလန်းမှာတောင် မျိုနေတဲ့ သူတွေကို အထင်ကြီးစွာ မော့ကြည့်နေရရှာတယ်။

အဲဒီတိုင်းပြည်ကလေးဟာ….

အရှင်လတ်လတ် ဂုတ်သွေးစုတ်ခံနေရတယ်…

ဂုတ်ကို သွေးစုတ်ခံနေရတာတောင်…  သွေးသံရဲရဲ သွားစွယ်ကြီးတွေကို မော့ငေးရင်း..

“တော်လိုက်တဲ့ စီးပွားရေးသမားတွေ”ဆိုပြီး တဖွဖွ ချီးကျူးနေလိုက်ကြသေးတယ်။

သူတို့ဟာ…တိုင်းပြည်ကို စိမ်ပြေနပြေ မျိုလို့ အားမရတော့…

တိုင်းပြည်ရဲ့ သွေးကြောမကြီးကိုဖြတ်တောက်..  အစိမ်းလိုက် သောက်..

အောင်သေအောင်သား စားကြတော့မယ်။

ဒါကို…. လည်စင်းခံပေးရင်း

ကျေကျေနပ်နပ်ကြီးနဲ့ … သွေး အသောက်ခံနေကြသူတွေကို……

ဘယ်လို နားလည်ရမှာလဲ….

လူတွေဟာ… သဘာဝတရားကို အတင်းအဓ္ဒ္ဒမ လုယူတတ်ကြတယ်။

အဲသလို.. အလုယူခံရတဲ့ သဘာဝတရားဟာ တန်ပြန်တုံ့ပြန်တဲ့ အခါမှာ..

လူသားတွေပဲ  နစ်နာဆုံးရှုံးကြရတတ်ပါတယ်။

သူတို့တွေရဲ့ ဂုတ်သွေးစုတ်ခံနေရခြင်းမှ…. တိုင်းပြည်အုပ်ချုပ်မင်းလုပ်သူများ ရုန်းထွက်နိုင်ဖို့ …  ရှိရှိသမျှသောနတ်ကောင်းနတ်မြတ်များ စောင့်ရှောက်ပါစေတော့ .. လို့…..

ဧရာဝတီ ဟာ ငိုကြွေးရင်း တောင်းပန်နေပါတော့တယ်။

(( ကျမဟာ ဘူမိဗေဒပညာရှင်တစ်ယောက်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီစာကို မြန်မာပြည်သူတစ်ယောက်အနေနဲ့ စာတွေအများကြီးဖတ်ပြီးတဲ့နောက်… နှလုံးသားနဲ့ ရေးပါတယ်။ တရုတ်ပြည်မှာ သူတို့ဖျက်ဆီးစရာ မြစ်ချောင်းတွေအများကြီး ရှိပါတယ်။ ကျမတို့တိုင်းပြည်မှာ.. ဟိုဘက်ထိပ်ကနေ ဒီဘက်ထိပ်ကို စီးတာ.. ဒီမြစ်ကလေးပဲ … ရှိပါတယ်။

တစ်နေ့မှာ…
နောင်လာနောက်သားတွေဟာ..
ဒီနေရာမှာ…
ဧရာဝတီ ဆိုတဲ့ မြစ်ကြီးတစ်စင်း ရှိခဲ့ဖူးတယ်…
မြန်မာဆိုတဲ့ လူမျိုးတွေ နေခဲ့ဖူးတယ်…
ဆိုပြီး….
ဒဏ္ဍာရီဆန်ဆန် ပုံပြင်တွေ ပြောကြတော့မှာမျိုး မဖြစ်ပါစေနဲ့လို့ဘဲ …. ဆုတောင်းရတော့မလို ဖြစ်နေရပါပြီ ))

စာရေးလို့အပြီး..
ခေါင်းစဉ်တပ်လို့အပြီးမှာ..
မျက်ရည်ကျပါတယ် ဧရာဝတီ။

(အိမ့်ချမ်းမြေ့)

http://articlesofinterest-kelley.blogspot.com/2011/05/china-drought-affects-35-million-people.html
http://www.trust.org/alertnet/multimedia/pictures/detail.dot?mediaInode=48161642-795e-4b29-9800-566b78ca70a8
http://english.peopledaily.com.cn/90001/90776/90882/7397337.html
http://www.itsnature.org/sea/aquatic-mammals/irrawaddy-dolphin/
http://ipsnews.net/mekong/stories/dolphins.html

Happy Birthday My Soul ! ! !


Happy Birthday My Soul

Happy birthday !! Happy birthday !!
It’s your day, a special day
For a very special person and dear to me
That has always been the best of gifts
That god has sent to me

Happy birthday !! Happy birthday !!
On this day I’ll pray for the best
Of everything and for your wish to come true
For you, and for us till the rest
Of the days to come

Happy birthday !! Happy birthday !!
It’s the day to celebrate not alone but together
You and me may it be forever
All my love I’ll have to offer
On the special day for you who enter my soul !!

Happy Birthday ! ! ! မိုးထက်အိမ်


ဘလော့မရေးဖြစ်တာလဲ အတော်ကြာခဲ့ပြီ။ အလုပ်တစ်ဖက်၊ ကျောင်းတစ်ဖက်နဲ့ဆိုတော့ ဘလော့ဘက်ကို ခြေဦးမလှည့်နိုင်ခဲ့သလို့ သူငယ်ချင်းမိတ်ဆွေတွေရဲ့ ဘလော့ကိုတောင် အလည်မရောက်ခဲ့တာ အတော်ကြာခဲ့ပေါ့။ ဒီနေ့တော့ ရေးချင်စိတ်ကလေး ရှိနေတာရယ်၊ ရေးစရာ အကြောင်းတွေကလည်း ရှိနေတာရယ်၊ အားလပ်ချိန်လေးလည်းရှိနေတာနဲ့ ရေးချလိုက်တယ်။

ဒီလိုဗျ…

လူတိုင်းလူတိုင်းမှာ ကိုယ့်ခံယူချက်နဲ့ ကိုယ်တော့ရှိနေကြတာပဲ။ ကိုယ့်ယုံကြည်ချက်နဲ့ ခိုင်ခိုင်မာမာ ရပ်တည်နေကြာတာ။ ကိုယ့်ယုံကြည်ချက်နဲ့ ကိုယ်ရပ်တည်နေတာဟာ ဘယ်သူ့ကိုမှ ဆန့်ကျင်နေတာမဟုတ်ဘူး။

တရားမျှတတဲ့နည်းနဲ့ ကိုယ်ရသင့်ရထိုက်တဲ့ အခွင့်အရေးတစ်ခုကို ရဖို့ကြိုးစားတာ၊ ကိုယ်နဲ့ထိုက်တန်တဲ့ အခွင့်ရေးတစ်ခု ရထားတာကို ဆုံးရှုံးမသွားဖို့ တရားမျှတတဲ့နည်းနဲ့ ပြတ်ပြတ်သားသား ကာကွယ်ထိန်းသိမ်းတာဟာ သတ္တိရှိတာလို့ခေါ်တယ်။

သူများတွေ အထင်ကြီးခံရဖို့၊ သူများနှစ်သက်ဖို့၊ ကိုယ့်ခံယူချက်နဲ့ မကိုက်ညီတဲ့ အလုပ်တွေကို လုပ်ပေးနေရတာ၊ လုပ်ပြနေရတာဟာ ကိုယ့်အစွမ်းအစ၊ အရည်အချင်းတွေကို ကိုယ်ကိုယ်တိုင် အမြစ်ကနေတူဆွနေသလိုပါပဲ။

ကိုယ်က အရာရာကို သိနေတဲ့ ပညာရှိမဟုတ်ဘူး။ ပညာရှိတောင်မှ သူမသိတာတွေအများကြီး။ ဒါကြောင့် တစ်ချို့အကြောင်းအရာတွေ၊ အတွေးအခေါ်တွေဟာ အကုန်လုံး မှန်ကန်ချင်မှမှန်ကန်မယ်။ မှားချင်လဲ မှားနေမှာပဲ။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ကိုယ်ဥာဏ်ရှိသလောက် စဉ်းစားချင့်ချိန် တွေးတော ကြံစပြီးတော့ အကောင်းဆုံးကို ရွေးချယ်တတ်ဖို့တော့ လိုလိမ့်မယ်။

အဲဒီလိုမှ မလုပ်ပဲ၊ မှားမှာကြောက်နေတာတို့၊ ငါမှနားမလည်တာ၊ မသိသေးလို့ မလုပ်ဖူးဆိုပြီး ဆင်ခြေတွေနဲ့ မလုပ်ပဲနေမယ်။ ကိုယ်တိုင်မဆုံးဖြတ်ပဲ သူများဆုံးဖြတ်တာတွေကိုပဲ ခေါင်းငုံလက်ခံပြီး ကိုယ့်ဘ၀ကိုနေသွားမယ်ဆိုရင်တော့ လူဖြစ်ရှုံးတာပဲ။ သူများလည်းခေါင်းတစ်လုံး ကိုယ်လည်းပဲ ခေါင်းတစ်လုံး ဘယ်သူမှာမှ ထူးပြီး ခေါင်းနှစ်လုံးမရှိဘူး။

ဒါကြောင့် ငါတတ်နိုင်သလောက်လုပ်မယ်။ အကောင်းဆုံးကို ရွေးချယ်ပြီးလုပ်မယ်။ တစ်ကယ်လို့ မှားယွင်းခဲ့ရင် ငါလုပ်တာမှားသွားတယ်ဆိုကို ရဲရဲဝံ့ဝံ့လက်ခံပြီး ဒီအမှားထဲက သင်ခန်းစာကိုယူ နောင်ဒါမျိုးမဖြစ်အောင် ဘယ်လိုကြိုတင်ပြင်ဆင်ရမယ်၊ ရှောင်ရမယ်အကြောင်းအရာ၊ ဆောင်ရမယ့် အကြောင်းအရာတွေကို လေ့လာသင်ယူတတ်မယ်ဆိုရင်တော့ နောင်ဒါမျိုးကြုံလာရင် အမှားမဖြစ်နိုင်တော့ဘူးပေါ့။

ကိုယ့်ဘ၀ကို ကိုပီပီပြင်ပြင် နေထိုင်သွားဖို့၊ အဓိပ္ပယ်ရှိရှိနေသွားဖို့၊ ကိုယ့်ကိုကိုယ်ချစ်ဖို့ တန်းဖိုးထားနိုင်ဖို့ သူတစ်ပါးကိုလည်း ကိုယ်နဲ့ ထပ်တူ ချစ်နိုင်ဖို့ တန်ဖိုးထားနိုင်ဖို့၊ ကိုယ့်အကျိုးကို သေချာစနစ်တကျဆောင်ရွက်နိုင်ဖို့ သူတပါးအကျိုးကိုလည်း ထိထိရောက်ရောက်ဆောင်ရွက်နိုင်ဖို့ ဆိုတာတွေကို မမေ့ဖို့တော့ လိုအပ်တယ်။ ကိုယ့်အတွက်ကျတော့ လုပ်လိုက်တာ လုပ်လိုက်တာ အကောင်းဆုံးတွေချည်းပဲ၊ သူများအတွက်ကြတော့ ၀တ်ကျေတန်းကျေ လုပ်ပေးတာမျိုးတော့ မလုပ်သင့်ဘူး။ ကိုယ်တောင်မှ အကောင်းကြိုက်သေးတာပဲ။ သူတို့တတွေအတွက်လည်း အကောင်းဆုံးကို ပေးဆပ်လိုက်ပါ။ ကိုယ့်ဆီကို အကောင်းဆုံးတွေ ပြန်ရောက်လာမှာပဲ။ Give the world the best you have and the best will come back to you!!!

ဘာကိုမှ တန်ဖိုးမထားတဲ့သူ၊ ကိုယ်တန်ဖိုးထားတာကို ကိုယ်မယုံကြည်တဲ့သူဟာ ကျန်တဲ့ကောင်းတာတွေဟာ သူ့ဘ၀မှာ ဖြစ်လာနိုင်မှာမဟုတ်ဘူး။ ကိုယ်ဘ၀မှာ ကောင်းတာတွေ များများဖြစ်လာဖို့ ကိုယ်ကလည်း ကောင်းတာတွေပဲ တွေးတောလုပ်ကိုင်မယ်ဆိုရင်တော့ မသွေမလွဲ ကောင်းတာတွေက ကိုယ့်ဆီပြန်ရောက်လာမှာပေါ့။

ရေးချင်တာတွေ၊ စိတ်ထဲရှိတာတွေတော့ချရေးလိုက်ပြီ။ ဒီနေ့ နိုဝင်ဘာ ၂၈ ရက်မှာ ကျရောက်မယ့် သူငယ်ချင်း မိုးထက်အိမ်ရဲ့ မွေးနေ့လက်ဆောင် ပို့စ်လေးပါ။

သူငယ်ချင်းနဲ့ ယနေ့မွေးနေ့မှာသည် နောင်နှစ်ပေါင်းများစွာ ချစ်ခင်ရသော မိသားစုနှင့်အတူ ပျော်ရွှင်ချမ်းမြေ့စွာ နှင့် အမျိုးဘာသာ သာသနာအကျိုးကို ဆောင်ရွက်နိုင်သော အမျိုးကောင်းသမီးလေးဖြစ်ပြီး ချစ်ရသူနဲ့ ကွေကွင်းရခြင်း မချစ်မနှစ်သက်သူနဲ့ ပေါင်းဖော်ရခြင်း ဒုက္ခမှ ဝေးကွာပြီးသကာလ ခင်မင်ရင်းနှီးသော သူငယ်ချင်းများနှင့် ဘ၀တစ်လျှောက်လုံး မကွဲမကွာ အတူတကွ ဖြတ်ကျော်နိုင်ပါစေလို့ ကျွန်ုပ်တောင်းဆုချွေပေးလိုက်ပါတယ်ဗျာ။

ဇေယျလင်းထင်
၂၈.၁၁.၂၀၁၀ (၀၀း၀၀)

“ဧည့်သည်”


လာတုန်းကလည်း တစ်ယောက်တည်းနော့၊
လက်တွဲခေါ်ကာ အဖော်မပါဘူး
ဥစ္စာချည်းနှီး ကိုယ်ထီးတည်း။
ပြန်သွားတော့လည်း တစ်ယောက်တည်းနော့
လက်တွဲခေါ်ကာ အဖော်မပါဘူး
ဥစ္စာချည်းနှီး ကိုယ်ထီးတည်း။
လာပြီးတော့နား မသွားသေးခင် ချိန်လေးတွင်မှ
ဝန်းကျင်ခက်နွယ် – နှောင်ကြိုးသွယ်ကြ
ပြုံးရယ်မဲ့ငို – ချစ်မုန်းပိုကြ
မလိုဒေါသ – လိုလောဘနဲ့
ဘ၀ရိပ်မြုံ – ကကြိုးစုံခဲ့
ကံကုန်မိုးချုပ် – လက်တွဲဖြုတ်ကာ
သုတ်သုတ်ဆောလျင် – ခရီးနှင်သည်
တို့များ ‘ ဧည့်သည် ‘ ပါတကား။

မွေးနေ့ အမှတ်ရ